အပိုင်း(၄၄၂)

66 9 0
                                    

အပိုင်း(၄၄၂)

ထျန်းနင်၏နှုတ်မှ ယင်းစကားလုံး ထွက်သွားသည်နှင့် မီဒီယာသမားများ အုတ်အုတ်သဲသဲ ဖြစ်သွားသည်။

တချို့လူများက စက်ဆုပ်သော အကြည့်ကို ဖော်ပြနေစဉ် တချို့က မှင်တက်နေသည်။

အရာအားလုံးက ပိုင်ချိုးရှန့်၏အကြံအစည် ဖြစ်နေနိုင်သည်။ တစ်ဖက်တွင် ထျန်းနင်၏ အီကျူ နှင့် အိုင်ကျူက တခြားသူကို တိုက်ခိုက်ရန် ငွေပေးစေခိုင်းမည့် စရိုက်မဟုတ်ခဲ့ပေ။ ဤအချက်က သတင်းထောက်များ အချိန်အတော်ကြာအောင် စဉ်းစားရ ခက်ခဲနေသော မေးခွန်းဖြစ်သည်။

ထျန်းနင်က ဟိုက်ဟွေ့ဖျော်ဖြေရေးကို ပိုင်ဆိုင်သူ ဖြစ်သည်။ သူမက တစ်စုံတစ်ယောက်ကို သင်ခန်းစာ ပေးချင်လျှင် အများကြီး ကြိုးစားအားထုတ်နေစရာပင် မလိုအပ်ချေ။

မီဒီယာသမားများက ထျန်းနင်ကို တဖြည်းဖြည်းချင်း ယုံကြည်လက်ခံလာ၍ ပိုင်ချိုးရှန့်က ထျန်းနင်ကို လက်ညိုးထိုးကာ အော်ပြောသည်။
"မင်းလောက် အရှက်မဲ့တဲ့ မိန်းမမျိုး မတွေ့ဖူးဘူး။ မင်းရဲ့ပြစ်မှုကို ဖုံးကွယ်ချင်လို့ အပြစ်မဲ့တဲ့သူတွေကို အပြစ်ပုံချချင်တယ်"

"ငါနဲ့ ဂူရှန်ကို ချစ်သူတွေလို့ မင်း စွပ်စွဲတယ်နော်။ ဒါပေမဲ့ ငါတို့နှစ်ယောက် အတူတူ ရှိနေတာကို မြင်တဲ့သူ ရှိလား"

"ဂူရှန် နဲ့ ငါက ရင်းနှီးရုံ အဆင့်ပဲ။ ငါတို့ကို မှားယွင်း မစွပ်စွဲနဲ့။ စောစောစီးစီး မင်းရဲ့အမှားကို ဝန်ခံလိုက်ရင် ကောင်းမယ်"

"ရင်းနှီးရုံပဲလား။ သေချာလို့လား"
ထျန်းနင်က နက်နဲသောဟန်ပန် အမူအရာဖြင့် မေးမြန်းခဲ့သည်။ သူမ၏ ယုံကြည်မှုက ပိုင်ချိုးရှန့်ကို ကျောရိုးထဲအထိ စိမ့်နေအောင်် တုန်ရီသွားစေသည်။

သို့သော်လည်း သူက ဤအခြေအနေအထိ ရောက်လာ၍ နောက်ပြန်ဆုတ်၍ မရပေ။

"မင်းမှာ သက်သေရှိရင် ပြလိုက်လေ"

ထျန်းနင်က မီဒီယာကို မျက်နှာချင်း မဆိုင်ခင် သူ့ကို သုံးစက္ကန့်မျှ ငေးစိုက်ကြည့်လိုက်သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now