အပိုင်း(၄၇၀)

84 14 0
                                    

အပိုင်း(၄၇၀)

သူမ၏ရုံးခန်းဟောင်းထဲ ဝင်ရောက်သွားပြီးနောက် ထျန်းရွှမ်က ရုံးစားပွဲခုံပေါ် သူမ၏လက်ကိုင်အိတ် တင်လိုက်ပြီး သူမ၏ ထိုင်ခုံဟောင်းအနား လမ်းလျှောက်သွားသည်။ သို့သော်လည်း ရှားယွီလင်း၏ အတွင်းရေးမှူးက ရုတ်တရက် စကားပြောလာသည်။
"အားနာပါတယ် ထျန်းမိန်းကလေး။ မင်းထိုင်ခုံက ဒီမှာပါ"

ထျန်းရွှမ်က ဘေးနားက ထိုင်ခုံသေးသေးလေးကို ကြည့်ပြီး သူမ၏မျက်နှာထား ပြောင်းလဲသွားခဲ့သည်။ ဤထိုင်ခုံတွင် ထိုင်ခဲ့သူများကို မည်သို့ ဆက်ဆံခဲ့လဲ သူမ ကိုယ်တိုင်ထက် မည်သူမှ မသိနိုင်ပေ။

"ဒါက ဘာသဘောလဲ။ ဘိုးဘိုးက ငါ့ကို အရင်ရာထူးယူခိုင်းတာ မဟုတ်ဘူးလား"

"ထျန်းမိန်းကလေး၊ ရှားသူဌေးက ထျန်းအုပ်စုကို ကြီးကြပ်ပေးနေတာပါ။ ဒါကြောင့် ထျန်းသူဌေးကြီးက ထျန်းမိန်းကလေးကို ဒီရာထူးပဲ ပေးလိုက်တာပါ။ ဒါက ထျန်းမိန်းကလေးရဲ့ ခုံပါပဲ။ ထျန်းမိန်းကလေးက ကိုယ်ဝန်ကြီးနဲ့ ဆိုတော့ အရမ်းအလုပ်လုပ်လို့ မရလို့သာ ဒီရာထူးလေးပဲ ပေးတာပါ။ မိန်းကလေး တစ်ခုခု ဖြစ်သွားရင် ရှားသူဌေးလည်း ဘာမှ မလုပ်ပေးတတ်ဘူးလေ"

ထျန်းရွှမ် ကိုယ်ဝန်ရှိနေသော အကြောင်းပြချက်ဖြင့် ထျန်းရွှမ်ကို ဖိနှိပ်ရန် ကြိုးစားသည်။

ထျန်းရွှမ်က ကိုယ်ဝန်ကို အသုံးချ၍ သူတို့ကို လှည့်စားနိုင်သကဲ့သို့ ရှားယွီလင်းကလည်း ထျန်းရွှမ်၏ နည်းလမ်းကို ပြန်သုံးခဲ့ခြင်း ဖြစ်သည်။

ထျန်းရွှမ်က သူမ၏ဒေါသကို ထိန်းချုပ်လိုက်ပြီး သူ့လက်ကိုင်အိတ်ကို ဆတ်ခနဲ ဆွဲကာ အတွင်းရေးမှူး ထိုင်ခုံမှာ ထိုင်လိုက်သည်။ သူမ၏လက်များက ဒေါသစိတ်ကြောင့် တဆက်ဆက် တုန်ရီနေသော်လည်း ငြင်းခုံ မနေတော့ပေ။

"ထျန်းမိန်းကလေး အခုရာထူးမှာ ပျော်ဖို့ မျှော်လင့်ပါတယ်။ ကံကောင်းပါစေ"

ရှားယွီလင်း၏ အတွင်းရေးမှူးက ထျန်းရွှမ် နောက်ကွယ်မှာ ခနဲ့လိုက်သည်။ ထို့နောက် သူမက ရုံးခန်းထဲမှ လှည့်ထွက်လာခဲ့သည်။ သို့သော်လည်း သူဌေးနှင့် မဆုံရသေး၍ အဆိုးရွားဆုံး ဖြစ်ရပ်များကို မကြုံရသေးခြင်းဖြစ်သည်။ ထျန်းရွှမ် အထင်မြင်သေးစွာ ဆက်ဆံခဲ့ဖူးသူက ယခုတော့ ထျန်းရွှမ်၏ အလုပ်ရှင် ဖြစ်လာခဲ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now