အပိုင်း(၄၅၂)

65 6 0
                                    

အပိုင်း(၄၅၂)

မိနစ်ပိုင်းမျှ တုန်လှုပ်ပြီးနောက် အလွန်အမင်း ပျော်ရွှင်သော ခံစားချက်များ လွှမ်းမိုးသွားသည်။ မို့ထင်က ထျန်းနင်ကို ကြင်ကြင်နာနာ ပွေ့ဖက်ပြီး သူတို့မိဘ ဖြစ်တော့မည့် အကြောင်းကို ပြောချင်နေမိသည်။

သူ့သွေးများ စီးဆင်းနေသော အသေးလေးက ထျန်းနင်၏ ခန္ဓာကိုယ်ထဲ ရောက်နေသည့် အကြောင်းကို တွေးမိ၍ သူ အရမ်းကို စိတ်လှုပ်ရှား တက်ကြွနေသည်။ သူ့ခန္ဓာကိုယ် တစ်ကိုယ်လုံး ဂုဏ်ယူဝင့်ကြွားသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။

သူ အဖေ ဖြစ်တော့မည်။

သူ တစ်ခါမျှ မခံစားဖူးသော အတွေ့အကြုံဖြစ်သည်။

အမြန်အဆန် ပြင်ဆင်ပြီးနောက် မို့ထင်က ဆိုဖာပေါ် ထိုင်ကာ သစ်သီး လှီးနေသော ထျန်းနင်ကို တွေ့ရသည်။ သူက ချက်ချင်း ထျန်းနင်အနား ပြေးလာပြီး သူမ၏လက်ထဲမှ ဓားကို ဆက်ခနဲ ဆွဲယူသည်။
"ဘာမှ မလုပ်ဖို့ ချစ်လေးကို ပြောထားတယ်လေ မေ့သွားတာလား"

"ချစ်လေးက သစ်သီး လှီးတာလေ"
လုံကျဲနှင့်အတူတူ စစ်ဆေးခဲ့သည့် hCG သွေးစစ် အဖြေက ဤနည်းလမ်းဖြင့် သူမကို ကူညီပေးလိမ့်မည်ဟု ထျန်းနင် မတွေးမိခဲ့ပေ။ သူမကို မို့ထင်၏ ဗျာပါဒများနေသော အပြုအမူက ဒွိဟ ဖြစ်စေသည်။

"ဒီလိုနေ့မျိုးမှာ အန္တရာယ်များတဲ့ ဓားတွေကို မကိုင်ဘဲ အေးအေးဆေးဆေး ထိုင်နေတာ အကောင်းဆုံးပဲ"
မို့ထင်က ထျန်းနင် ဓားကိုင်ခြင်းကို ဟန့်တားရန် သင့်လျော်သော အကြောင်းပြချက် ပေးသည်။

ထျန်းနင်က ရယ်ရ ငိုရခက်နေသည်။ သို့သော်လည်း သူမက နောက်ဆုံးတော့ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ပါပြီ၊ ယောက်ျားစကားကို နားထောင်ပါ့မယ်"

မို့ထင်က မီးဖိုချောင်ထဲ မဝင်သွားခင် ထျန်းနင်၏ဆံပင်ကို ဖွဖွလေး သပ်ပေးသည်။

ဆေးရုံ ဝန်ထမ်းမှလွဲ၍ ထျန်းနင် ကိုယ်ဝန်ဆောင် ထားရသည့် ကိစ္စကို ပထမဆုံး သိရှိသူက သူဖြစ်နေသည်ကို ယခုထိတိုင် မယုံကြည်နိုင်သေးပေ။

ရက်တွက်ချက်ကြည့်လျှင် သူတို့ အကာအကွယ် မသုံးခဲ့သည့်နေ့က ကိုယ်ဝန် ရသွားခြင်း ဖြစ်နိုင်သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now