စာစဉ်(၂၇) Ep 376+377+378

105 7 0
                                    

အပိုင်း( ၃၇၆)

မို့ထင်က သူမ၏တုံ့ပြန်မှုကြောင့် အံ့အားသင့် နေမိသည်။
"ချစ်လေး စိတ်ပင်ပန်းနေလို့လား"

"ဟုတ်တယ်။ အရမ်းကို စိတ်ပင်ပန်းရတယ်"
ထျန်းနင်က မို့ထင်၏ရင်ဘတ်ပေါ် ပါးအပ်ကာ စကားပြန်ပြောသည်။
"ဒါပေမဲ့ ယောက်ျားကို လွမ်းလွန်းလို့ စိတ်ပင်ပန်းတာလေ။ အခုတောင် ငါးရက်ပဲ ရှိသေးတယ်။ အချိန်တွေက ကုန်ဖို့ ခဲယဉ်းသလို ခံစားနေရတယ်။ အားလပ်တဲ့ အချိန်တိုင်း ယောက်ျားကို သတိမရမိအောင် အလုပ်ကို ပိုကြိုးစားနေတယ်။ ဒါတောင် ယောက်ျားကို လွမ်းမိနေတုန်းပဲ"

ထျန်းနင်၏စကားသံကို ကြားပြီးနောက် မို့ထင် ရုတ်ခြည်း ပြုံးလိုက်သည်။
"ကိုယ်တစ်ယောက်တည်း ချစ်လေးကို လွမ်းနေတယ်လို့ တွေးခဲ့မိတာ အခုတော့ တစ်ယောက်တည်း မဟုတ်ဘူးပဲ"

"ဒီလို အကြာကြီး ခွဲခွာရမယ် အလုပ်မျိုး နောက်နောင် လက်မခံတော့ဘူး။ ဒီတစ်ခေါက်က နောက်ဆုံးအကြိမ် ဖြစ်စေရမယ်"

"ဟုတ်တယ်။ ချစ်လေး ထောက်ခံတယ်"
ထျန်းနင် ခေါင်းညိတ်သည်။ အနာဂတ်ကို  မခန့်မှန်းနိုင်သော်လည်း ယခုလို အချိန်အခိုက်အတန့်လေးကို သူမ ကျေနပ်မိသည်။

"ရုပ်ရှင်ထုတ်လုပ်သူက 'Hidden Expert'ရုပ်ရှင်ကို အလေးထား ကြော်ငြာတော့ အခုဇာတ်ကားကို မျှော်လင့်နေတဲ့ ပရိသတ် အများကြီး ရှိတယ်။ 'Gunshots'ဇာတ်ကားရဲ့လူရွေးပွဲကို သွားပြိုင်ပြီးတည်းက ချစ်လေးရဲ့ သရုပ်ဆောင်စွမ်းရည်ကို ယုံကြည်တဲ့သူ ပိုများလာတယ်"

"ဒါကြောင့် ချစ်လေးရဲ့ ကြိုးစားမှုတွေက အလဟဿ မဖြစ်ပါဘူး။ ဒီနှစ်နွေရာသီ အားလပ်ရက်မှာ ချစ်လေးက သေချာပေါက် နာမည်ကျော်မှာပါ"

"အလုပ်ကြိုးစားတဲ့လူတွေစီ ကံကောင်းခြင်းတွေ ရောက်လာမှာပါ"

"ကိုယ်ရဲ့အဖိုးတန် ချစ်ဇနီးလေးကို ဘုရားသခင်က စောင့်ရှောက်မှာပါ"

"ဒီနှစ်သရုပ်ဆောင်သစ်ဆုတံဆိပ်ကို ချစ်လေး ပိုင်ဆိုင်ရအောင် အကောင်းဆုံး ကြိုးစားနော်"

ထျန်းနင်က မင်းသမီးဇာတ်ဆောင် နှင့် ပြဿနာရှာလွန်းသော ကောင်မလေး ဇာတ်ကောင်ကို သရုပ်ဆောင်ပြီးနောက် ဇာတ်ကောင်နှစ်ခု၏ ခံစားချက် ရောထွေးနေသည်။ စရိုက်မတူညီသော လူနှစ်ယောက်၏ဘဝကို သရုပ်ဖော်နေခြင်းနှင့် တူညီသည်။ ယခုလို ကျေနပ်ဖွယ် ခံစားချက်မျိုးကို မော်ဒယ်အလုပ်ဖြင့် မခံစားဖူးပေ။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now