အပိုင်း(၄၄၃)

67 9 0
                                    

အပိုင်း(၄၄၃)

"ဒါဆို နင်က လူအများ လက်ခံယုံကြည်အောင် လုပ်စေချင်တာလား"
သူမက ဂူရှန်ကို ကြည့်ကာ လေးလေးနက်နက် မေးမြန်းသည်။
"ဂူရှန်၊ နင့်ကို ဟိုးအရင်က သတိပေးခဲ့ဖူးတာ နင် မှတ်မိမှာပါ။ ငါ နင့်ကို အခွင့်အရေးလည်း ပေးခဲ့ဖူးတယ်"

"နင်ကတော့ ဇာတ်ပို့ လုပ်နေရပြီး ငါက ဇာတ်ဆောင်မင်းသမီး ဖြစ်သွားလို့ နင် အမြဲတမ်း စိတ်အနှောင့်အယှက် ဖြစ်နေရတာ ငါ သိတယ်။ မို့ထင်ကြောင့် အဲဒီဇာတ်ကောင်ကို ရသွားတယ်လို့ နင် တွေးခဲ့လို့ ငါ့ကို ဖယ်ထုတ်ပစ်ဖို့ ကြိုးစားခဲ့တယ်။ ငါ ပြောတာ မှန်တယ်မလား"

"နင်က ငါ့ကို လာစွပ်စွဲနေတာပဲ"
ဂူရှန် ခွန်းတုံ့ပြန်သည်။
"ဖြူစင်ချင်ယောင် ဆောင်ပြီး ငါနဲ့ ပိုင်ချိုးရှန့်ကို သိက္ခာချဖို့ ကြိုးစားနေတာပဲ။ နင့်ကိုယ်နင် ရှက်ရကောင်းမှန်း သိရဲ့လား"

"သိက္ခာချတယ် ဟုတ်လား"
ထျန်းနင်က မျက်ခုံးပင့်လိုက်သည်။
"နင်က ဒီလိုစကားတွေ ပြောပြီး နင့်ကိုယ်နင် ပြန်လိမ်လည်နေတာလေ"

"ထျန်းနင် သူတော်ကောင်းယောင် ဆောင်နေတာ ရပ်လိုက်တော့။ မင်းကိုယ်မင်း ကြီးမြတ်တယ်လို့ ထင်နေရင်လည်း အားလုံးသိရအောင် သက်သေထုတ်ပြလေ"
ပိုင်ချိုးရှန့်က စိတ်ရှုပ်ထွေးဟန်ဖြင့် ထျန်းနင်ကို လက်ညိုးငေါက်ငေါက်ထိုးသည်။

"မင်းမှာ သက်သေ မရှိရင်လည်း အဓိပ္ပါယ်မဲ့တဲ့ စကားတွေ ပြောနေတာ ရပ်တန့်လိုက်တော့။ မင်းရဲ့ အကျိုးအကြောင်း မခိုင်လုံတဲ့ စကားတွေကြောင့် လူတိုင်း တုန်လှုပ်နေရတယ်"

"သက်သေ ဟုတ်လား။ နင်တို့က ဒါတွေကို ပြောချင်တာလား"
ထျန်းနင်က သူမ၏ လက်ကိုင်အိတ်ထဲမှာ ရှိနေသော သူတို့ နမ်းရှုံ့နေသော ဓာတ်ပုံများကို ထုတ်ပြသည်။ သို့သော်လည်း ဓာတ်ပုံက တစ်ပုံတည်း မဟုတ်ပေ။ ရှုထောင့်မျိုးစုံမှ ရိုက်ကူးထားပြီး မတူညီသော ဝတ်စုံများကို ဝတ်ဆင်ထားသည်။ သူတို့က တစ်ခါ နှစ်ခါ တွေ့ဆုံထားခြင်း မဟုတ်၍ သူတို့နှစ်ယောက် တွဲနေသည်မှာ နှစ်ချီကြာနေပါပြီ။ ဓာတ်ပုံများက ရာသီ လေးရာသီလုံးကို ရှင်းရှင်းလင်းလင်း ဖော်ပြထား၍ အနည်းဆုံး တစ်နှစ်တိတိ ရှိနေပြီဟု ပြောနိုင်သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now