အပိုင်း(၄၄၄)

70 7 0
                                    

အပိုင်း(၄၄၄)

"အဲဒီအဘိုးကြီးက ရုပ်ရှင်ရဲ့ရင်းနှီး မြှုပ်နှံသူ မဟုတ်ရင်တောင် ငါတို့လို အေဂျင်စီသေးသေးက လူတွေကို အနိုင်ကျင့်ဖို့ ခင်ဗျားနဲ့ တစ်ဖွဲ့တည်း ဖြစ်နေတာမလား။ ဘာပဲဖြစ်ဖြစ် ထျန်းနင်ရဲ့ နောက်ကွယ်မှာ ဟိုက်ဟွေ့ ရှိနေတယ်လေ"
ဟိုက်ဟွေ့ဖျော်ဖြေရေးက သူတို့ လိုချင်သည့် ဘာမဆို ဖန်တီး နိုင်ကြောင်း ပိုင်ချိုးရှန့်က လူတိုင်းကို အသိပေးနေသည်။

"ပိုင်ချိုးရှန့်၊ ဟိုက်ဟွေ့ဖျော်ဖြေရေးက အဲဒီလိုသာ လုပ်ရင် ကျွန်မက ဒီနေရာမှာ ရပ်နေပြီး ရှင် စွပ်စွဲတာကို ခံနေပါ့မလား"

"မင်းက အဘိုးကြီးနဲ့ ပလူနေတာကို ငါ ပြောမိလို့ မင်းက ငါ့ကို လုပ်ကြံတာလေ။ မင်း ဒါကို ငြင်းလို့ မရဘူး"
ပိုင်ချိုးရှန့်က ဒေါသတကြီး ငြင်းခုန်သည်။

ပိုင်ချိုးရှန့် နှင့် ထျန်းနင်တို့ ငြင်းခုန်နေသည်ကို စောင့်ကြည့်နေရသော သတင်းထောက်များမှာ အမှန်တရားကို ဝေခွဲရ ခက်ခဲလာသည်။ သို့သော်လည်း သူတို့နှစ်ဦး ငြင်းခုန်နေစဉ် ခန်းမဆောင်၏ တံခါးပေါက် နောက်တစ်ကြိမ် ဖွင့်လာသည်။ ဤတစ်ကြိမ်တွင် တံခါးပေါက်တွင် မတ်တတ်ရပ်နေသူက သက်တော်စောင့် သုံးဦးကို အဖော်ပြုကာ ရှေးဖက်ရှင်ဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအို ဖြစ်သည်။

သူက ဟိုးယခင်လို စုတ်စုတ်ပြတ်ပြတ် ပေတိပေစုတ် မဟုတ်ခဲ့ပေ။ သူက သပ်သပ်ရပ်ရပ် ဝတ်စား ဆင်ယင်ထားသည်။

သူ့မျက်နှာကို လူတိုင်း ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ထျန်းနင် ကြောင်အမ်းအမ်း ဖြစ်နေရသည်။ အဘိုးအိုက အိုမင်နေသော်လည်း မို့မိသားစု၏ ရုပ်ရည်သွင်ပြင်ကို ခွဲခွဲခြားခြား သိနိုင်သည်။

"ဟေးအကြီးအကဲက ထျန်းနင်ကို အဝတ်လျော် ဟင်းချက်ခိုင်းလို့ ရတဲ့ အကြောင်းအရင်းကို ကျွန်တော် ပြောပြမယ်"
ဝေအန်က မတ်တတ်ထရပ်ပြီး သရော်သည်။ ထို့နောက် သူက အဘိုးအိုကို လူတိုင်းနှင့် မိတ်မဆက် ပေးခင် လက်ဆွဲနှုတ်ဆက်သည်။
"ပိုင်ချိုးရှန့်။ သူ့ကို ဘာလို့ 'ဟေး'အကြီးအကဲလို့ ခေါ်မှန်း မင်း မသိဘူးမလား"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now