Ep 259+260+261

133 12 0
                                    

အပိုင်း(၂၅၉)

ချစ်ဇနီးလေး

 
 
 
လုံကျဲက ထျန်းနင်၏ပွဲတက် ဝတ်စုံလေးကို ပထမဆုံး မြင်တွေ့ခွင့်ရသူဖြစ်သည်။ သေတ္တာလေးကို ဖွင့်ဖွင့်ချင်း မြင်လိုက်ရသော မြင်ကွင်းကြောင့် ပါးစပ်အဟောင်းသား ဖြစ်သွားသည်။
ပွဲတက်ဝတ်စုံလေးအကြောင်း စပ်စုကြည့်ရန် အွန်လိုင်းပေါ်တက်ပြီး ဝတ်စုံတန်ကြေးကို ရှာကြည့်သည်။
မရေတွက်နိုင်အောင် များပြားသော သုညလေးများကိုကြည့်ပြီး အံ့ဩတုန်လှုပ်စိတ်ကြောင့် မြေကြီးပေါ် လဲကျသွားသည်။
"ထျန်းနင်၊ ဒီ ဒီ ဝတ်စုံက Catherine walker ရဲ့ အရည်အသွေးအကောင်းဆုံး ဒီဇိုင်းပဲ။ ဒီဝတ်စုံက တစ်ကမ္ဘာလုံးမှာ တစ်ထည်ပဲ ရှိတယ်။ ဗြိတိန်တော်ဝင်မိသားစုတွေ ဝတ်လေ့ရှိတဲ့ တံဆိပ်ပဲ"
လုံကျဲက သေတ္တာလေးကို ဂရုတစိုက် အောက်ချလိုက်သည်။ ဝတ်စုံမှာ သုံးစွဲထားသော အပ်ချည်ကြိုးမျှင်လေး တစ်မျှင်က သာမန်လူတစ်ယောက်၏ တစ်နှစ်ဝင်ငွေနှင့် ညီမျှမှု ရှိသည်။
သေတ္တာထဲမှာ ကတ်လေး တစ်ကတ်လည်း ရှိနေသေးသည်။
"အချစ်ရဆုံး ချစ်ဇနီးလေးအတွက်"
"ဒါ ဒါကို သူဌေးကြီး ဝယ်ခဲ့တာလား"
လုံကျဲ မူးမေ့လဲချင်လာသည်။ သူဌေးကြီးက ဇနီးသည်ကို အလိုလိုက်လွန်းသော လက်ဖွာသောခင်ပွန်းသည် ဖြစ်နေသည်။ ဟိုက်ဟွေ့၏အနာဂတ်ကို ရင်လေးမိပါရဲ့။
ကျော်ကြားသော အနုပညာရှင်များက အနီရောင်ကော်ဇောခင်းသော ပွဲအခမ်းနားများတွင် ဇိမ်ခံပစ္စည်း အမှတ်တံဆိပ်များကို ဝတ်ဆင်လေ့ရှိသော်လည်း အများစုက ၎င်းကုန်ပစ္စည်း အမှတ်တံဆိပ်များ၏ ပြောရေဆိုးခွင့် ရှိသူများ ဖြစ်နေ၍ သူတို့ အဝတ်အစားများကို ကြော်ငြာပေးခြင်း ဖြစ်သည်။
ယခုလို ဒေါ်လာသန်းချီတန်သော ဝတ်စုံကို ဝတ်ဆင်နိုင်သော အနုပညာရှင်က နည်းပါးလွန်းသည်။ ထို့ကြောင့်လည်း လုံကျဲ အံ့ဩမိခြင်း ဖြစ်သည်။
ထျန်းနင်က မိတ်ကပ်ပြင်ဆင်သော နေရာမှ ထကာ လုံကျဲအနား လမ်းလျှောက်သွားသည်။ ထို့နောက် သေတ္တာထဲမှ ပွဲတက်ဝတ်စုံလေးကို ထုတ်လိုက်သည်။
