Ep 349+350+351

116 6 0
                                    

အပိုင်း(၃၄၉)

 
ထျန်းနင်က ခေါင်းမော့ ရင်ကော့ကာ အခန်းထဲမှ ထွက်ခွာသွားသော်လည်း လူရွေးပွဲခန်းမက အုတ်အော် သောင်းနင်း ဖြစ်ကာ ကျန်ရစ်ခဲ့သည်။
 
 
လူရွေးပွဲ တစ်ခန်းလုံး၏ ချီးမွမ်းခံရသော သရုပ်ဆောင်မင်းသမီးက သူတို့အားလုံး သပိတ်မှောက်ခဲ့သည့် ထျန်းနင် ဖြစ်နေလိမ့်မည်ဟု မည်သူမျှ မတွေးခဲ့ဖူးချေ။
 
 
အထူးသဖြင့် ထျန်းနင်က သူမ၏သရုပ်ဆောင် အရည်အချင်း နှင့် သူမကိုယ်သူမ သက်သေထူရန် ယခုလိုနည်းလမ်းကို သုံးခဲ့လိမ့်မည်ဟု မမျှော်လင့်ခဲ့ဖူးပေ။
 
 
 
ယနေ့ သူမ၏သရုပ်ဆောင်မှုကို မျက်မြင်တွေ့ရသူများ ကူကယ်ရာမဲ့ သက်ပြင်းချမိသည်။ ထျန်းနင်က သရုပ်ဆောင်နိုင်စွမ်း လုံးဝ မရှိသူဟု သမုတ်လျှင် ဇာတ်ကားတစ်ကားလုံး မျက်နှာထား တစ်မျိုးတည်းဖြင့် သရုပ်ဆောင်နိုင်စွမ်း ရှိသော သူတို့ အိုင်ဒေါ့လ်များကို မည်သည့် အဆင့် သတ်မှတ်ရမည်နည်း။
 
 
 
တစ်နည်းအားဖြင့်ဆိုရသော် ထျန်းနင်က သဘာဝကျကျ အဆင်ပြေချောမွေ့အောင် သရုပ်ဆောင်သွားခဲ့သည်။
 
 
အကဲဖြတ်ဒိုင်အားလုံးလည်း မျက်နှာပျက်နေသည်။ သူတို့အားလုံး ပူးပေါင်းပြီး ထျန်းနင်ကို သပိတ်မှောက်ခဲ့မိ၍ နောင်တကြီးလေးစွာ ရမိသည်။ ယခုအချိန်မှ စ၍ တစ်လောကလုံးကို မည်သည့် မျက်နှာမျိုးဖြင့် ရင်ဆိုင်ရမည်နည်း။ တခြားသူများကို ရင်ဆိုင်ရမည့် အခြေအနေ ရှိနိုင်မည်လော။
 
 
လူရွေးချယ်ပွဲ ခန်းမဆောင်မှ ထွက်လာပြီးနောက် ထျန်းနင်က သူ့ကို စောင့်မျှော်နေသော မို့ထင်၏ကားပေါ် တက်ခဲ့သည်။ ထိုစဉ် တစ်စုံတစ်ယောက်က သူမကို သတိထားမိသွားသည်။
 
 
"စောနက ထွက်သွားတဲ့စုံတွဲက ထျန်းနင် နဲ့ မို့ထင် မလား"
 
 
"ဖြစ်နိုင်ပါ့မလား။ သူတို့က ဘယ်လိုဖြစ်ပြီး 'Gunshot' လူရွေးပွဲကို လာတာလဲ"
 
 
"အို... ငါ မျက်စိမှောက်တာ ဖြစ်မှာပါလေ"
 
 
အပြာရောင် Maybachကားလေးသည် ဤနယ်မြေမှ ပျောက်ကွယ်သွားပြီး လူတိုင်းကို ပျာယာခတ် စိတ်လှုပ်ရှားစေသော ခံစားချက်များဖြင့် ချန်ရစ်ခဲ့သည်။
 
