Ep 322+323+324

103 6 0
                                    

အပိုင်း(၃၂၂)

 
"ဟေ့ မို့သူဌေး ရောက်မလားသေးဘူးလား။ ဒါနဲ့ ငါ့တော့ သတိုးသား သတိုးသမီး စုံတွဲကို မေးမြန်းချင်တာ ရှိတယ်။ ငါတို့ရဲ့ သတိုးသားက သတိုးသမီးလေးကို ဘယ််အချိန်တုန်းက စကြွေသွားတာလဲ"
 
ကျီစယ်သန်သော အနုပညာရှင်က အသံကျယ်ကျယ်ဖြင့် မေးမြန်းသည်။
 
ခန်းမဆောင် တစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်သွားသည်။
 
 
သူတို့စုံတွဲလေးက စင်ပေါ်မှာ မတ်တတ်ရပ်နေသည်။
 
"ငါ့ဇနီးလေး ရှက်နေပြီ"
 
"သတိုးသမီးလေးက ရှက်နေတော့လဲ ခင်ဗျားကပဲ ခင်ဗျားတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ပြောပြလေ"
 
ဧည့်သည်တော်က ဝင်ရောက် ပြောဆိုလာသည်။
 
ဖန်ယွီက ဟွားကျင်းကျင်းကို ဖျတ်ခနဲ ကြည့်လိုက်ပြီး ဆက်ပြောရန် ငြင်းဆန်နေသည်။
 
"ဒီဇာတ်လမ်းလေးက အရေးပါတော့ ငါ့ဇနီးလေးကို အရင်ဆုံး ပြောပြသင့်တယ်။ မင်းတို့ကို အရင်ဆုံး ပြောပြလို့ ရမလားကွယ်"
 
" မရီးက ဒီလိုကြီး ပုန်းနေတော့ ရယ်စရာ မကောင်းတော့ဘူးလေ"
 
 
ဟွားကျင်းကျင်း၏မျက်နှာက နီမြန်းနေပြီး ဖန်ယွီ၏ရင်ခွင်ထဲမှ နေ၍ ဗလုံးဗထွေး ရေရွတ်သည်။
 
"သူတို့ကို ပြောပြလိုက်လေ။ ကျင်းကျင်းလည်း သိချင်ပါတယ်"
 
" ဟား ဟား မရီး သဘောတူသွားပြီ။ ငါတို့ရဲ့ လက်ထောက်ဥက္ကဋ္ဌကြီး ငါတို့ကို မြန်မြန် ပြောပြလေ"
 
 
ဖန်ယွီ သက်ပြင်းချလိုက်ပြီး သူ့ကံကြမ္မာကို လက်ခံလိုက်သည်။
 
"ကောင်းပါပြီကွယ်"
 
ထို့နောက် အခမ်းအနားမှူးလက်ထဲမှ မိုင်ခရိုဖုန်းကို လက်ခံလိုက်ပြီး ဧည့်သည်တော်များကို ဖြေရှင်းချက် ပေးသည်။
 
"တကယ်တမ်း ဟွားကျင်းကျင်းက ကျွန်တော့်ထက် အရင်ဆုံး ဟိုက်ဟွေ့ဖျော်ဖြေရေးကို ရောက်ခဲ့သူပါ။ နည်းမှန်လမ်းမှန် ပြောရရင် သူက ကျွန်တော့်စီနီယာပေါ့။ ကျင်းကျင်းကို ပထမဆုံး တွေ့ခွင့်ရတဲ့ အချိန်ကို အခုချိန်အထိ မှတ်မိနေတုန်းပါ။  ကျင်းကျင်းရဲ့မျက်ဝန်းကို ကြည့်မိရင်လေ ဒီအမျိုးသမီးလေးမှာ ပြောပြချင်နေတဲ့ ဇာတ်လမ်းလေး ရှိမယ်လို့ ခံစားမိတယ်"
 
