အပိုင်း(၄၇၆)

102 15 0
                                    

အပိုင်း(၄၇၆)

"လောရိတော့ ခုချိန်လောက်ဆို ဆောက်တည်ရာမဲ့ ဖြစ်နေလောက်ပြီ။ ပိုင်ချန်သုန်ကို သူ့မိန်းကလေးအတွက် ပြဿနာ ရှင်းပေးဖို့ တောင်းဆိုထားတာ မကြာသေးဘူးလေ"

"အချစ်ရေးမှာ အတွေ့အကြုံရှိတဲ့ လူတစ်ယောက်အနေနဲ့ အခုပြဿနာကို ဝေဖန်ရရင် ဟိုးအစတည်းက ပိုင်ချန်သုန်က လောရိနဲ့ ဘာမှ မဟုတ်တာ ငါ အပြည့်အဝ ယုံကြည်တယ်။ ဟန်ရှင်းအာကို ဆက်ဆံတဲ့ ပုံစံနဲ့ လောရိကို ဆက်ဆံတဲ့ ပုံစံ တူလို့လား ငါပြောတာ မှန်တယ်မလား"

"ဘာပဲဖြစ်ဖြစ်ပါ ဒါက ငါ မျှော်လင့်နေတဲ့ ရလဒ်ပဲလေ။ လောရိက ထျန်းနင်ကို စော်စော်ကားကား ပြောခဲ့တယ်"

"အပေါ်က မန့်တဲ့သူ ပြောတာ ထောက်ခံတယ်။ ထျန်းနင်က ငါ့တို့အတွက် ဘုရင်မပဲ။ ထျန်းနင်ကို စော်ကားရင်တော့ သည်းမခံနိုင်ဘူး။ ပိုင်ချန်သုန်က သူ့တာဝန်သူ ယူသွားလို့ သူ့အပြစ်သူ သူ လုပ်သင့်တာ လုပ်သွားလို့ မဆိုးဘူးလို့ ပြောလို့ရတယ်။ ဒါပေမဲ့ ငါကတော့ လောရိဘက်က မရပ်တည်နိုင်ဘူး အဲဒီမိန်းမက အရှုံးကြီး ရှုံးသင့်တယ်"

"သူ့ကို ပယ်ထုတ်ဖို့လောက်နဲ့ ထျန်းနင်က ရေးကြီးခွင်ကျယ် လုပ်ပြီး မို့ထင်ကို ပြောနေရမလား။ နင်က တော်တော်ကို ဟာသပါပဲ။ နင့်ကိုယ်နင် တအားကို ဘဝင်မြင့်လွန်းနေပြီ"

မို့ထင်၏ညွှန်ကြားချက်ကြောင့် ဖန်ယွီ၏ ပီအာအဖွဲ့က ဖြစ်ရပ်တစ်ခုလုံးကို ရှင်းလင်းပစ်သည်။ ဟိုက်ဟွေ့ဖျော်ဖြေရေးက အမြဲတမ်း ရိုးသားပြီး ရှုပ်ထွေးသော ပြဿနာကို ရှင်းလင်းခြင်းတွင် ထူးချွန် ပြောင်မြောက်သည်။ ထို့ကြောင့် အဆုံးသတ်မှာ ပြည်သူလူထုက အမှန်တရားနှစ်ခုကို နားလည်သွားခဲ့သည်။ ဖြစ်ပျက်သမျှ ကိစ္စတိုင်းက အနုပညာရှင်၏ ကိုယ်ရေးကိုယ်တာ ကိစ္စ ဖြစ်နေ၍ အမှန် အမှား မရှိခဲ့ပေ။ ဟန်ရှင်းအာ နှင့် ပိုင်ချန်သုန်၏ ဆက်ဆံရေးကိုလည်း အတည်ပြုပြီ၍ သူတို့အကြောင်း လူတိုင်းနီးနီး သိနေကြပါပြီ။

ထို့နောက် တစ်စုံတစ်ယောက်က ထျန်းနင်၏ဖုန်းနံပါတ်ကို ရသွားပြီး ယခုပြဿနာနှင့် ပတ်သက်သော သူမ၏အမြင်ကို မေးမြန်းသော ကောလဟာလ သတင်း ပေါ်ထွက်လာခဲ့သည်။
"တကယ်လို့ ကျွန်မသာ လောမိန်းကလေးကို တိုက်ခိုက်ချင်ရင် အခုလို လောမိန်းကလေး ရေးချင်တာ ရေးခွင့်တောင် ရပါ့မလား"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now