အပိုင်း(၅၀၉)

84 10 0
                                    

အပိုင်း(၅၀၉)

ထျန်းနင်က အနုပညာအလုပ်များကို ရပ်နားခဲ့ရခြင်းက ထျန်းရွှမ်ကြောင့်ဟု အရိပ်အမြွက်ပြခြင်း ဖြစ်သည်။

"ငါ့ဖြစ်တည်မှုက နင့်ကို နေ့တိုင်း အခက်တွေ့စေတယ်လား ဟုတ်လား"
ထျန်းနင်က ထျန်းရွှမ်အနား တိုးကပ်ကာ မေးမြန်းသည်။

ထို့နောက် ထျန်းရွှမ်၏အနား တိုးကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
"အခုမှ အစပဲရှိသေးတယ်"

"အရင်တုန်းက နင်နဲ့ တိုက်ခိုက်ဖို့ စိတ်မဝင်စားဘူး။ နင်ကပဲ ငါ့ကို ဒီအခြေအနေရောက်အောင် တွန်းပို့ခဲ့တာ။ ငါ့မှာလည်း ရွေးချယ်စရာ မရှိတဲ့ အဆုံး နင်နဲ့ ပြိုင်ဆိုင်ပေးရတာပေါ့။ နင်ရဲ့ဖော်ရွေတဲ့ ဟန်ဆောင်မျက်နှာဖုံးကို တခြားသူ သိသွားတာပေါ့"

ထိုစကားကိုပြောပြီးနောက် ထျန်းနင်က နောက်ပြန်ဆုတ်လိုက်ပြီး ကျေနပ်ပြုံး ပြုံးသည်။

အနုပညာလောကထဲ ပြန်ဝင်လာတည်းက သူမ ဘဝ၏ဆောင်ပုဒ်ကို ကြေညာထားပြီးသားဖြစ်သည်။ သူမဘက်မှ အရင်ဆုံး တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။ သူမကို ရန်ရှာလာလျှင် ရန်သူကို မိုးမြေအဆုံးအထိ လိုက်လံရှာဖွေကာ လက်စားချေသွားမည်။

ထျန်းရွှမ်က ထျန်းနင်ကို စူးစူးရဲရဲ ကြည့်သော်လည်း သူမက ထျန်းနင်ကို လုံးဝ မယှဉ်နိုင်ဟု ခံစားမိလာသည်။

ထို့နောက် ထျန်းနင်က ဒေါသထွက်နေသော ထျန်းရွှမ်ကို အခန်းထဲ တစ်ဦးတည်း ချန်ခဲ့သည်။ ထျန်းရွှမ်က အခန်းထဲမှ စီအီအို ထိုင်ခုံကို ငေးစိုက်ကြည့်ကာ ဒေါသစိတ်ကြောင့် တုန်ရီနေသည်။

တကယ်တမ်း ထျန်းနင်၏ သတင်းက ကုမ္ပဏီ တစ်ခုလုံး အလျင်အမြန် ပြန့်သွားခဲ့သည်။

"ငါတို့ရဲ စီအီအိုအသစ်က ထျန်းနင် ဖြစ်နေတာပဲ။ ဒါဆိုရင် သူ့ကို ခဏခဏ တွေ့ရတော့မယ် သဘောလား။ သူ့လက်မှတ်လေး လိုချင်လိုက်တာနော်"

"ဖျော်ဖြေရေး လောကမှာ အောင်မြင်တဲ့ ထျန်းနင်က ငါတို့ ထျန်းအုပ်စုကို ဦးဆောင်ရင် ဘယ်လိုများ ဖြစ်မလဲ သိချင်နေတာ အခုတော့ အိပ်မက်တွေ တကယ် ဖြစ်လာပြီနော်။ ထျန်းနင်က မျိုးဆက်သစ်တွေ အတွက် အတုယူထိုက်သူပဲ။ သူသာ ထျန်းအုပ်စုကို အောင်အောင်မြင်မြင် စီမံ့ခန့်ခွဲနိုင်ရင် သူ မလုပ်နိုင်တာ ဘာရှိသေးလို့လဲ"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now