အပိုင်း(၄၆၅)

115 17 0
                                    

အပိုင်း(၄၆၅)

"မို့သူဌေး ။ ခင်ဗျား ဘာကို ပြောချင်နေတာလဲ"

ဆေးရုံအကြီးအကဲ၏ ပထမဆုံး တုံ့ပြန်မှုက သူ့ဆေးရုံ၏ ဂုဏ်သိက္ခာကို ကာကွယ်ချင်မှန်း သိသားလွန်းသည်။ မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့သော အမှားမျိုးက မိသားစုဝင်များ၏ အမှားလည်း ဖြစ်သွားနိုင်သည်။

"ရိုးသားဖြူစင်တဲ့လူတွေကို အပြစ်မတင်မိအောင် ကျွန်တော့်မိန်းမကို တခြားဆေးရုံခေါ်သွားပြီး တူညီတဲ့ စစ်ဆေးမှု လုပ်ခဲ့ပါတယ်။ ဆေးစစ်ချက်က ပေကျင်းဆေးရုံနဲ့ ရလဒ် တူခဲ့တယ်။ ချောင်ကန်ဆေးရုံ တစ်ခုပဲ ခြားနားနေတယ်။ ဒါကို ရှင်းပြပေးလို့ ရမလား"
မို့ထင်က အေးစက်စက် ပြောလိုက်စဉ် လုချယ်က တခြားဆေးစစ်ချက် တစ်ခုကို စားပွဲခုံပေါ် တင်ပေးသည်။

ချောင်ဆေးရုံအကြီးအကဲက ဆေးစစ်ရလဒ်ကို ကြည့်သည်။

"မို့သူဌေး၊ နားလည်မှုလွဲတာ တစ်ခုခု ရှိနေတာ သေချာမှာပါ"

"နားလည်မှုလွဲတာ မဟုတ်ဘူး။ ခင်ဗျားအတွက် ပါဝင်ပတ်သက်နေတဲ့ လူတွေ စာရင်းကို စုပေးထားတယ်"
မို့ထင်က လုချယ်ကို နောက်တစ်ကြိမ် မျက်နှာရိပ် မျက်နှာကဲ ပြသပြီး လုချယ်က ဆေးရုံအကြီးအကဲ ရှေ့နား ပတ်သက်သူ အားလုံး၏ နာမည်စာရင်း စာရွက်ကို ချထားသည်။
"ခင်ဗျား၊ သူတို့ကို တစ်ယောက်ချင်း မေးကြည့်လို့ ရပါတယ်"

နာမည်စာရင်းကို ကြည့်ပြီးနောက် မို့ထင်က လက်တုံ့ပြန်ရန် ဤနေရာသို့ ရောက်လာခြင်း ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ မို့ထင် ကျေနပ်လောက်သည့် အဖြေမပေးနိုင်လျှင် ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ပီအာအဖွဲ့က သူတို့ဆေးရုံ၏ ဂုဏ်သတင်းကို ချနင်းလိမ့်မည်။ ထို့ကြောင့် သူလည်း ရွေးချယ်စရာ မရှိသည့်အဆုံး စတေးရန် ဆုံးဖြတ်လိုက်သည်။

ထို့ကြောင့် ဆေးရုံအကြီးအကဲက ခေါင်းညိတ်လိုက်ပြီး သူ့လက်ထောက်ကို ညွှန်ကြားသည်။

"ထျန်းနင်ကို စစ်ဆေးတာ ကြီးကြပ်တဲ့ ဆရာဝန်ကို သွားခေါ်ပေး"

သူ့လက်ထောက်က ခေါင်းညိတ်လိုက်ပြီး လေးနက်သော မျက်နှာအမူအရာဖြင့် ခန်းမဆောင်ထဲမှ ထွက်ခွာသွားသည်။ ၁၀မိနစ်ကြာပြီးနောက် ထျန်းနင်ကို စစ်ဆေးပေးသည့် ဆရာဝန်နှင့်အတူတူ ပြန်ရောက်လာခဲ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now