Ep 229+230+231

132 12 0
                                    

အပိုင်း(၂၂၉) လေဆိပ်မှ အတူယှဥ်တွဲထွက်လာသော ချစ်သူစုံတွဲလေး

 
ဟွားကျင်းကျင်း၏မကောင်းသတင်းက တောမီးကဲ့သို့ လောင်မြိုက်ခဲ့သည်။ ဟိုက်ဟွေ့၏ဩဇာအာဏာကို အသုံးချပြီး ပြဿနာကို ဖိနှိပ်ရန် ကြိုးစားခဲ့သော်လည်း တစ်နေ့တည်းဖြင့် မကောင်းသတင်းက ဟိုးလေးတကျော် ဖြစ်နေခဲ့သည်။
 
တစ်ချိန်တုန်းက ကျော်ကြားခဲ့ပြီး တခြားသူ လိုက်မမှီခဲ့သည့် စူပါမော်ဒယ် ဟွားကျင်းကျင်း၏အဆင့်အတန်းသည် အင်တာနက်သုံးစွဲသူများ၏ စော်ကားမော်ကား  ပြောဆိုသော မကောင်းသတင်းကြောင့် အလှောင်ခံဘဝရောက်သွားခဲ့သည်။ သူမကြောင့် ဟိုက်ဟွေ့ဖျော်ဖြေရေးကိုယ်တိုင် ထိခိုက်နစ်နာမှုများ ဖြစ်ခဲ့ရသည်။
 
ဖန်ယွီ၏ပီအာနည်းလမ်းက ဟွားကျင်းကျင်းကို သနားစိတ်ဝင်အောင် ဆွဲဆောင်သည်။ သို့သော်လည်း ဟွားကျင်းကျင်း၏စိတ်အခြေအနေက မတည်ငြိမ်  ဘာပဲပြောပြော သူမကိုယ်တိုင်က မတရားခံရသူပါ။ ဟွားကျင်းကျင်းကို အများအရှေ့ ရဲရဲဝံ့ဝံံ့ ထွက်ခိုင်းပြီး ပြဿနာကို ဖြေရှင်းစေချင်သော်လည်း လွယ်ကူသော ကိစ္စရပ်တစ်ခု မဟုတ်နေပေ။ ခန္ဓာကိုယ်ကို လေ့ကျင့်ပျိုးထောင်ပေးရသည်မှာ လွယ်ကူသော်လည်း ကောင်းကင်ဘုံမှ ကျဆင်းလာသူ၏နှလုံးသားကို သင်ကြားပေးရန် မလွယ်ကူချေ။
 
ဟိုးယခင်တည်းက သစ္စာဖောက်ခံရသည့် ခံစားချက်မျိုးကို ဖန်ယွီ မခံစားဖူး၍ အရိုးကွဲမတတ် နာကျင်ရသည့် ခံစားချက်ကို ဖန်ယွီ မစာနာတတ်ပါ။ သို့သော်လည်း ထျန်းနင်က ၎င်းခံစားချက်ကို ကောင်းကောင်းကြီး နားလည်သည်။
 
ထို့ကြောင့်လည်း ဟွားကျင်းကျင်းအိမ်ကို ညဘက်ကြီး ဖန်ယွီမသွားခင် ထျန်းနင်က ဖန်ယွီကို ဖုန်းခေါ်လိုက်သည်။
 
ဟွားကျင်းကျင်း၏လက်ထောက်က ရှုပ်ပွနေသည့် အိမ်ကို ရှင်းလင်းနေပြီးဖန်ယွီလေးမှာ အရှုပ်အထွေး အပျက်အစီးများကြား မနည်းကွေ့ဝိုက် လမ်းလျှောက်သွားရသည်။
 
အိမ်မှာ ဟွားကျင်းကျင်းချစ်သူ၏အငွေ့အသက်များကို ခံစားမိသည်။  သို့သော်လည်း သူနှင့်အတူတူ နှစ်ပေါင်းများစွာ နေထိိုင်ခဲ့ဖူးသည့် မိန်းမတစ်ယောက်၏နှလုံးသားကို ဓားဖြင့် အကြိမ်ကြိမ် ထိုးနှက်သွားသော လူယုတ်မာ အဆင့်အတန်းသာရှိသည့် ချစ်သူမျိုးကို ဟွားကျင်းကျင်း ပိုင်ဆိုင်ခဲ့သည်။
 
