အပိုင်း(၄၇၇)
"ဘိုးဘိုးက ကိုယ့်ဘိုးဘိုး မဟုတ်တော့ဘူး"
မို့ထင်က ထျန်းနင်ကို ဝန်တိုသော အကြည့်ဖြင့် ကြည့်သည်။"ဘိုးဘိုးက ရှင့်နဲ့အတူတူ နေလာတာ ကြာပြီမလား။ အခု ချစ်လေးက ဘိုးဘိုးအတွက် လူသစ် ဖြစ်နေတာလေ။ ချစ်လေး ဗိုက်ထဲက အသေးလေး ထွက်လာရင် ဘိုးဘိုးက ချစ်လေးကို သတိထားမိပါဦးမလား"
ထျန်းနင် ရယ်မောသည်။
"ယောက်ျားက ချစ်လေးရဲ့အချစ်တွေကို ပိုင်ဆိုင်ထားရတာ မလုံလောက်ဘူးလား"မို့ထင် ပြန်မဖြေခဲ့ပေ။ သူက ရိုးရှင်းစွာ ထျန်းနင်၏နဖူးလေးကို နမ်းလိုက်ပြီး အိပ်စက်ရန် သူမကို ဖက်လိုက်သည်။
ထျန်းနင်က ငိုက်မျဉ်းနေသော အခြေအနေဖြင့် မို့ထင်၏ခန္ဓာကိုယ် အပူချိန်ကို ခံစားမိသည်။ ထို့ကြောင့် သူမ ချက်ချင်း ထထိုင်လိုက်ပြီး မေးမြန်းသည်။
"ဘာဖြစ်လို့လဲ"မို့ထင်က ခုတင်ခေါင်းရင်းကို မှီလိုက်ပြီး ခေါင်းခါသည်။
"ကိုယ့်အတွက် မစိုးရိမ်ပါနဲ့။ ချစ်လေး စောစောအိပ်နော်""ချစ်လေး ကူညီပေးဖို့ လိုအပ်လား"
"ချစ်လေးကို မနာကျင်စေချင်ဘူး"
မို့ထင်က သူ့ဆန္ဒကို ထိန်းချုပ်လျက် ပြန်ပြောသည်။
"ကိုယ့်စကားကို နားထောင်ပါ။ မြန်မြန် အိပ်တော့""ဆရာဝန်နဲ့ စကားပြောကြည့်ပြီးပြီ။ ကလေးက အခြေအနေ တည်ငြိမ်တယ်လို့ ဆရာဝန်က ပြောပါတယ်။ အဲလောက်အထိ ဆိုးဆိုးရွားရွား ထိန်းချုပ်ထားဖို့ မလိုအပ်ပါဘူး
ထျန်းနင်က မို့ထင်၏ ရင်ဘတ်ပေါ် တက်ကာ ချိုချိုသာသာ ပြောသည်။
"ချစ်လေး လုပ်နိုင်ပါတယ်"မို့ထင်က မျက်လွှာချထားပြီး ခံစားချက်ကို ထိန်းချုပ်နေသော်လည်း သူ့ဇနီးသည်က သူ့ကို ထိန်းချုပ်ရ ခက်ခဲအောင် လုပ်ဆောင်နေ၍ ချက်ချင်း မျက်လုံး ပြန်ဖွင့်သည်။ ထျန်းနင် အခွင့်အရေးကို အမိအရ အသုံးချပြီး သူ့နားရွက်ကို တစ်တိကိုက်လိုက်သည်။
"ချစ်လေးလည်း ယောက်ျားကို ပိုင်ဆိုင်ချင်တယ်"ခဏလေးအတွင်း အဖြူရောင်ဝတ်စုံလေးက ကြမ်းပြင်ပေါ် ပြန့်ကျဲသွားသည်။ ခန္ဓာကိုယ် နှစ်ခုက အရင်အတိုင်း တစ်ယောက်ကိုယ် တစ်ယောက် တင်းတင်းကျပ်ကျပ် ဖက်တွယ်လျက် ဆန္ဒကို ဖြေသိမ့်ကြသည်။