ပိုးဇာလွှာကို သုံးထားသော လင်းလက်တောက်ပသည့် ဂါဝန်ဝိုင်းဝိုင်းလေး ဖြစ်သည်။ ခရမ်းပြာရောင် ဂါဝန် လေးကို စိန်တုံးလေးများဖြင့် အလှဆင်ကာ ပို၍ လင်းလက်စေသည်။
"နတ်သက်ကြွေတဲ့ နတ်သမီးလေးဝတ်စုံလေးပဲ"
လုံကျဲက ပါးစပ်ကို လက်ဖြင့် ကွယ်ကာ
"ထျန်းနင်၊ မြန်မြန် သွားဝတ်ကြည့်တော့"
"ငါ့ခန္ဓာကိုယ်ပေါ်မှာ လှပတဲ့ ဂါဝန်လေး ဝတ်လိုက်ရင် တစ်မျိုးကြီး ဖြစ်နေမလား"
ထျန်းနင်က ဂါဝန်လေးကို ပိုက်ထားလျက် ညည်းညည်းညူညူ ရေရွတ်သည်။ ခဏကြာမှ သေတ္တာထဲမှာ ကျန်နေသေးသော ဝတ်စုံ တစ်စုံကို ထပ်တွေ့ရသည်။
ထျန်းနင် နားလည်ရခက်ခဲသွား၍ မို့ထင်ကို ဖုန်းခေါ်လိုက်သည်။
"ဘာလို့ ဝတ်စုံ နှစ်စုံ ဖြစ်နေတာလဲ"
မို့ထင်က ယခုမှ အစည်းအဝေး ပြီးဆုံးခြင်း ဖြစ်သည်။ ထျန်းနင်၏ အံ့ဩနေသော မျက်နှာလေးကို  စိတ်ကူးယဉ်ကာ ကြည်နူးမိသည်။
"အရင်ဆုံး ဝန်ထမ်းဝတ်စုံလေးကို အရင်ဆုံး ဝတ်ပေးနော်။ ကိုယ့်မိန်းမကို အပူကပ်ရတော့မယ်။ ဒီညတော့ ကိုယ့်ရဲ့မန်နေဂျာရော လက်ထောက်ရော လုပ်ပေးနော်"
"ထင် ပြောသမျှကို ချစ်လေးက နာခံမှာပါ။ ထင်က ချစ်လေးစကားကို အမြဲ နားထောင်ခဲ့သလိုပေါ့"
"ဒါဆိုရင် ဂါဝန်လေးကို ဘယ်တော့ ဝတ်ရမလဲ"
"အခုတော့ မပြောပြသေးဘူး။ လျှို့ဝှက်ချက်ပေါ့"
ထျန်းနင် ပြုံးနေမိသည်။ မို့ထင်က အမြဲတမ်း သူမ ရင်ခုန်အောင် ပြုစားတတ်သည်။ ထို့ကြောင့်လည်း သူမ သိချင်နေသည့် မေးခွန်း၏အဖြေကို မရမက မမေးမြန်းတော့ပေ။ ထို့ကြောင့် သေတ္တာထဲမှ ဝန်ထမ်းဝတ်စုံလေးကို ထုတ်ကာ လုံကျဲကို မီးပူတိုက်စေသည်။
"ဒါက ဘာလဲ။ ဒါကြီး ဝတ်သွားမလို့လား"
လုံကျဲက တအံ့တဩ ပြန်မေးသည်။
လုံကျဲလက်ထဲမှ ဝတ်စုံက အဖြူရောင် ရှပ်အင်္ကျီလေးနှင့်  ပန်းရောင် စကပ်ကားကားလေး ဖြစ်သည်။ ထိုဝတ်စုံကိုလည်း Catherine walker ဖန်တီးထားသော ဝတ်စုံဖြစ်ပါသော်လည်း ဂါဝန်လေးနှင့် ယှဉ်လိုက်လျှင် သမားရိုးကျ ဖြစ်နေသည်။
"လုံကျဲရေ၊ ငေးမနေနဲ့တော့ မြန်မြန်လေး မီးပူတိုက်တော့"