"ရှင် သောက်ချင်တာရှိရင် ကိုယ့်ဘာသာကိုယ် ရေခဲသေတ္တာထဲက ယူလိုက်တော့။ ကျွန်မမှာ လှုပ်ချင်တဲ့စိတ်တောင် မရှိဘူး"
ဟွားကျင်းကျင်းက စိတ်ပျက်လက်ပျက် ကော်ဇောပေါ်မှာ ထိုင်ပြီး စကားပြန်ပြောသည်။
 
ဖန်ယွီက ဟွားကျင်းကျင်းကို အကဲခတ်ကြည့်လိုက်မှ သူမ၏အဝတ်အစားများ မသေမသပ်ဖြစ်နေသည်ကို သတိထားမိသည်။ သူမ၏ဆံပင်များ ရှုပ်ပွ၊ မျက်နှာက ဖြူဖျော့နေပြီး မျက်လုံးက အသက်မဲ့နေသည်။
 
"မင်းကို အဖော်ပြုပေးဖို့ လူလိုအပ်တယ်လို့ ထျန်းနင်ပြောလို့ လာခဲ့တာပါ"
ထိုစကားကိုပြောပြီးနောက် ဖန်ယွီ အနည်းငယ် ကသိကအောင့်ဖြစ်သော်လည်း စကားဆက်ပြောလိုက်သည်။
"သူများအတွက် အတော်လေး စိတ်ပူတတ်တာပဲ။ နားပူနားဆာ လုပ်တတ်တဲ့ အဘွားကြီးနဲ့ တူနေပြီ။ ထျန်းနင်ကတော့ ကိုယ့်ကိစ္စကိုယ်တောင် မဖြေရှင်းနိုင်သေးဘဲ သူများအတွက် စိတ်ပူနေပြန်ပြီ"
 
"ထျန်းနင်က နားလည်မှုလွဲနေပြီထင်တယ်။ ငါက သူ့ကို သူငယ်ချင်းလို ဆက်ဆံတယ်လို့များ တွေးနေတာလား"
ဟွားကျင်းကျင်း နာနာကြည်းကြည်း ရယ်မောလိုက်သည်။
 
"မင်းက ထျန်းနင်ကို မိတ်ဆွေတစ်ယောက်လို သဘောမထားဘူးလား"
ဖန်ယွီက လှည့်လိုက်ပြီး ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။ ဆိုဖာပေါ် လက်ထောက်ကာ ဟွားကျင်းကျင်းကို လှည့်ကြည့်လိုက်သည်။
"အလုပ်ကိစ္စကြောင့် ထျန်းနင်နဲ့ အီတလီမှာ တစ်ရက်လောက် နေခဲ့ရတယ်။ အီတလီမှာ Star Kingနဲ့ပြိုင်ပြီး အလုပ်ယှဥ်လုခဲ့တုန်းကပေါ့။ ဘာတွေဖြစ်ခဲ့တယ်လို့ မင်း ထင်လဲ။ မော်ဒယ်ရှိုးပွဲတွေမှာဆို ထျန်းနင်က ချင်းယွီထက် အများကြီးသာပါတယ်။ မော်ဒယ်ဖြစ်ဖို့ မွေးလာတယ်လို့ ထင်ရတယ်"
 
"ဒါပေမဲ့ လူရွေးပွဲမှာတော့ ထျန်းနင်က အခက်အခဲတွေ အများကြီးကို ရင်ဆိုင်ရတယ်။ ရလာဒ်ကို အကြာကြီးထိုင်စောင့်နေရတယ် အခြေအနေက ဘာမှန်းလည်း မသိရရင် မင်းသာ ထျန်းနင်နေရာမှာဆို မင်းဂုဏ်သိက္ခာကြောင့်  မီလန်က လှည့်ထွက်ခဲ့မှာပဲ"
 
"ငါကိုယ်တိိုင်က စွန့်လွှတ်လိုက်ဖို့ အကြံပေးခဲ့တာတောင် ထျန်းနင်က အလုပ်ရှင်ရဲ့ ဖုန်းနံပါတ်ကို မေးတယ်။ သူ စမ်းသပ်ကြည့်ချင်သေးတယ်တဲ့"
 
"သူမသာ အဲကုမ္ပဏီရဲ့ ကိုယ်စားလှယ်မော်ဒယ် မဖြစ်ခဲ့ရင် သူမ အတော်လေး နောင်တရမိလိမ့်မယ်လို့ သူမကိုယ်တိုင် ဖုန်းဆက်ပြောခဲ့တယ်။ သူမပြောလိုက်တဲ့ စကားကြောင့် တစ်ဖက်အဖွဲ့က ဘယ်လိုနေလဲတော့ ငါသေချာမသိဘူး။ ငါသာ သူတို့နေရာမှာဆိုရင် ထျန်းနင်ကို အခွင့်အရေးပေးမိမှာပဲ"
 