 
လူရွေးပွဲ ဝင်ရောက် မယှဉ်ပြိုင်ရသေးသည့် လူအယောက် ၁၀၀ကျော် ကျန်နေပါသေးသည်။ သို့သော်လည်း ထျန်းနင်၏သရုပ်ဆောင်မှုကို မြင်တွေ့ပြီးနောက် အကဲဖြတ်ဒိုင်လူကြီးက ထျန်းနင်သည် ဇာတ်ကောင်စရိုက်နှင့် အသင့်လျော်ဆုံးဟုသာ ခံစားမိသည်။
 
 
အစောပိုင်းက အဆင်ပြေနိုင်သည်ဟု ခံစားဖူးသော ကျန်းရိတန့် ကိုယ်တိုင်ပင် ထျန်းနင်နှင့် နှိုင်းယှဉ်ကြည့်လျှင် အားနည်းချက်များ ရှိနေသည်။
 
 
 
 
"ဟေ့ နင်တို့တွေ သတင်းကြား ပြီးပြီလား။ ထျန်းနင်က Gunshot ဇာတ်ကား လူရွေးပွဲကို ရောက်လာတယ်တဲ့"
 
 
 
 
"သူက ဘာသွားလုပ်တာလဲ။ အဲဒီမှာ မော်ဒယ်ရှိုးလ် သွားလျှောက်တာလား"
 
 
"ငါ နင့်ကို ဗီဒီယိုလေးပြမယ်။ အဲဒီ ဗီဒီယိုကို ကြည့်ရင် နင်နားလည်လိမ့်မယ်"
 
 
ထျန်းနင်၏ ဗီဒီယိုကို မထင်မပေါ် သတင်းအရင်းမြစ်က အွန်လိုင်းမှာ တင်ခဲ့သောကြောင့် ကောလဟာလ သတင်းများ စတင်ပြန့်ခဲ့သည်။
 
 
ထို့အပြင် Gunshot လူရွေးပွဲကို ထျန်းနင်ရောက်လာသော သတင်းက  ချက်ချင်း ဟိုးလေးတကျော် ဖြစ်ခဲ့သည်။
 
 
လူတိုင်းက ထျန်းနင် ၏သရုပ်ဆောင်စွမ်းရည်ကို သံသယဝင်ကာ ဗီဒီယိုကိုဖွင့်ကြည့်ခဲ့ပြီး တစ္ဆေမြင်တွေ့ရသော မျက်နှာအမူအရာဖြင့်  ၎င်းတို့၏ဖုန်းကိုပိတ်ခဲ့ကြသည်။
 
 
ထို့နောက် ဗီဒီယိုကြည့်မိသူ အားလုံး အချိန်အတော်ကြာအောင် တုန်လှုပ်သွားကြသည်။
 
 
"ထျန်းနင်က သူ့ကို ဝေဖန်ခဲ့တဲ့သူတွေကို လက်စားချေဖို့  ဒီနည်းလမ်းကို တကယ်သုံးခဲ့တာပဲ။ ဒါပေမဲ့ ထျန်းနင်က တကယ့်ကို တော်ပါတယ်။ ငါတော့ သူ့ကို ဦးညွှတ်ပါတယ်..."
 
 
"ထျန်းနင်ကြောင့် ဖျော်ဖြေရေး လောကတစ်ခုလုံး အရှက်ရတယ်လို့ ဒါရိုက်တာ ကျန်း ပြောခဲ့တာမလား။ ထျန်းနင်က သူ့ကို အကွက်ကျကျ လက်တုံ့ပြန်ခဲ့တာပဲ"
 
 
" ငါ သတင်းကြားထားတာတော့ အဲဒီ ဒါရိုက်တာကျန်းက ထျန်းနင် မှန်းတောင် မသိဘဲ ထျန်းနင်ကို သူ ရိုက်ကူးမယ် ရုပ်ရှင်မှာ ပါဝင်ဖို့ ဖိတ်ခေါ်သတဲ့။ ဒါပေမဲ့ ထျန်းနင်က ချက်ချင်း ပြန်ငြင်းတာတဲ့ကွာ။ သူ့အစား ရှက်မိတယ် ဟား ဟား ဟား"
 
