အပိုင်း(၅၃၀)

87 11 0
                                    

အပိုင်း(၅၃၀)

ထျန်းကျင်းရွှမ်က အနုပညာအလုပ်များကို အပြီးတိုင် ရပ်နားကြောင်း ကြေညာပြီးနောက် သူ့သီချင်းများက  နာမည်ကျော်စာရင်း ထိပ်တန်း ရောက်သွားခဲ့ပြီး သူ့ကို နောက်တစ်ကြိမ် ကျော်ကြားစေခဲ့သည်။

သို့သော်လည်း သူ့ပရိသတ်များ မည်သို့ပင် တောင်းပန် တောင်းပန် မည်သို့ပြုမူ ပြုမူ သူ့နောက်ဆုံး ဂီတဖျော်ဖြေပွဲ ပြီးဆုံးပြီနောက် လူအများရှေ့ နောက်တစ်ကြိမ် မထွက်လာခဲ့ပေ။ ထို့အပြင် သူ့ယခင် အလုပ်စာချုပ်အားလုံးကို ဖျက်သိမ်းခဲ့သည်။

ဤအဆိုတော်က ဖျော်ဖြေရေးလောကကြီးထဲ ဘယ်သောအခါမျှ မရှိခဲ့သကဲ့သို့ လုပ်ဆောင်ခဲ့သည်။

နှစ်တစ်နှစ်၏ အဆုံးသတ်ကာလတွင် သူလည်း ဂီတဆုတံဆိပ် အများကြီးကို လက်ခံရရှိသည်။ သို့သော်လည်း သူက အနုပညာအလုပ်များကို ကျောခိုင်းခဲ့၍ သူ့ကိုယ်စား ဟိုက်ဟွေ့ဖျော်ဖြေရေးက ဆုလက်ခံလိမ့်မည်။ ကုမ္ပဏီက စင်ပေါ်တက်တိုင်း စကားတစ်ခွန်းတည်းကိုသာ ထပ်တလဲလဲ ပြောဆိုလိမ့်မည်။
"လောရှင်းက သူ့ကို အားပေးတဲ့သူတိုင်းကို ကျေးဇူးတင်ပါတယ်"ဟူသော စကား ဖြစ်သည်။

ဤသည်ကား ရိုးသားမှု မရှိသော သာမန်စကားတစ်ခွန်းမျှသာ ဖြစ်သည်။ တကယ် အမှန်တရားက လောရှင်း၏ ကြိုးစားမှု အသီးအပွင့် ဖြစ်နေ၍ မည်သူကိုမှ ကျေးဇူးတင်နေစရာပင် မလိုအပ်ချေ။

...

ညဉ့်အချိန် ထျန်းအိမ်တော်

ထျန်းကျင်းရွှမ် သူ့ခရီးဆောင်အိတ်ကို ထုပ်ပိုးနေသည်။ ထျန်းအကြီးအကဲက သူ့လမ်းလျှောက်တုတ်ကောက်လေးဖြင့် လမ်းလျှောက်လာပြီး သူ့ကုတင်အစွန်းနား ထိုင်သည်။
"ဆုံးဖြတ်ချက် ချပြီးပြီလား မြေးလေး။ ယူအက်စ်မှ ပညာသွားသင်တော့မှာလား"

"ဘိုးဘိုး မစိုးရိမ်ပါနဲ့။ မြေး သေချာ စဉ်းစား ဆုံးဖြတ်ပြီးပါပြီ"
ထျန်းကျင်းရွှမ် ပြန်ဖြေသည်။

"ဟိုကောင်မလေးကြောင့်လား"
ထျန်းအကြီးအကဲ စမ်းသပ်သည်။ ထျန်းကျင်းရွှမ်၏ အပြုံးကို မမြင်ရသည်မှာ ရက်ပိုင်းခန့် ကြာခဲ့ပါပြီ။
"မိန်းမတစ်ယောက်ကြောင့် မင်းရဲ့မိသားစု အားလုံးကို ထားခဲ့ပြီး အဝေးထွက်သွားတော့မလို့လား"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Unde poveștirile trăiesc. Descoperă acum