ဟွားကျင်းကျင်းက ဖန်ယွီ ပြောပြသည့် ထျန်းနင်အကြောင်းကို လေးလေးနက်နက် နားထောင်နေသည်။ အမှန်အတိုင်းဝန်ခံရမည်ဆိုလျှင် ဖန်ယွီစကားပြောသည့်အချိန်က ၂မိနစ် ၃ မိနစ်မျှသာ ကြာသော်လည်း သူမ၏နာကျင်မှုကို လုံးဝ မေ့လျော့သွားခဲ့သည်။ သူမ၏စိတ်ထဲ အီတလီသွားရသည့်မော်ဒယ်က သူမသာဖြစ်ခဲ့လျှင် အခြေအနေက မည်သို့ဆက်ဖြစ်သွားမလဲ တွေးနေမိသည်။
 
ဖန်ယွီက သူမ၏မျက်နှာအမူအရာကို အကဲခတ်လိုက်ပြီး ပြုံးလိုက်သည်။
"အမှန်ပြောရရင်် မင်းရဲ့အလုပ်ကို မင်း တကယ့်ကို စိတ်ဝင်စားတယ် အချစ်မရှိလို့ အသက်မရှင်နိုင်တဲ့ လူတန်းစားမျိုး မဟုတ်ပါဘူး"
 
ဟွားကျင်းကျင်းက ဝိုင်ပုလင်းကိုမြှောက်လိုက်ပြီး သူမ၏ခံတွင်းထဲ မရပ်မနား လောင်းချထည့်လိုက်သည်။ သူမက ဖန်ယွီပြောသည့်စကားကို ထောက်ခံချင် မရှိသလို ငြင်းဆန်ခြင်းလည်း မရှိချေ။
 
"ထျန်းနင်က မှာလိုက်သေးတယ်။ အဲဒီလူက မင်းဘေးနားက မင်းရဲ့မိဘ၊ မင်းရဲ့မိတ်ဆွေ ၊ ဟိုက်ဟွေ့၊ ထျန်းနင် နဲ့ မင်းကို ထိခိုက်အောင် လုပ်နေတာကို လျစ်လျူပြုထား နှုတ်ဆိတ်နေမှာလားတဲ့။ မင်းကိုယ်မင်း နာကျင်ခံစားရတာ ပျော်မွေ့နေရင်တော့ ရှေ့ဆက်လုပ်ပါတဲ့။ ဒါပေမဲ့ မင်းကိုဂရုစိုက်ပေးခဲ့တဲ့ လူကောင်းတွေအတွက် မတွေးပေးတော့ဘူးလားတဲ့။ ဟိုက်ဟွေ့က မင်းကိုနှစ် ပေါင်းများစွာ ထောက်ပံ့ပေးခဲ့တယ်။ အခု မင်းကို ကူညီပေးခဲ့ဖူးတဲ့ ဟိုက်ဟွေ့ကို Star Kingက သိက္ခာချနေပြီလေ။ အခုလို အချိန်မျိုးမှာ မင်းရဲ့အသိစိတ်တွေ ဘယ်ရောက်သွားပြီလဲ"
 
ထိုစကားကိုကြားပြီးနောက် ဟွားကျင်းကျင်း၏အကြည့်မှာ ခံစားချက်အရိပ်အမြွက်များကို မြင်တွေ့ရသည်။
 
"မင်းကို ထျန်းနင်က ကံကြမ္မာငင်စေခဲ့လို့ မင်းဒုက္ခရောက်ပါတယ်လို့ သတင်းလွှင့်ကြတယ်။ မင်းရဲ့ပရိသတ်တချို့က ထျန်းနင်ကို တိုက်ခိုက်နေကြပြီ။ ထျန်းနင်က ဘာအမှားများလုပ်ခဲ့လို့လဲ။ မင်းရဲ့နောက်ဆက်တွဲအကျိုးဆက်ကို ထျန်းနင်က ဘာကြောင့် ခံစားသင့်တာလဲ"
 
"ဟွားကျင်းကျင်း၊ မင်းကို လူတိုင်းက မမျှမတ ဆက်ဆံနေ ထင်ရာ ကောက်ချက်ချနေတာကို မင်းကဒီအတိုင်း ငြိမ်ခံနေတော့မှာလား။ မင်းရဲ့ချစ်သူက မင်းကို မုန်းတီးခဲ့လို့ နှစ်ပေါင်းများစွာ အကြမ်းဖက်ခဲ့တာကို မင်းထုတ်မပြောတော့ဘူး။ အဆိုးရွားဆုံးကတော့ မင်း ဘာအမှားမှ မလုပ်ထားဘူး။ သူတို့ ကဲ့ရဲ့နေတဲ့စကားလုံးတွေက မင်းနဲ့ မထိုက်တန်ဘူး"
 