 
"ထျန်းနင်က အမျှော်အမြင် ရှိတဲ့ မိန်းမလှလေးလေ။ ဘယ်လို ပြုမူ ရမလဲ။ ဘာဆက်လုပ်သင့်လဲ သိတာပေါ့။ ထျန်းနင် သရုပ်ဆောင်သွားတာပဲ ကြည့်လေ။ တကယ့်ကို တခြားသူ တစ်ယောက်လို ပြောင်းလဲသွားတာ။ အရည်အချင်းပြည့်ဝတယ်"
 
 
"ငါကတော့ ထျန်းနင်ရဲ့ အရည်အချင်းကို အရင်တည်းက သတိထားမိတယ်။ ထျန်းနင် ကြော်ငြာရိုက်ရင် အဲဒီကုန်ပစ္စည်းရဲ့ အနှစ်သာရကို အမိအရ ပုံဖော်နိုင်တယ်။ အဲဒီအရည်အချင်းကို လက်တွေ့ကျကျ အသုံးချပြီး သရုပ်ဆောင်ရင် သုံးလိုက်တာ ဖြစ်မယ်။ ငါတော့ ထျန်းနင်ရဲ့ အရည်အချင်းကို လက်ခံယုံကြည်တယ်"
 
 
 
"မျှမျှတတ ဝေဖန်ရင် ထျန်းနင်က ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကျော်နေတဲ့ တခြားသူတွေထက် သာလွန်ပါတယ်ဟာ၊  ရုပ်ရှင်လောကမှာ  လူသစ်တွေကို လက်တွဲခေါ်သင့်တယ်"
 
 
 
"ဒါနဲ့လေ 'Stupid' ရဲ့တရားဝင်ဝဘ်ဆိုဒ်မှာ အမျိုးသမီးဇာတ်ဆောင်က သူ့ကလေးကို စွန့်ပစ်ခဲ့တဲ့အပိုင်းကို ဖတ်ခဲ့ရတယ်။ အဲဒီ ဇာတ်ဝင်ခန်းကို ထျန်းနင် ဘယ်လိုများ သရုပ်ဖော်မလဲ သိချင်လှပြီ"
 
 
"ထျန်းနင်က အရမ်းမိုက်တယ်"
 
 
ထျန်းနင်က ဖက်ရှင်ပွဲတော်ကို တက်ရောက်ပြီး နိုင်ငံတကာတန်းဝင် စူပါမော်ဒယ်တစ်ယောက် ဖြစ်လာသင့်သည်ဟု မူလတုန်းက လူတိုင်း  ယုံကြည်လက်ခံခဲ့သည်။ ထို့ကြောင့် လည်း ထျန်းနင် သရုပ်ဆောင် အလုပ်ကို ရွေးချယ်လိုက်သည့်အခါ ထျန်းနင်က သရုပ်ဆောင်နိုင်စွမ်း မရှိဟု ပြစ်တင် ဝေဖန်ကြသည်။
 
 
လူတိုင်း၏ ဝေဖန်မှုကို တုံ့ပြန်ရန် ထျန်းနင်က Gunshots ဇာတ်ကား၏ လူရွေးပွဲ ဝင်ရောက် ယှဉ်ပြိုင်ကာ သူမ၏အရည်အချင်းကို သက်သေထူခဲ့သည်။
 
 
အကျိုးဆက်အနေဖြင့် 'Stupid'ရုပ်ရှင်အတွက် မျှော်လင့်ချက်ရောင်ခြည်များ တဖန် လင်းလက်ခဲ့သည်။
 
 
 
'Stupid'ရုပ်ရှင်က သတင်းမီဒီယာများကို အင်တာဗျူးခွင့် ပေးခဲ့ပြန်သည်။အရည်အချင်း ပြည့်မီသော သတင်းထောက်များကို  ရိုက်ကွင်း ဝင်ရောက်ခွင့် ပြုမည်ဟု ကြေညာခဲ့သည်။
 
 
 
