Ep 394+395+396

118 9 0
                                    

အပိုင်း(၃၉၄)

မို့ထင်က ထျန်းနင်တို့သားအမိအတွက် ဇိမ်ခံကားလေး စီစဉ်ပေးသည်။

သူတို့သားအမိက ကြယ်ငါးပွင့် ဟိုတယ်  အချိန်မီ ရောက်လာခဲ့သည်။ ဤဟိုတယ်ကို ဆယ်လီများ မကြာခဏ လာလည်တတ်သည်။ သို့သော်လည်း သူတို့က လူတိုင်း၏ စိတ်အာရုံကို ပို၍ ဖမ်းစားနိုင်သည်။

ရှားယွီလင်းက သူ့ခင်ပွန်းသည်၏ အပြစ်ကို ဖော်ထုတ်ကာ သမီးကို ကာကွယ်ပေးခဲ့သည့် မိခင်ကောင်း ဖြစ်နေ၍ သူမ၏ခန္ဓာကိုယ်မှ ဖြာလဲ့လာသော ကိုယ်ရောင်ကိုယ်ဝါများကို တခြားသူ လျစ်လျူမရှုနိုင်ပေ။

"အမေ၊ သမီးနဲ့အတူတူ ရုပ်ရှင်မင်းသမီးအနေနဲ့ ပွဲဦးထွက်ပါလား။ အမေကို ဝိုင်းကြည့်နေတဲ့သူတွေ အများကြီးပဲ"
ထျန်းနင် ရယ်ချင်စိတ်ကို ထိန်းချုပ် မရခဲ့ပေ။

"အမေ အသက်အရွယ်ကို သမီး မေ့နေသလား။ အမေ့သမီးလေးက အမေ့ကို ကျီစားနေသလားကွယ်"
ရှားယွီလင်း ပြုံးလိုက်ပြီး ဘေးဘယ်ညာကို စောင်းငဲ့ကြည့်လိုက်သည်။
"မို့ထင် ဘယ်ရောက်နေလဲ"

"သူ့မှာ ဦးစားပေးလုပ်ရမယ် တခြားကိစ္စလေး ရှိသေးတယ်လေ။ အမေ့ရဲ့သားမက်လေး မထွက်သွားပါဘူး"
ထျန်းနင်က သူမ၏ဘေးနားမှာ သူမ၏မိခင် ရှိနေပေး၍ ယခင်ထက် ပို၍ ပျော်ရွှင်နေသည်။
"စိတ်မပူပါနဲ့။ ခဏနေရင် ရောက်လာမှာပါ"

"သားမက်လေးကို  အရမ်း အလုပ် မလုပ်ခိုင်းနဲ့။ အလုပ်ဒဏ်ပိနေလို့ မို့မိသားစုဝင်တွေ ရင်ကျိုးနေပါဦးမယ်"

"သမီးရဲ့နှလုံးသားလေးတော့ တစ်စစီ ကြေမွနေပြီ အမေ"
ထျန်းနင်က သူ့အမေ၏လက်မောင်းကို လှမ်းချိတ်ပြီး ဓာတ်လှေကား ရှိရာသို့ ချီတက်သည်။ ထို့နောက် စားပွဲထိုး၏ ဦးဆောင်လမ်းညွှန်းမှုဖြင့် သူမတို့ ကြိုတင်စာရင်းပေးထားသည့် သီးသန့်ခန်းရှိရာသို့ ဦးတည်လာခဲ့သည်။

"ဒီလမ်းအတိုင်း ဆက်သွားပါ။ တခြား ဧည့်သည်တော်တွေ ရောက်နေပါပြီ"

ရှားယွီလင်းက အပြုံးလေးကို ဆင်မြန်းလိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့် ရှေ့ဆက်လှမ်းသည်။ ထိုမြင်ကွင်းကြောင့် ထျန်းနင်၏မျက်နှာအမူအရာလည်း လေးနက်သွားခဲ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now