ထိုစကားကြောင့် ဟွားကျင်းကျင်း ရုတ်တရက် ထငိုလိုက်သည်။ သစ္စာဖောက်ခံရတဲ့လူက သူမကိုယ်တိုင်ပဲ။ နာကျင်ရတဲ့လူက သူပဲ ၊ အခုအချိန်မှာ ဘဝကြီး စုတ်ပြတ်သတ်နေရတာလည်း သူမဖြစ်နေပြန်တယ်။
 
ဖန်ယွီက သူမအနားချဥ်းကပ်လိုက်ပြီး သူမ ငိုချင်တိုင်းငိုလို့ရအောင် ဖက်ထားလိုက်သည်။ သူမအသံတိတ်သွားမှ လွှတ်ပေးလိုက်သည်။
 
ဟွားကျင်းကျင်းက ခေါင်းမမော့က ခေတ္တခဏမျှ နှုတ်ဆိတ်နေမိသည်။ သူမ ခေါင်းမော့လာမှ လေးနက်သော စကားကို ပြောသည်။
"ရှင် ကျွန်မကို ဘာလုပ်စေချင်လ။ ကျွန်မ ပူးပေါင်းပါမယ်"
 
ဖန်ယွီ သက်ပြင်းချလိုက်ပြီး ပြုံးပြလိုက်သည်။
"အခုမှ အရင်ကဟွားကျင်းကျင်းနဲ့ တူတော့တယ်။ အဖြစ်အပျက် အားလုံးကို ရှင်းရှင်းလင်းလင်းဖြစ်အောင် မနက်ဖြန်မနက်ခင်းမှာ သတင်းစာရှင်းလင်းပွဲလုပ်ကြမယ်။ ငါ့ကိုသာ ယုံကြည်ထားပေး။ ငါနဲ့အတူတူ ပူးပေါင်းလိုက်ရင် Star King ဒုက္ခရောက်သွားစေရမယ်လို့ အာမခံတယ်"
 
ဟွားကျင်းကျင်း ခေါင်းညိတ်လိုက်သည်။
"အရင်လို စိတ်ထားမျိုးဖြစ်ဖို့ အကောင်းဆုံးကြိုးစားပါမယ်"
 
ဖန်ယွီက သူ့အားပေးမှုကိုပြသရန် ဟွားကျင်းကျင်း၏ပခုံးကို ဖွဖွလေး ပုတ်လိုက်သည်။ သူမ၏အသံမှာ စိတ်စွမ်းအားကို ခံစားမိသည်။
 
လူတစ်ယောက်၏နှလုံးသားက အကြိမ်ကြိမ် နာကျင်ရသောအခါ သူ့နှလုံးသားက ထုံတေးသွားပြီး ဘာဆိုဘာမှ မကြောက်တတ်တော့ဘူး။
 
...
 
ထိုစဥ် ဟွားကျင်းကျင်း၏ဆုံးဖြတ်ချက်ကို ထျန်းနင်သိအောင် အကြောင်းကြားပြီးပါပြီ။ ထျန်းနင်က သူမ၏ကြော်ငြာရိုက်ကွင်းကို အပြီးသတ် ရိုက်ကူးနေပါပြီ။ သူမကို ပြန်လည်မွေးဖွားလာသည့် စွမ်းအားများက လွှမ်းမိုးထားသည်။ သူမ၏အလုပ်ကို လေးလေးနက်နက် လုပ်ကိုင်ပြီး စိတ်အခြေအနေကလည်း ပြီးပြည့်စုံနေသည်။ ပုံမှန်အားဖြင့် မော်ဒယ် ယောက်ျားလေးများကိုသာ ကြည့်ရှုသူများက အာရုံထားကြသော်လည်း ထျန်းနင်၏အကြည့်က အသက်ဝင်ပြီး အမျိုးသားတစ်ယောက်ထက် ပို၍ အရိုင်းဆန်ပြီး စွဲမက်ဖွယ်ကောင်းသည်။
 