ထျန်းနင်ကို အင်တာဗျူးခွင့် ရရန် သတင်းသမားများ စောင့်မျှော်နေကြသည်။ ထိုစဉ် မို့ထင်က ထျန်းနင်နှင့် မလှမ်းမကမ်းမှာ မတ်တတ်ရပ်နေပြီး သူမ၏အပေါ်အင်္ကျီလေးကို ကိုင်ဆောင်ပေးထားသည်။
 
 
မိနစ်၂၀ ကြာပြီးနောက် ထျန်းနင်က သူမ ရိုက်ကူးနေသည့် ဇာတ်ဝင်ခန်းကို အပြီးသတ် ရိုက်ကူးခဲ့သည်။ သတင်းထောက်များက သူမအနား ချက်ချင်း ချဉ်းကပ်လာပြီး  ယဉ်ကျေးပျူငှာစွာ မေးမြန်းသည်။
 
"ထျန်နင်၊ နေကောင်းလား၊ ကျွန်မတို့ အချိန်နည်းနည်းလောက် ပေးလို့ရမလား"
 
ထျန်နင်က မို့ထင်ကို လှမ်းကြည့်သည်။ မို့ထင်က အဆင်ပြေကြောင်း အမူအရာပြမှ  သတင်းထောက်များ ဘက်လှည့်ကာ  ခေါင်းညိတ်ပြသည်။
 
“ဟုတ်ကဲ့ အဆင်ပြေပါတယ်”
 
"မော်ဒယ်ဘဝကနေ မင်းသမီးတစ်လက် ဖြစ်လာအောင် ဘယ်လိုမျိုး သဘာဝကျကျ သရုပ်ဆောင်ခဲ့တာလဲ"
 
 
"ထွေထွေထူးထူး နည်းလမ်းတော့ မရှိပါဘူး။ ရုပ်ရှင်ရိုက်နေရင်း ဇာတ်ကောင်စရိုက်ကို မုသွင်းလိုက်တာပါ။ ဇာတ်လမ်းကို သရုပ်ဖော်သွားရုံပါပဲ။ ဒီလောက်ပါပဲ"
 
 
"အများစုက ထျန်းနင်ကို သံသယဝင်ခဲတုန်းက အကြောင်းလေးတွေ ပြောကြတာပေါ့။ အတင်းအဖျင်းတွေကို ဖယ်ရှားဖို့ ထျန်းနင်က ကိုယ့်နည်းကိုယ့်ဟန်ကို သုံးခဲ့ပေမဲ့ လူတိုင်း သံသယဝင်နေတဲ့ အချိန်တုန်းက ဘယ်လိုများ ခံစားခဲ့ရလဲ"
 
အမျိုးသမီး သတင်းထောက် တစ်ဦးက မေးမြန်းသည်။
 
ထျန်းနင်က အဆင်မပြေဖြစ်နေသော ဆံပင်တုကို ပြုပြင်လိုက်ပြီး ပြုံးသည်။
 
"သူတို့ ကျွန်မကို သံသယဝင်တာ သူတို့ ခံစားချက်နဲ့ သူတို့ မျှော်လင့်ချက်တွေကြောင့်ပါ။ အလုပ်ကြိုးစားတဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အားထုတ်မှု အလဟဿ မဖြစ်ခဲ့လို့ ဝေဖန်သူတွေကို ကျေးဇူးတောင် တင်မိတယ် ၊ ကျွန်မလည်း ပျော်ပါတယ်"
 
"မင်းအတွက်မင်းရော မပျော်ဘူးလား"
 
 
"သူတို့ရဲ့အပြုအမူတွေက ကျွန်မကို စိတ်ဆိုးအောင် မတွန်းပို့ခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်မ တစ်ခုတော့ မျှော်လင့်မိတယ်။ ဒီလောကထဲ အခုမှရောက်လာတဲ့ လူသစ်ဖြစ်ဖြစ် လုပ်ငန်းကျွမ်းကျင်တဲ့ လူဟောင်းဖြစ်ဖြစ် ဘယ်သူကို မဆို လေးစားမှု ပေးသင့်တယ်"
 
