အပိုင်း(၄၆၀)

120 13 0
                                    

အပိုင်း(၄၆၀)

နောက်တစ်နေ့ မနက်ခင်း

ထျန်းနင်၏ ဆရာဝန်ကို စောင့်ကြည့်ရန် စေလွှတ်ထားသော သူလျှို တစ်ဦးက လုချယ်ကို အသိပေးလာသည်။ ဆရာဝန်က အလုပ်ချိန်အတွင်း အနီးအနားရှိ ကော်ဖီဆိုင်သို့ ခိုးကြောင်ခိုးဝှက် သွားပြီး တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေကြောင်း သတိပေးလာသည်။

အရာအားလုံး အဆင်ပြေ ချောမွေ့အောင် လုချယ်က သူကိုယ်တိုင် ဦးဆောင် ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့သည်။ သူက သာမန်ကားကို မောင်းကာ ကော်ဖီဆိုင် ရှိရာ သို့ ကားမောင်းထွက်လာပြီး ဆိုင်၏ဝင်ပေါက်ကို စောင့်ကြည့်နေခဲ့သည်။

အချိန်က တရွေ့ရွေ့ ကုန်ဆုံးလာခဲ့သော်လည်း ဆရာဝန် စောင့်မျှော်နေသူက ယခုထိတိုင် ရောက်မလာသေးပေ။ ပြတင်းပေါက် အပြင်ဘက်မှ တဆင့် လုချယ်က ဆရာဝန် ဖုန်းထုတ်လိုက်သည့် မြင်ကွင်းကို မြင်တွေ့သည်။ သူမက စိတ်ရှုပ်ထွေးနေသော မျက်နှာအမူအရာဖြင့် ဖုန်းကို အကြိမ်ကြိမ် ထုတ်ကြည့်နေသည်။

လုချယ်က ဆရာဝန်ကို စိတ်ဝင်တစား ဆက်လက် စောင့်ကြည့်နေသည်။ နောက်ဆုံးတော့ အပြာရောင် ပုံရိပ်လေး ပေါ်လာခဲ့သည်။

၎င်း၏ သရုပ်မှန်ကို သေချာ ကြည့်ရန် လုချယ်က သူ့နေကာမျက်မှန်ကို ချွတ်လိုက်ပြီး အနီးကပ် ကြည့်ရှုသည်။ ကော်ဖီဆိုင်ထဲ ဝင်ရောက်သွားပြီးနောက် ထိုလူက ဆရာဝန်လင်း၏ အရှေ့မှာ မထိုင်ခင် စိုးရိမ်တကြီး ဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ် ကြည့်ရှုသည်။

လုချယ်၏အကြည့်များ သုန်မှုန်သွားသည်။ ဤလူက ထျန်းနင်၏ အရှေ့ကို နောက်တစ်ကြိမ် ရောက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သို့သော်လည်း သူက ယခင်တိုင်း ယုတ်မာမြဲ ယုတ်မာနေသည်။

ထိုစဉ် ထျန်းနင်က သူမ၏ နေ့လည်ခင်း  ရုပ်ရှင်ရိုက်ကွင်း စတင်ခါစ အချိန် ဖြစ်သည်။ မို့ထင်က အပေါ်အင်္ကျီလေးကို ကိုင်ဆိုင်ကာ သူမ၏ဘေးနား မတ်တတ် ရပ်နေသည်။ သူမက မို့ထင် ကို လှမ်းကြည့်လိုက်စဉ် သူ့ဖုန်း မျက်နှာပြင်ပေါ်မှာ လုချယ်၏ ဖုန်းနံပါတ် ပေါ်နေခြင်းကို သတိထားမိသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Kde žijí příběhy. Začni objevovat