ဒီနေ့က ရိုက်ကွင်းနောက်ဆုံးနေ့ ဖြစ်၏။ အလုပ်အားလုံးပြီးဆုံးသည်နှင့် ထျန်းနင်က ချက်ချင်း မို့ထင်၏လက်ကိုဆွဲကာ စကားပြောလာသည်။
"ပေကျင်းကို ပြန်ကြမယ်"
 
"တစ်ရက် မနားတော့ဘူးလား"
 
"ဟွားကျင်းကျင်းကို သွားဂုဏ်ပြုချင်တယ်"
 
ထျန်းနင်က ချစ်ရသူကို အသနားခံသောအကြည့်လေးများဖြင့် ခွင့်ပြုချက်တောင်းနေသည်။
 
မို့ထင်က ချစ်ဇနီးလေး၏ရွေးချယ်မှုကို လက်ခံပေးလိုက်ပြီး သူမ၏လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ ပေကျင်းထွက်ခွာမည့်လေယာဥ်ကို လက်မှတ်မဖြတ်ခင် နောက်ဆုံးတစ်ကြိမ် Stensonနှင့် တွေ့ဆုံလိုက်သည်။
 
နှုတ်ဆက်စကားပြောပြီးနောက် လေဆိပ်ကို ထွက်ခွာလာခဲ့သည်။
 
သို့သော်လည်း ဤတစ်ကြိမ်တွင် သူတို့ဇနီးမောင်နှံက သူစိမ်းလို သီးသီးသန့်သန့် ခွဲမသွားဘဲ လေဆိပ်မှာ အတူတူယှဥ်တွဲ လမ်းလျှောက်လာသည်။ ထျန်းနင် လေဆိပ်ထဲ ဝင်ရောက်လိုက်သည်နှင့် လုပ်ရိုးလုပ်စဥ်အတိုင်း သတင်းထောက်အနားမှာ ရှိ မရှိ စစ်ဆေးကြည့်လိုက်သည်။ သို့သော်လည်း...
 
မို့ထင်က သူမကို သတိပေးသည်။
"ပုံမှန်အတိုင်း လမ်းလျှောက်။ သတင်းထောက်တွေ ဓာတ်ပုံရိုက်ရင် မလှမပဖြစ်သွားဦးမယ်"
 
"ဒါပေမဲ့ အခုက 'ထင်'နဲ့အတူတူ ရှိနေတာလေ"
 
"ဟုတ်တယ်လေ ၊ ကိုယ်က ချစ်လေးနဲ့အတူတူ ရှိနေတာပါ။ ကိုယ်က ချစ်လေးရဲ့မန်နေဂျာလေ ၊ အတူတူရှိနေတာ ဖြစ်သင့်တာပဲလေ"
 
မို့ထင်က သူမ၏ပခုံးပေါ်လက်တင်လိုက်ပြီး အနီးအနား ဆွဲခေါ်လိုက်သည်။ လူအုပ်စုထဲ လူကွဲသွားမည်ကို ကာကွယ်နေ သယောင်ယောင် သူမနှင့် ပိုကပ်ထားသည်။
 
ထျန်းနင်က ရှုပ်ယှက်ခတ်နေသော လေဆိပ်မှာ ခရီးသွားများ ပြည့်နှက်နေသည်ကို ကြည့်ပြီး သတင်းထောက်အများကြီး မရှိမှန်း နားလည်သွားသည်။ သူမ၏စိတ်ကို ပြေလျော့လိုက်ပြီး မို့ထင်နှင့်လုံကျဲကို နောက်မှ ချန်ထားခဲ့ပြီး ရှေ့သို့ခပ်မြန်မြန် လမ်းလျှောက်လာသည်။
 
အရင်တုန်းက သတင်းထောက်များမှာ ထျန်းနင်ကို ဓာတ်ပုံတစ်ပုံ ရိုက်ရဖို့ မနည်းကြိုးစားရသည်။ ထျန်းနင်က ဓာတ်ပုံတစ်ပုံတောင် အရိုက်မခံခဲ့ဘူး။ အခုတော့ သူမကိုယ်တိုင် မီဒီယာ အရှေ့ကို ရောက်လာသည်။
 
သို့သော်လည်း လူတချို့က ထျန်းနင်နှင့် မို့ထင်ကို သတိထားမိသွားသည်။ သူတို့က အမှတ်တရလက်မှတ်ရယူရန် ထျန်းနင်အနားကို ချဥ်းကပ်လာပြီး စကားပြောသည်။
"အစ်မထျန်းက  ဘယ်လိုဖြစ်ပြီး သူဌေးမိုနဲ့ အတူတူရှိနေတာလဲ"
 
အပိုင်း(၂၂၉) ပြီးပါပြီ။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now