ထျန်းနင်က လေးလေးနက်နက် ဖြေသည်။
 
"ပရိသတ်တွေအနေနဲ့ ပုဂ္ဂိုလ်စွဲ မစွဲသင့်ဘူးလို့တော့ ထင်မိတယ်။ ကျွန်မ သရုပ်ဆောင်တာကို မြင်ပြီးမှ ဝေဖန်စာ ရေးရင်တော့ ကျွန်မ ပိုအလုပ်ကြိုးစားသင့်တယ်လို့ ခံယူမိပြီး ကျွန်မအတွက် တွန်းအား ဖြစ်လာမှာပါ။ အခုက ကျွန်မ သရုပ်ဆောင်တာကိုတောင် မမြင်ဖူးဘဲ ကျွန်မက အနုပညာလောက တစ်ခုလုံးကို အရှက်ရစေသလို ပြောနေတာ ဖြစ်သင့်ရဲ့လား။ လူရွေးပွဲကို မသွားခဲ့ရင်တောင် အချိန်တန်လို့ ရုပ်ရှင်ထွက်လာရင် ဝေဖန်ခဲ့တဲ့သူတွေပဲ အရှက်တကွဲ ဖြစ်မှာပါ"
 
 
 
"ကျွန်မ ဘယ်သူနဲ့မှ ရန်သူ မဖြစ်ချင်ပါဘူး။ အခု ကျွန်မ ရိုက်ကူးနေတဲ့ 'Stupid'ရုပ်ရှင်ကို အကောင်းဆုံး ဖြစ်စေချင်ရုံပါ"
 
 
 
" ကျွန်မကို ဝေဖန်တာကို ကျွန်မ လက်ခံနိုင်ပါတယ်။ အမြဲလည်း ကြိုဆိုနေပါတယ်။ ဒါပေမဲ့ တစ်ချက်တော့ ပွင့်ပွင့်လင်းလင်း ပြောထားချင်တယ်။ ရှင်တို့တွေက ကျွန်မကို အရင်ဆုံး မတိုက်ခိုက်လာရင် ကျွန်မကလည်း ပြန်တိုက်ခိုက်မှာ မဟုတ်ဘူး"
 
 
"ကျွန်မမှာ တခြားသူတွေကို တိုက်ခိုက်ချင်တဲ့ အတွေးမျိုးလည်း ရှိမနေပါဘူး။ ပြီးတော့ ခမ်းနားထည်ဝါတဲ့ ရည်မှန်းချက်လည်း မရှိဘူး။ ကျွန်မ အလိုလားဆုံး ဆန္ဒက 'Stupid'ရုပ်ရှင် ပြီးမြောက်ဖို့ ကျွန်မ အကောင်းဆုံးကြိုးစား အားထုတ်သွားမယ်"
 
 
"တစ်ဖက်က တရားလွန် မဖြစ်လာသရွေ့ ကျွန်မ သည်းခံမယ်။ ဘာလို့ဆို ကျွန်မက အမှန်တရားကို မြတ်နိုးလို့ ဝေဖန်မှုကို ခါးစည်းခံနိုင်ပါတယ်။ ကျွန်မရဲ့ အနာဂတ် အစီအစဉ်ကို သိချင်ရင်တော့ ကျွန်မရဲ့ မန်နေဂျာကိုပဲ မေးသင့်တယ်။ ကျေးဇူးတင်ပါတယ်"
 
 
 
 
ထိုစကားကို ပြောပြီးနောက် ထျန်းနင်က မို့ထင်အနား လျှောက်လှမ်းသွားပြီး ဆံပင်တုကို ဖယ်ရှားကာ မို့ထင် ကမ်းပေးသော အပေါ်အင်္ကျီကို ခန္ဓာကိုယ် လွှမ်းလိုက်သည်။
 
 
 
 
ထျန်းနင်က သူမ၏ပွဲဦးထွက် ပွဲတည်းက ပွင့်ပွင့်လင်းလင်း နှင့် ရင်ထဲမှ ခံစားချက်အတိုင်း အင်တာဗျူး ဖြေလေ့ရှိသည်။
 
