Ep 379+380+381

102 9 0
                                    

အပိုင်း(၃၇၉)

သိပ်မကြာလိုက် မို့ထင်က အစားအသောက်များ ပြင်ဆင်ကာ အခန်းထဲ ပြန်ရောက်လာသည်။ ထျန်း‌နင် ဦးခေါင်းလေးကို မော့လိုက်ပြီး
"ပိုင်ချန်သုန်ကို သွားတွေ့ချင်တယ်"

"သွားတွေ့ဖို့ မလိုအပ်တော့ဘူး"
မို့ထင်က ထျန်းနင်၏အိပ်ရာ အစွန်းမှာ ထိုင်ပြီး သူမကို ဆွဲထူသည်။ ထို့နောက် သူမကို ဂရုတစိုက် အစားအသောက် ခွံကျွေးသည်။

သူမ၏သံသယမျက်ဝန်းအကြည့်ကြောင့် သူ ရှင်းပြသည်။
"ရှင်းအာက သူ့ကို ဂရုစိုက်ပေး နေတယ်"

"ပြီးတော့ လျော်ကြေးအနေနဲ့ ရှင်းအာကို ပေးလိုက်တယ်"

"ယောက်ျား ပြောချင်တာက..."

"မိန်းမ ထင်သလိုပဲ။ သူက ရှင်းအာကို သဘောကျနေတာ။ ရှင်းအာ အကြောင်း သူ ဘယ်လိုသိသွားလဲ မသိပေမဲ့ သူက စိတ်လိုက်မာန်ပါ ပြုမူတတ်တဲ့ လူတန်းစားမျိုး မဟုတ်ဘူး။ သူက တခြားသူကိစ္စ ဝင်မရှုပ်တတ်သလို သယ သဘောမကျဘဲ ဟန်ဆောင်မကြိုက်တတ်ဘူး"

မို့ထင်က ချိုချိုသာသာ ရှင်းပြသည်။ ထို့နောက် သူက ထျန်းနင်ကို လေးလေးနက်နက် ကြည့်လိုက်သည်။

"ပိုင်ချန်သုန်က တကယ့် ကိုယ့်ရဲ့ တစ်ဝမ်းကွဲ အစ်ကိုပါ။ သူက ကိုယ့်ထက် ရက်ပိုင်းလောက် အသက်ပိုကြီးတယ်"

"တစ်ဝမ်းကွဲ ညီအစ်ကိုတွေလား"

"ဟုတ်တယ်။ သူက ရှင်းအာကို သဘောကျနေတာ။ ရှင်းအာ အကြောင်း ဘယ်လိုသိသွားလဲတော့ မပြောတတ်ဘူး။ သူက စိတ်လိုက်မာန်ပါ ပြုမူတတ်တဲ့သူတော့ မဟုတ်ဘူး။ တခြားသူ ကိစ္စ ဝင်ပါရတာလည်း သဘောမကျဘူး။ သူ့စိတ်ထဲ မပါဘဲ သဘောကျချင်ယောင်လည်း မဆောင်တတ်ဘူး"
မို့ထင်က ထျန်းနင်ကို လေးလေးနက်နက် ကြည့်ရှုပြီး ချိုသာစွာ ရှင်းပြသည်။
"ပိုင်ချန်သုန်က တကယ်လည်း ကိုယ့်တစ်ဝမ်းကွဲအစ်ကိုပါ။ သူက ကိုယ့်ထက် ရက်ပိုင်းလောက် အသက်ပိုကြီးတယ်"

"တစ်ဝမ်းကွဲ ညီအစ်ကိုတွေလား။ ဒါကြောင့် ချစ်လေး သဘောမကျဘူးလို့ ဂျီးမများတာကိုး"
ပိုင်ချန်သုန်က သူမလို လူသစ်တစ်ဦးနှင့် အလုပ်တွဲလုပ်ရန် သဘောတူခဲ့သည့် အကြောင်းအရင်း အမှန်ကို သဘောပေါက်သွားသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now