ep 214+215+216

167 11 0
                                    

အပိုင်း(၂၁၄) အရှက်ကွဲခြင်း

"ငါ..."

သတင်းထောက်၏မျက်နှာက ကြောက်လန့်စိတ်ကြောင့် နီမြန်းနေသည်။

ဖန်ယွီက ပြောသင့်သည့်စကားကို ပြောလိုက်သည်။
"မင်းတို့ သတင်းထောက် လောကမှာ သတင်းလေးတစ်ပုဒ်ရတာနဲ့ ချဲ့ကားရေး မကောင်းသတင်းလွှင့်တာ ပုံမှန်ဖြစ်နေတာ ငါ သိပြီးသားပါ။ ဒါပေမဲ့ မင်းတို့ လုပ်ဇာတ်သတင်းတွေက တချို့ အနုပညာရှင်တွေကို ဘဝပျက်စေလောက်တဲ့အထိ ဆိုးရွားခဲ့တယ်။ တချို့အတွက်တော့ ဘာမှ သက်ရောက်မှု မရှိခဲ့ဖူးဘူး"

"မင်းတို့ဖွတဲ့ သတင်းတိုင်းက ငါတို့ဟိုက်ဟွေ့ရဲ့အနုပညာရှင်နဲ့ ပတ်သက်နေလို့ကတော့ ငါတို့ကုမ္ပဏီက ဒီအတိုင်း လက်ပိုက်ကြည့်နေမှာ မဟုတ်ဘူး။ ငါတို့ ဖျော်ဖြေရေးလုပ်ငန်းက အားလုံးရဲ့ နှလုံးသားမှာ နေရာယူနိုင်တာ တခြားကြောင့်တော့ မဟုတ်ဘူး။ ငါတို့ရဲ့ အနုပညာရှင်တွေကို ငါတို့ကိုယ်တိုင်က ရတနာတစ်ပါးလို တန်ဖိုးထားခဲ့လို့ပဲ။ ဟိုက်ဟွေ့ လုပ်ငန်း တည်ရှိနေသရွေ့ အားလုံးရဲ့နှလုံးသားထဲမှာ နေရာယူနိုင်မှာပါ။ ဒါကြောင့် ဖျော်ဖြေရေး လောကမှာ မလျော်ကန်တဲ့ အပြုအမူမျိုးကို မီဒီယာဘက်က လုပ်လာတာနဲ့ ငါတို့ကို  ကျူးလွန်တဲ့သူက အဆုံးအထိ တိုက်ခိုက်သွားမယ်လို့ လေးလေးနက်နက် ကတိပြုတယ်"

"ထျန်းနင် နဲ့ ဟန်ရှင်းအာရဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီနေ့ ပြောချင်တာတော့  အချက်အလက်တွေနဲ့ ပြောသွားချင်တယ်။ ပထမအနေနဲ့ ဟန်ရှင်းအာကို ကူညီပေးသင့်တဲ့ တာဝန်ဝတ္တရားမျိုး ထျန်းနင်မှာ မရှိဘူး။ ဒါကြောင့် ဟန်ရှင်းအာနဲ့ သင့်လျော်တဲ့ ကျောက်ကပ်ကို ရှာပေးခဲ့ရုံနဲ့ ထျန်းနင် အတတ်နိုင်ဆုံး  သိက္ခာရှိရှိ ကူညီပေးခဲ့တယ်လို့ ယူဆလို့ရတယ်"

"ဒုတိယအချက်အနေနဲ့ ဟန်ရှင်းအာရဲ့ ရောဂါပြင်းထန်နေတဲ့ အခြေအနေမျိုးမှာ ထျန်းနင်ကို အကူအညီတောင်းဆက်သွယ်ခဲ့တာမျိုး မရှိခဲ့ဖူးဘူး ကြားလူက အရေးကြီးတဲ့ သတင်းကို ကြန့်ကြာအောင် လုပ်ခဲ့ဖူးတယ်။ အခုလို ကောလာဟလ ထွက်လာမှ ထျန်းနင်လည်း သိခဲ့ရတာပဲ။ ထျန်းနင်က ဟန်ရှင်းအာကို စော်ကားပါတယ်ဆိုတဲ့ စကားလုံးတိုင်းက အလိမ်အညာတွေပဲ။ ဒီလို မဟုတ်မမှန် သတင်းမျိုးကို ဆက်ဖြန့်နေရင်တော့ ငါတို့ဟိုက်ဟွေ့က အဲဒီလူကို စုံစမ်းရလိမ့်မယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now