"အရိုးသားဆုံး ပြောရရင် ကျင်းကျင်း ထိခိုက်ဒဏ်ရာ ရပြီး ဆေးရုံပို့ခံရတုန်းက ကျင်းကျင်းအတွက် နာကျင်ခံစားရတယ်။ အဲဒီအချိန်တုန်းက ကျင်းကျင်းက လုံးဝကို မျှော်လင့်ချက် ပျောက်ဆုံး နေတာလေ။ ကျင်းကျင်းကို မြင်တော့ ငါ့နှလုံးသားလေး ဗျာပါဒများ နေပြီး ကျင်းကျင်းကို ဘယ်လို ကူညီပေးရမလဲ စဉ်းစား မရခဲ့ဘူး"
 
 
"ကျင်းကျင်းကို ကျိုးပဲ့နေတဲ့ ဖိနပ်တစ်စုံ ဖြစ်နေလို့  ငါနဲ့ မထိုက်ဘူးလို့ တချို့လူတွေက တွေးနေမှန်း ငါ သိပါတယ်။ ငါ့ရင်ထဲကနေ လေးလေးနက်နက် ပြောချင်တဲ့ စကားကတော့ ငါက ကျင်းကျင်းရဲ့ မဆုတ်မနစ် သတ္တိကို အလေးစားဆုံးပဲ။ သူ အကြိမ်ကြိမ် နာကျင်နေလည်း သူ့မိတ်ဆွေတွေအတွက် သူက ရပ်တည်ပေးဖို့ မမေ့ခဲ့ဘူး။  နာကျင်မှုတွေ ဘယ်လိုပဲ ခါးစည်းခံရ ခံရ သတ္တိမွေးပြီး ဘဝကို အသစ်က ပြန်စတင်ဖို့ မမေ့ခဲ့ဘူး"
 
 
"ကျင်းကျင်းလို မိန်းမလှလေးက ခမ်းနားထည်ဝါတဲ့ အရှန်အဝါတွေနဲ့ လင်းလက်နေတယ်လို့ ခံစားမိတယ်"
 
 
"ငါ့ဘဝ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေရင်တောင် ကျင်းကျင်းကို လှည့်ကြည့်လိုက်ရုံနဲ့ ငါ့ဘဝ လမ်းမှန်ပေါ်ရောက်အောင် ကြိုးစားချင်စိတ် ဖြစ်ပေါ်လာတယ်။ ဒါကြောင့် ငါ ချစ်ရတဲ့ ကျင်းကျင်းကို အတက်နိုင်ဆုံး အကောင်းဆုံး  ကာကွယ်ပေးသွားမယ်။ ကျင်းကျင်းက ငါ့ဘဝကို အလင်းပေးတဲ့ နတ်သမီးလေးပဲ"
 
 
ထိုစကားသံကို ကြားပြီးနောက် ခန်းမဆောင်ထဲမှ ရှိရှိသမျှ လူအားလုံး စိတ်လှုပ်ရှားသွားသည်။ စိတ်ခံစားလွယ်သည့် ကျော်ကြားသူ တချို့တလေက မျက်ရည်ကျသည်။
 
 
ဖျော်ဖြေရေးလောကကြီး၏ ခက်ခဲကြမ်းတမ်းမှုကို သူတို့ အချင်းချင်းသာ နားလည်နိုင်လိမ့်မည်။
 
 
ဖန်ယွီ ဘေးနားမှာ မတ်တတ်ရပ်နေသည့် ဟွားကျင်းကျင်းမှာ မျက်ရည်မကျမိအောင် ထိန်းချုပ်ထားရသည်။
 
 
ကက်ဦးထုပ်ကို ဆောင်းထားသည့် လင်းချုံးက မလှမ်းမကမ်းမှာ မတ်တတ်ရပ်နေပြီး ဝန်ထမ်း အယောင်ဆောင်ထားသည်။ ပတ်ဝန်းမှ လူအများစု၏ လွှမ်းမိုးမှုကြောင့် သူကိုယ်တိုင်လည်း ဖန်ယွီ၏စကားကြောင့် စိတ်လှုပ်ရှားရသည်။
 
