အပိုင်း(၅၁၈)

58 8 0
                                    

အပိုင်း(၅၁၈)

"ငါ့အနားတိုးမလာနဲ့နော်"
ထျန်းရွှမ် ခြေ၂လှမ်းနောက်ဆုတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းပါးလေးများက တဆက်ဆက် တုန်ရီနေသည်။စက္ကန့်ပိုင်းမျှ ကြာသော်လည်း သူမ၏ စိတ်အာရုံ ချောက်ချားနေသည်ဟုပင် တွေးမိသည်။

ရှားယွီလင်း အသက်ရှင်နေစရာ အကြောင်း မရှိပေ။
"အဖေ သမီး အိမ်ပြန်လာပါပြီ"

ရှားယွီလင်းက ထျန်းအကြီးအကဲနား လမ်းလျှောက်သွားပီး ထျန်းနင်ကို ပွေ့ဖက်လိုက်သည်။

"ကျွန်မ ဆွစ်ဇာလန်မှာ တကယ် ပြန်ပေးဆွဲခံခဲ့ရပါတယ်။ဒါပေမယ့် ကျွန်မမှာ အရမ်း ထူးချွန်တဲ့ သားမက်လေး ရှိနေတော့ အသက်ဘေးက လွတ်မြောက်ခဲ့တာပေါ့။ဒါကြောင့်လဲ ထျန်းအိမ်တော်ကို ဘေးကင်းကင်းနဲ့ ပြန်လာနိုင်တာပါ"

ထမင်းစားပွဲဝိုင်းတွင် ထိုင်နေသူအားလုံးက အသံတစ်သံမျှပင် မထွက်ရဲကြချေ။ သူတို့၏ရှေ့တွင် မြင်တွေ့နေရသော ပွဲကို စောင့်ကြည့်နေကြသည်။

ရှားယွီလင်းက သူ့ရင်ခွင်ထဲရောက်နေသော ထျန်းနင်ကို လွှတ်ပေးပြီးနောက်   ထျန်းရွှမ် ၏ဘေးသို့လမ်းလျှောက်သွားသည်။

ထျန်ရွှမ် မတုံ့ပြန်ခင် ရှားယွီလင်းက ထျန်ရွှမ်းရဲ့မျက်နှာကို ဖြန်းခနဲ မြည်အောင် ပါးတစ်ချက် ရိုက်လိုက်သည်။

"နင့်ကို ဒီအရွယ်ရောက်တဲ့အထိ ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ခဲ့တယ်။ ဒါတောင် နင်က အကြင်နာတရား ခေါင်းပါးပြီး ကျေးဇူးမသိတတ်ဘူး။ ထျန်းရွှမ် နင့်ဗိုက်ထဲက ကလေးရဲ့မျက်နှာကို ထောက်ပီး နင့်ကို ပါးတစ်ချက် ရိုက်ရုံနဲ့ ကျေနပ်ပေးလိုက်မယ်။ ဒီလိုမှ မဟုတ်ရင် နင့်ရဲ့လုပ်ရပ်တွေကြောင့် ခွင့်လွှတ်ပေးစရာ အကြောင်းမရှိဘူး"

ထျန်ရွှမ်က မယုံကြည်နိုင်စွာ ကြမ်းပြင်ပေါ် ဒူးထောက်ချလိုက်သည်။ သူမ၏မျက်ဝန်းတွင် စိတ်ပျက်အားလျော့သော ခံစားချက်များ ပြည့်နှက်နေသည်။ သူမ၏မျက်လုံးကို ကြည့်လိုက်ရုံဖြင့် အတွေးထဲနစ်မြောနေကြောင်း သိနိုင်သည်။

နောက်ဆုံးတော့ သူမ နားလည်သဘောပေါက်သွားခဲ့သည်။ ရှားယွီလင်းက ဆွစ်ဇာလန်သို့ ခရီးထွက်ရန် ဆုံးဖြတ်ခဲ့ခြင်းက ထျန်းမိသားစုဝင်အားလုံးနှင့် ပူးပေါင်းပြီး သူမကို လှည့်စားရန်သာဖြစ်သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now