ထျန်းနင်က မို့ထင်၏မန်နေဂျာ ဖြစ်သွားလျှင် သူမ၏လုချယ်လေး နေရာပျောက်သွားလိမ့််မည်။
ထို့အပြင် ထျန်းနင် ဤဝတ်စုံကို ဝတ်ဆင်သွားလျှင် ကျန်းမန်နီ၏ အရှက်ခွဲခြင်းကို ခံရလိမ့်မည်။
လုံကျဲက သူမ၏စိုးရိမ်စိတ်ကို  ဖျောက်ပစ်လိုက်စဉ် လုချယ် ဖုန်းဆက်လာသည်။
"ဒီနေ့ည အားလပ်တယ်မလား အချစ်"
"ဒီနေ့က အရေးကြီးတဲ့နေ့လေ။ လုချယ်၊ ရှင်ရော သူဌေးနဲ့အတူတူ ပွဲမတက်ရဘူးလား။ ငါတော့ ထျန်းနင်ကို အဖော်လိုက်ပေးရမယ်လေ"
"ဒီညပွဲအတွက် ငါတို့သူဌေးမို့က လက်ထောက်အသစ် ရှာထားတယ်။ အချစ်က ကိုယ်နဲ့အတူတူ ကိုယ့်မိဘတွေကို လိုက်တွေ့ပါလား"
လုံကျဲ ဆွံ့အသွားသည်။
"လွန်ခဲ့တဲ့ နှစ်ရက်လောက်က ကိုယ်တို့အကြောင်းကို ကိုယ့်မိဘတွေကို ဖွင့်ပြောထားတယ်။ အဲဒါနဲ့ ကိုယ့်မိဘတွေ ချက်ချင်း လေယာဉ်စီးပြီး ပေကျင်းကို ရောက်လာတာပဲ"
လုံကျဲ ရုတ်တရက် ကြောက်စိတ်မွှန်ထူသွားသည်။
"ဘာလို့ စောစောစီးစီး ဖွင့်ပြောလိုက်ရတာလဲ။ ကျဲအာရဲ့ လက်ရှိအနေအထားကြီးနဲ့ လုချယ်မိဘတွေကို ဘယ်လို မျက်နှာချင်း ဆိုင်ရမလဲ"
"အရမ်းကြီး မစိုးရိမ်ပါနဲ့ ကျဲအာရယ်၊ ရိုးရိုးလေး လူချင်းတွေ့တာပါ"
လုံကျဲက ရုတ်တရက် ဖုန်းကောက်ချလိုက်သည်။ သူမ အနည်းငယ် စိတ်မသက်မသာ ဖြစ်မိသည်။ သူတို့နှစ်ယောက် စိတ်ချင်းနီးစပ်ပြီး ချိန်းတွေ့သည်မှာ မကြာလှသေး ယောက္ခမ မျက်နှာကို သွားကြည့်ရဦးမည်။ လုချယ်က သူ့ကို လက်ထပ်ရန် ဖိအား ပေးလာနိုင်သည်ဟုလည်း တွေးတောမိသည်။
"လုချယ်က သူ့မိဘတွေနဲ့ တွေ့စေချင်လဲ ငါ့ကို အချိန်နည်းနည်းလောက် ပေးလို့ မရဘူးလား။ ထျန်းနင်နဲ့ သူဌေးဆို လက်ထပ်ထားတာ ကြာပြီ။ ထျန်းနင်ကို လေးစားလို့ သူ့မိဘတွေနဲ့ အတင်းအကျပ် မတွေ့ခိုင်းဘူး။ လုချယ်ကြောင့် တော်တော်လေး စိတ်ရှုပ်သွားပြီ"
"လုံကျဲ၊ ဒါဆိုရင် နင် ဘာဆက်လုပ်မယ် တွေးထားလဲ"
"ငါ ငါ ...  သူ့မိဘတွေနဲ့ မတွေ့ချင်သေးဘူး"
လုံကျဲက သူ့စိတ်ထဲရှိသည့်အတိုင်း ပြန်ဖြေသည်။