 
"စကားပြောကောင်းလွန်းတယ်။ ရင်ထဲ ထိတယ်ကွာ"
 
အားလုံးက မတ်တတ်ထရပ်ပြီး လက်ခုပ်တီးကာ ချီးမြှောက်ကြသည်။
ထိုစဉ် တစ်စုံတစ်ယောက်က ထျန်းနင် နှင့် မို့ထင် ရောက်လာခြင်းကို ရိပ်စားမိသည်။
 
"ငါတို့သူဌေး ရောက်လာပြီပဲ"
 
 
"မို့သူဌေး"
 
 
"ထျန်းနင် ထျန်းနင်"
 
 
မို့ထင်က ဖန်ယွီအနား သွားရန် ကြံရွယ်ခဲ့သော်လည်း ဟွားကျင်းကျင်းပါ အနားမှာ ရှိနေ၍ သူ့မျက်ခုံးကို ပင့်တင့်ကာ ခြေလှမ်းများကို ရပ်တန့်ခဲ့သည်။ ထို့နောက် ထျန်းနင်နှင့်အတူတူ တစ်နေရာမှာ ထိုင်လိုက်သည်။
 
 
"မို့သူဌေး၊ ဖန်ယွီ ပြောခဲ့တာတော့ မနက်ဖြန် သူက သူဌေးထက် ပိုခန့်ပိုချောမယ်တဲ့"
 
 
မို့ထင်က ထျန်းနင်နှင့်အတူတူ ထိုင်လိုက်ပြီး တည်ငြိမ်စွာ စကားပြန်ပြောသည်။
 
"ဟွားကျင်းကျင်းရဲ့ အမြင်မှာတော့ သူက ပိုခန့်ပိုချောမှာပါ။ ဒါပေမဲ့ အားလုံးရဲ့အမြင်နဲ့ ယှဉ်ကြည့်ရင်တော့ သူက မပြောပလောက်တဲ့ အဆင့်ပါ"
 
"ဟား ဟား"
 
 
လူတိုင်း ရယ်မောကြသည်။ မို့ထင်၏လေသံကို နားထောင်ကြည့်ရုံဖြင့် စိတ်ကြည်လင်နေကြောင်း သိနိုင်သည်။
 
 
"မို့သူဌေး၊  မင်းနဲ့ ထျန်းနင်ရဲ့ အလှည့်ကရော ဘယ်တော့လဲ"
 
 
"Baliက အရမ်းကို ထည်ဝါတယ်နော်။ ဒီနေရာကို မကြာခဏ လာလည်ချင်မိသား"
 
 
" ဟုတ်တယ်၊ ဒါအမှန်ပဲ"
 
 
မို့ထင် ခေါင်းလှည့်လိုက်ပြီး ထျန်းနင်ကို ကြည့်သည်။ သို့သော်လည်း သူမက စကားတစ်ခွန်းမျှ မပြောဘဲ ရိုးရှင်းစွာ ပြုံးနေသည်။ ထို့ကြောင့် မို့ထင်က အဖြေပေးရသည်။
 
"ဒီစကားဆက်ပြောနေရင်တော့ နောက်လကျရင် ငါမင်းကို လစာ မပေးတော့ဘူး။ မင်းကို ပေးရမယ် ပိုက်ဆံတွေကို စုဆောင်းပြီး ဒီနေရာမှာ အိမ်ဝယ်လို့ရတာပေါ့"
 
" မို့သူဌေးရယ် ဒီလိုကြီး မရက်စက်ပါနဲ့"
 
