Ep 400+401+402

108 7 0
                                    

အပိုင်း(၄၀၀)

ထျန်းနင် ရိုက်ကူးရသော ဇာတ်ဝင်ခန်းများက ပို၍ ပို၍ ဆိုးဝါးလာပြီး ဗုံးပေါက်ကွဲသော အခန်းများပင် ပါဝင်လာခဲ့သည်။ ဤကဲ့သို့သော ဇာတ်ဝင်ခန်းများ ရိုက်ကူးလျှင် မို့ထင်က ကျွမ်းကျင် ပညာရှင်များ ငှားရမ်းပြီး လုံခြုံစိတ်ချသော ရိုက်ကူးရေး ဖြစ်အောင် သူ ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပြီးမှ ထျန်းနင် နှင့် ပိုင်ချန်သုန်ကို ရိုက်ကွင်း သွားခွင့်ပြုသည်။

သည်လိုနှင့် ကျော်ကြားသော စူပါမော်ဒယ် ထျန်းနင်က တခြားသူ၏ အမြင်အာရုံမှ တဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး မော်ဒယ်ရှိုးလ်ပွဲများတွင် မြင်တွေ့စရာ အကြောင်းအရင်း မရှိပေ။ ဖက်ရှင်လောကသားများက ထျန်းနင်ကို နှမြောမိကြသည်။

သူမ၏ မော်ဒယ် အလုပ်တိုးတက်နေစဉ် တခြားအသက်မွေးဝမ်းကြောင်း ပြောင်းလဲသွားလိမ့်မည်ဟု မည်သူက တွေးထင်မည်နည်း။ ယခုတော့ ထျန်းနင်က သရုပ်ဆောင်မင်းသမီး လမ်းကြောင်းပေါ် ရောက်နေပါပြီ။ သို့တိုင် လူတိုင်းက ထျန်းနင် သရုပ်ဆောင်သည့် ဗီဒီယို အတိုလေးကိုသာ မြင်တွေ့ခွင့်ရသေးသည်။ သူမ တကယ် သရုပ်ဆောင်ထားသည့် ရုပ်ရှင်က တရားဝင် မထွက်သေးပေ။

ထိုစဉ်အခိုက်အတန့် ပါရမီရှင် ရှာဖွေပေးသော ရှိုးလ်ပွဲများ ပေါ်လာပြီး ပရိသတ်များ စိတ်ဝင်စားဆုံး အစီစဉ် ဖြစ်ခဲ့သည်။ K & G အမည်ရှိသော အမျိုးသားအဖွဲ့အသစ်လည်း အရမ်းကို ကျော်ကြားနေခဲ့သည်။

တကယ်တမ်း ဟိုက်ဟွေ့ဖျော်ဖြေရေးမှာလည်း စင်တင်ချင်သည့် လူသစ်တစ်ဦး ရှိနေသေးသည်။ သူ့အမည်က လောရှင်း ဖြစ်ပြီး ၎င်းကောင်လေးကို ပါရမီရှင် ရှာဖွေသည့် ရှိုးလ်ပွဲတွင် သူ့ထူးခြားသော အသံကြောင့် သတိထားမိခြင်း ဖြစ်သည်။

သူ့နာမည်အရင်းကို လော့ရှင်းဟုသာ လူတိုင်း လက်ခံ နေသည်။ ထို့ကြောင့် ဟိုက်ဟွေ့ဖျော်ဖြေရေးကလည်း ကောင်လေး၏ သရုပ်အမှန်ကို ဖုံးကွယ်ပေးခဲ့သည်။ သူက ထျန်းနင်နှင့် သွေးသားတော်စပ်သည့် အမှန်တရားကို မည်သူမျှ မသိခဲ့ပေ။

သူ့အားလပ်ချိန်တိုင်း ထျန်းကျင်းရွှမ်က ထျန်းနင်ထံ စာပို့လေ့ရှိသည်။
"အစ်မ၃၊ ကျွန်တော် စင်ပေါ် တက်ခွင့် ရတော့မယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now