"ထျန်းနင်ရေ၊ ငါအကြောက်ဆုံးကလေ ချစ်သူဘဝလေးမှာ ချိုမြိန်တဲ့ အချိန်အခိုက်အတန့်လေးကို မခံစားရသေးဘဲ အိမ်ထောင်သည်ဘဝကြီး ရောက်သွားမှာ အကြောက်ဆုံးပဲ။ ချစ်သူဘဝလေးနဲ့ အရင်ဆုံး ပျော်ချင်တယ်။ အဆင့်တွေ ချက်ချင်းကြီး ကျော်မတက်ချင်ဘူး။ အဆင့်လိုက်တိုင်းပဲ ဖြစ်ပါရစေ"
"ဒီလိုဆိုရင်တော့ နင့်ခံစားချက်ကို လုချယ်သိအောင် ပြောပြသင့်တယ်"
လုံကျဲ တွေဝေသွားပြီး လုချယ်ကို ဖုန်းပြန်ဆက်ရန် ဖုန်းထုတ်လိုက်စဉ် လုချယ်က သူမကို အရင်ဆုံး ဖုန်းဆက်လာသည်။
"ကျဲအာလေး ကိုယ့်မိဘတွေကို မတွေ့ချင်ရင်လည်း ကိုယ့်နဲ့အတူတူ နှစ်ယောက်တည်း ဒိတ်ပြီး ညစာစားမယ်လေ"
"လုချယ်ရဲ့မိဘတွေကရော"
"အမေတို့က ဦးလေး အိမ်မှာ တည်းခိုနေတာလေ။ ကိုယ့်မိဘတွေက သဘောကောင်းပါတယ် ကျဲအာရယ် မကြောက်ပါနဲ့။ ဒါပေမဲ့ ကိုယ့်ကျဲအာ စိတ်အဆင်သင့်ဖြစ်မှာပဲ တွေ့ဆုံကြတာပေါ့"
"ရှင်တို့နဲ့ တစ်သက်လုံး အတူတူနေမှာ သေချာပါတယ်နော်"
"ကိုယ်တို့တွေ တွဲနေတာ ဟာသသက်သက်မှ မဟုတ်တာလေ၊ ရင်ထဲက ခံစားချက်အတိုင်း စီးမျောနေတာလေ"
"ဟာ အဲလို သဘောမဟုတ်ဘူးလေ၊ ထားလိုက်ပါတော့ ထားလိုက်ပါတော့ ဒီညတော့ စားကောင်းတဲ့နေရာလေးမှာ ညစာ သွားစားကြမယ်"
"ညစာ စားပြီးရင် ကိုယ့်အိမ် လိုက်ခဲ့နော်..."
လုချယ်၏အပြောလေးကြောင့် လုံကျဲ၏မျက်နှာလေး ရှက်သွေးဖြာသွားသည်။
"မလိုက်နိုင်ပါဘူး..."
လုံကျဲ၏ ပျော်ရွှင်နေသာ မျက်နှာအမူအရာကို ထျန်းနင် ငေးကြည့်ပြီး
"လုံကျဲရေ၊ အချိန်ကပ်နေပြီနော်။ ငါ့အဝတ်စားလေးတွေ ပေးပါတော့"
"ထျန်းနင်၊ ဒီအဝတ်ကြီး ဝတ်မှာ သေချာပါတယ်နော်"
လုံကျဲက ထျန်းနင်ကို မယုံကြည်နိုင်စွာ နောက်တစ်ကြိမ် ထပ်မေးသည်။
"ဟုတ်တယ်။ ငါဒါကိုပဲ ဝတ်လိုက်တော့မယ်။ ခဏနေရင် ငါ့ကို ဟိုက်ဟွေ့ လိုက်ပို့။ ပြီးတာနဲ့ လုချယ်နဲ့ စိတ်ကြိုက် ဒိတ်တော့ အစ်မတော် လုံကျဲ"
ထျန်းနင်က သေချာကြောင်း ခေါင်းညိတ်ပြသည်။
 
 
***
အပိုင်း(၂၆၀)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now