 
သူမ၏စကားလုံးတိုင်းက ခွန်အားပြည့်နေသော်လည်း သူမ၏စိတ်ရင်းက ဖြူစင်ပါသည်။
 
 
သူမက သူမ လုပ်ဆောင်ရမည့် အလုပ်ကို အကောင်းဆုံး လုပ်ဆောင်ခဲ့ပြီး ရန်သူ ဖွဲ့ချင်သည့် အတွေးမျိုး မရှိခဲ့ပေ။ တစ်စုံတစ်ယောက်က သူမကို အရင်ဆုံး တိုက်ခိုက်် လာခဲ့လျှင် သူမက ကြောက်လန့်တကြား ပုန်းနေမည်သူ မဟုတ်ပေ။
 
 
"အခုကစပြီးတော့ ချစ်လေး ပြောရမယ် စကားတွေကို အကြမ်းဖျင်း ရေးထားပေးရင် ကောင်းမလားပဲ။ ဘာလို့များ အခုလို စကားမျိုးကို ပြောရဲတာလဲ ချစ်လေးရယ်"
 
 
မို့ထင်က ထျန်းနင်၏ပခုံးကို ဖက်ကာ ဆိုဆုံးမနေသည်။
 
 
"ယောက်ျားက ချစ်လေးဘေးနားမှာ ရှိနေတာပဲလေ။ ပြီးတော့ ချစ်လေးကို နည်းလည်မှု အပေးနိုင်ဆုံးသူက ယောက်ျားပဲလေ။ ချစ်လေး ဘာပြောချင်တာလဲ ယောက်ျား မသိဘူးလို့တော့ ချစ်လေးကို မပြောနဲ့နော်"
 
ထျန်းနင်က မို့ထင်၏ခါးကို ဆိတ်သည်။
 
မို့ထင် သဘောကျနှစ်ခြိုက်စွာ ရယ်မောသည်။
 
"ကိုယ့်အသဲလေးက ဒီလိုမျိုး ရဲရင့်ပြတ်သားတဲ့ စကားမျိုး ပြောလိမ့်မယ်တော့ ကိုယ် မတွေးမိပါဘူးဗျာ"
 
"ချစ်လေးက ကိုယ်ကျင့်တရား မြင့်မြင့်ထားတတ်သူပါနော်။ အခုလို ရှင်းရှင်းလင်းလင်း မပြောထားလို့ တခြားသူတွေက ချစ်လေးကို ထပ်နှောင့်ယှက်လာရင် ဘယ်လိုလုပ်မလဲ"
 
 
 
တကယ်တမ်း ထျန်းနင်က ပွင့်လင်းလွန်းပြီး သူမ၏အပြုအမူက တစ်စုံတစ်ယောက်၏ အရှိုက်ကို ထိသွားနိုင်သည်။ သို့တိုင် ဤတစ်ကြိမ်တွင် သူမက လူတိုင်း၏ ချီးမွမ်းမှုကို ခံယူနိုင်ခဲ့သည်။
 
 
 
"အရာအားလုံးက ပိုပိုပြီးတော့ အဆင်ပြေလာမှာပါ။ 'Stupid'ရုပ်ရှင်လည်း အပြီးသတ်ခါနီးပြီ။ ချစ်လေး ဆုံးဖြတ်ချက် ချရမယ် အချိန်တန်ပြီ။ မော်ဒယ်ရှိုးလ်ပွဲတွေပဲ ပြန်လျှောက်မလား၊ ဒါမှ မဟုတ် တခြားရုပ်ရှင် ထပ်ရိုက်မလား"
 
မို့ထင်က ထျန်းနင်၏အမြင်ကို မေးမြန်းခဲ့သော်လည်း သူ့စိတ်ထဲ အဖြေကို သိထားပြီးသား ဖြစ်သည်။
 
အပိုင်း(၃၄၉)
 
ပြီး၏။
 
 
 
 
 
 
 
အပိုင်း(၃၅၀)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now