 
အားလုံးက နောက်တစ်ကြိမ် ဝါးလုံးကွဲ ရယ်မောကြသည်။
 
 
မို့ထင်နှင့် ထျန်းနင် ရောက်လာသောကြောင့် ပတ်ဝန်းကျင်လေးက ပိုအသက်ဝင်လာသည်။ ထိုစဉ် အဝေးတစ်နေရာမှာ ဓာတ်ပုံရိုက်ကူးနေသော လင်းချုံးက မို့ထင် နှင့် ထျန်းနင်ကို လူကွယ်ရာမှာ ငေးမောကြည့်နေသည်။ သူ ရွံရှာမုန်းတီးခဲ့ဖူးသည့် အမျိုးသမီးကို သူ ဆက်မမုန်းနိုင်တော့ပေ။
 
 
"ထျန်းနင် ထျန်းနင် မို့သူဌေးက အိမ်မှာလည်း အဲလို စစနောက်နောက်ပဲလား"
 
တစ်စုံတစ်ယောက်က အရဲကိုးပြီး သူတို့စုံတွဲလေးကို ကျီစယ်သည်။ ထိုအပြုအမူက မို့ထင်ကို အံ့အားသင့်စေသည်။
 
ဤမေးခွန်းကို ထျန်းနင် တစ်ဦးတည်းသာ ဖြေနိုင်သည်။
 
"မင်းတို့တွေ သူ့ကို အမူးလွန်အောင် အရက်တိုက်နိုင်ရင်  သူ အိမ်မှာ ဘယ်လိုပြုမူတတ်လဲ ပြောပြမယ်"
 
" အဟွတ်။ မို့သူဌေးက အရက်ဂျိုးဆိုတာ မသိတဲ့သူ မရှိဘူးလေ"
 
 
မို့ထင်က ထျန်းနင်၏လက်ဖမိုးကို ဆိတ်လိုက်သည်။
 
"ချစ်လေးက တမင်တကာ ပြောနေသလား။ ကိုယ် ဒီနေ့ တကယ်အမူးလွန် သွားရင်တော့ ဒီည ချစ်လေး ဒုက္ခတွေ ခံစားရမှာနော်"
 
"ဘယ်လို ဒုက္ခမျိုးကို ခံစားရမလဲ"
 
ထျန်းနင်က မို့ထင်အရက်မူးသည့် အပြုအမူမျိုးကို မမြင်တွေ့ဖူးချေ။
 
"ကောင်းပြီလေ ကိုယ့်အချစ်လေးက မြင်ချင်ရင်တော့ ကိုယ် ဘယ်လို ဖြစ်သွားလဲဆိုတာ နောက်မှ ပြပေးမယ်"
 
မို့ထင်က လျှို့ဝှက်ဆန်းကြယ်သော အပြုံးလေးကို လှစ်ဟာပြသည်။
 
ထျန်းနင် ခေါင်းညိတ်ပြသည်။ မို့ထင်က အရက်မူးလာခဲ့လျှင် အသိစိတ် ပျောက်ဆုံးသွားတတ်သည့် လူစားမျိုးမှန်း သူမ ယုံကြည်ရန် ခဲယဉ်းနေသည်။ အရက်မူးနေသည့်တိုင် အသိစိတ်ကို ထိန်းချုပ်နိုင်သူ ဖြစ်မည်ဟု သူမ ယုံကြည်လက်ခံထားသည်။
 
 
သို့သော်လည်း
 
 
အမှန်တရားက သူမ မမျှော်လင့်ထားသည့် ရလာဒ်မျိုး ဖြစ်နေသည်။
 
 
သို့သော်လည်း သူတို့အားလုံးက Baliမှာ မင်္ဂလာပွဲ ချီးမြှောက်နေစဉ် J-King ကလည်း သူ့အစီအစဉ် အထမြှောက်အောင်  ပေကျင်းမြို့မှာစနစ်တကျ စီစဉ်နေသည်။
 
***
အပိုင်း(၃၂၃)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now