အပိုင်း(၅၁၇)
ထျန်းရွှမ် ကြောက်စိတ်မွှန်ထူ လာ၍ သူ့လက်ဖြင့် စားပွဲခုံကို ဖြန်းခနဲ ရိုက်ချကာ မတ်တတ်ထရပ်သည်။
"တရားလွန်မလာနဲ့။ ငါ့မှာ ဘာမှမကျန်တော့ဘူး။ နင်က ငါ့စီက ဘာလိုချင်နေတာလဲ""ငါက နင့်ကို ဘာမှ မလုပ်ချင်ပါဘူး။ ငါက အမှန်တရားကို ပြောချင်ရုံပါ"
ထျန်းနင် တည်ငြိမ်နေသည်။"နင့်စီက စကားအမှန်တွေ ထွက်လာဖို့ ဘာလို့ တအား ခက်ခဲနေတာလဲ"
"နင် ဘာတွေပြောနေတာလဲ ငါမသိဘူး"
ထျန်းရွှမ် ဗြောင်းငြင်းဆန်သည်။ထိုစဉ်အခိုက်အတန့် ရှယ်ရာရှင် တစ်ဦးက ထျန်းနင်ကို ဝေဖန်သည်။
"တတိယသခင်မလေး၊ မင်း လက်ထဲမှာ အာဏာအပြည့်အဝ ရှိလို့ လုပ်ချင်တာ လုပ်လို့ရတာ ငါ နားလည်ပေမဲ့ ကိုယ်ဝန်ဆောင် မိခင်ကိုတော့ အဆုံးထိ တွန်းမပို့သင့်ဘူး။ သူ ဘယ်လောက်ပဲ ဆိုးဆိုး လူတစ်ယောက်ရဲ့ အသက်ကိုတော့ ရန်ရှာရဲတဲ့ သတ္တိ မရှိလောက်ပါဘူး"
"ဒါပေမဲ့ ရှင်မှန်တယ်။ ကျွန်မက သူ့ကို အဆုံးထိ တွန်းပို့မယ် ရည်ရွယ်ချက် ရှိတယ်"
ထျန်းနင်က ပွင့်ပွင့်လင်းလင်း ဝန်ခံသည်။
"ဒါက သူ ကိုယ်ဝန်သည် ဟုတ်တာ မဟုတ်တာနဲ့ မသက်ဆိုင်ဘူး""ငါကတော့ သူ့ကို လူလို့တောင် မသတ်မှတ်နိုင်ဘူး"
ထျန်းနင်၏မျက်ဝန်းထဲ စက်ဆုပ်သော ခံစားချက်များ ပေါ်လွင်နေသည်။ ထျန်းရွှမ်ကို မုန်းတီးသော ခံစားချက်များကို ဖုံးကွယ်မည့် အတွေး မရှိပေ။
"ထားလိုက်တော့ နင့်အမှားကို ဝန်ခံရင်တောင် ငါက ခွင့်လွှတ်မယ့် အတွေး မရှိဘူး"
ထိုစကားကိုပြောပြီးနောက် ထျန်းနင်က လက်ခုပ်တီးလိုက်ပြီး တံခါးပေါက်နားကို အချက်ပြသည်။
ကောင်းအတွင်းရေးမှူးက တုန်တုန်ရီရီဖြင့် အခန်းထဲ ဒယိမ်းဒယိုင် ဝင်လာသည်။
"ကောင်းအတွင်းရေးမှူး၊ နင်ပဲ ကိုယ်စား ရှင်းပြပေးလိုက်တော့"ထျန်းရွှမ်က အမှန်တရား ပေါ်ပေါက်တော့မည်မှန်း သဘောပေါက်သွား၍ သူမက ချက်ချင်း ကောင်းအတွင်းရေးမှူးကို အော်ငေါက်သည်။
"နင် စကားတစ်ခွန်း ပြောရဲပြောကြည့် နင့်လျှာကို ဖြတ်ပစ်ဖို့ လူလွှတ်လိုက်မယ်"