အပိုင်း(၄၄၇)

62 5 0
                                    

အပိုင်း(၄၄၇)

မို့အကြီးအကဲက ယပ်တောင်လေးကို ခါရမ်းကာ ဘေးဘက်မှ စောင့်ကြည့်နေသည်။ သူ့အကြည့်က စူးရှပြီး နက်ရှိုင်းသော အဓိပ္ပါယ်ကို ဖော်ဆောင်သည်။ ထျန်းနင်၏ တန်ပြန် တိုက်ခိုက်မှုကြောင့် သူ ကျေနပ်အားရ မိ၍  လှောင်ရယ်မိသည်။

ဤနည်းဖြင့်သာ နိုင်ငံခြားသားများကို ရင်ဆိုင်သင့်သည်။ သနားညှာတာမှု ကင်းမဲ့စွာ သူတို့ကို တန်ပြန်တိုက်ခိုက်သင့်သည်။

Takaက နာကျင်နေသော ရင်ဘတ်ကို ဖိကာ ထျန်းနင်ကို တအံ့တဩ ငေးမောကြည့်နေမိသည်။ အမျိုးသမီး တစ်ဦးက ဤမျှလောက်အထိ ခွန်အား ရှိလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ထျန်းနင်က ခပ်မတ်မတ် မတ်တတ်ရပ်လိုက်ပြီး  စိုးရိမ်မှုကို ဖော်ပြသော်လည်း သာမန်ထက် လွန်ကဲသည့် အပြုအမူမျိုးကို မလုပ်ဆောင်ခဲ့ပေ။

Takaက ခေါင်းခါလိုက်ပြီး အပြုံးလေးဖြင့် ညှို့ယူသည်။
"မင်းနဲ့ အတူတူ တွဲဖက် ရိုက်ကူးရမယ့် ဇာတ်ဝင်ခန်းကို မျှော်လင့်နေပါတယ်"

"ရှင် နောင်တ ရသွားမယ်"
ထျန်းနင်က သရော်ပြုံး ပြုံးလိုက်သည်။

အမျိုးသမီးတိုင်းက သူ့ကို သဘောကျ နေလိမ့်မည်ဟု ဘဝင်မြင့်နေသော Taka၏ သဘောထားကို သူမ မကြိုက်ပေ။ ဤလောကကြီးထဲ သူ တစ်ယောက်တည်း ခံ့ညား ချောမောနေခြင်း မဟုတ်ပေ။

Takaပေါ် ထားရှိသော ထျန်းနင်၏ စိတ်နေသဘောထားကို မို့အကြီးအကဲ သဘောတွေ့မိသည်။

ဟိုက်ဟွေ့ဖျော်ဖြေရေးကို သူ အုပ်ချုပ်စဉ်က နိုင်ငံတကာနှင့် ပူးပေါင်း အလုပ်လုပ်ကိုင်ခြင်း မရှိခဲ့ပေ။ နိုင်ငံခြားသားများနှင့် ဆက်ဆံရေး ကောင်းမွန်သော မို့ထင်ကြောင့် ဟိုက်ဟွေ့ဖျော်ဖြေရေး ပို၍ တိုးတက်ခဲ့ခြင်း ဖြစ်သည်။

"ငါတို့တွေ ဒီဇာတ်ဝင်ခန်းသေသေချာချာ ပြန် ကြိုးစားကြည့်မယ်။ နောက်တစ်ခေါက် ထပ်လေ့ကျင့်ပြီး အခြေအနေကို စစ်ဆေးကြည့်တာပေါ့"
ဝေအန်က သူတို့နှစ်ယောက် စလုံးကို အကြွင်းမဲ့ ယုံကြည်သည်။ ထျန်းနင်က Takaကို သင်ခန်းစာ ပေးရန် ကြိုးစားနေကြောင်းလည်း သိသည်။ ထို့ကြောင့် သူက ထျန်းနင်၏ မျက်ဝန်းကို ဟန်ပါပါကြည့်လိုက်သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now