အပိုင်း(၅၁၉)

63 8 0
                                    

အပိုင်း(၅၁၉)

"နှစ်ကုန်ခါနီးပြီ။ ဆုပေးပွဲ အခမ်းအနားတွေလည်း အများကြီး ရှိတယ်။ နင် နှိမ်ချပြီး သိုသိုဝှက်ဝှက် နေရမယ်"

ထျန်းကျင်းရွှမ်က ကြိုးစား အားထုတ်မှု လျှော့ချချင်နေသည်ဟု ယူဆမိ၍ စုန့်ယန်ရှု အကြံပြုသည်။

ထျန်းကျင်းရွှမ်က စုန့်ယန်ရှု ပြောသမျှကို နားထောင်နေသည်။ သူ့စိတ်ထဲ မပျော်ရွှင်သော်လည်း သူမ သိအောင် ပြောပြမည့် အတွေး မရှိခဲ့ပေ။

"အစ်မထျန်းနင်ရဲ့ ရုပ်ရှင် ရုံတင်တော့မယ်။ အစ်မထျန်းနင်ကို အားပေးထောက်ခံတဲ့ အနေနဲ့ ရုံတင်တဲ့အခါကျရင် လောရှင်းရဲ့ပရိသတ်တွေအတွက် ရုပ်ရှင်လက်မှတ် မဲဖောက်ပေးရင် မကောင်းဘူးလား"

"မင်းဘာသာမင်းပဲ ဆုံးဖြတ်လိုက်ပါ"
ထျန်းကျင်းရွှမ်က မတ်တတ်ထရပ်လိုက်ပြီး ရေချိုးခန်းဘက် ထွက်သွားသည်။ စုန့်ယန်ရှု၏ အေးစက်သော တုံ့ပြန်မှုကြောင့် သူ စိတ်မကောင်းဖြစ်ကာ စိတ်ဓာတ်ကျရသည်။

အမျိုးသမီးတစ်ဦးက သူ့ကို ယခုလို ပြုမူနေရသည့် အကြောင်းအရင်းကို သူ နားမလည်နိုင်ပေ။

သူတို့နှစ်ယောက် အတူတူအိပ်ခဲ့သည့် ကိစ္စကို ဘာမှမဟုတ်သလို သဘောထားနိုင်သည်။

"လောရှင်း အချိန်ကိုလည်း ကြည့်ဦး။ မိနစ် ၄၀ပဲ အချိန်ရတော့တယ်"

...

ထျန်းနင် နှင့် ပိုင်ချန်သုန်တို့ကြောင့်  'W.H.' ရုပ်ရှင်က ရုံမတင်ခင်တည်းက ပေကျင်းမြို့တွင် နာမည်ကျော်နေခဲ့သည်။ နှစ်ကုန်ခါနီး အချိန်ဖြစ်၍ နှစ်သစ်ကူး အထိမ်းအမှတ် အနေဖြင့် ရုံတင်မည့် ရုပ်ရှင်အများအပြား ရှိသည်။ ထို့ကြောင့် 'W.H.'ရုပ်ရှင်က ပြိုင်ဘက်ရုပ်ရှင်များ အကြား နာမည်ကျော်ရန် ကံတရား နှင့် ကြိုးစားအားထုတ်မှုကို အားကိုးရမည်။

လူတိုင်းကို အံ့ဩစေသည့် ကိစ္စရပ်ကား တခြားရုပ်ရှင်တိုင်း၏ အနုပညာရှင်များက သူတို့ရုပ်ရှင် နာမည်ကျော်အောင် အစွမ်းကုန် ကြိုးစားအားထုတ်နေစဉ် 'W.H.'ရုပ်ရှင်၏ ခေါင်းဆောင် မင်းသားနှင့် မင်းသမီးက ပျောက်ချင်းမလှ ပျောက်ဆုံးနေခဲ့သည်။ ထို့အပြင် ရုပ်ရှင်၏ဒါရိုက်တာက လုံးဝ လူသစ်ဖြစ်နေခဲ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now