အပိုင်း(၄၅၆)

110 11 0
                                    

အပိုင်း(၄၅၆)

လုချယ်က မို့ထင်၏အမိန့်အတိုင်း ဆေးစစ်ခဲ့သည့် ဆေးရုံကို သွားရောက် စုံစမ်းခဲ့သည်။ သို့သော်လည်း သူကိုယ်တိုင် သွားရောက် စုံစမ်းခြင်း မဟုတ်ခဲ့ပေ။ သူနှင့် ရင်းနှီးကျွမ်းဝင်သော လိမ္မာပါးနပ်သော နောင်ယောင်ခံ လိုက်သူမှ တဆင့် ဆေးရုံမှ ဆရာဝန်များ အကြောင်းကို စုံစမ်းပြီး ပစ်မှတ်အနား သူလျှို လွှတ်ပေးထားသည်။

ထျန်းနင် ဆေးစစ်ခဲ့သည့် ဆရာဝန်အနားမှ သူနာပြုများ နှင့် ဆေးဝန်ထမ်းများမှ တဆင့် နောက်ယောင်ခံလိုက်သူက စုံစမ်းနေသည်။

သို့သော်လည်း သူတို့ရည်ရွယ်ချက်ကို မစုံစမ်းမိခင် သူတို့အားလုံး စိတ်ရှည်ရှည်ထားရန် လိုအပ်သည်။ ထို့ကြောင့်လည်း ဆရာဝန်အနားမှ သူနာပြုများ နှင့် ဆက်ဆံရေး ကောင်းမွန်အောင် နေထိုင်ခိုင်းပြီး ဆရာဝန်၏ နောက်ထပ်လှမ်းမည့် ခြေလှမ်းကို စောင့်ကြည့်စေသည်။

...

ညဉ့်ဦးယံအချိန်

ထျန်းနင်က ဆရာဝန်ဖူ တောင်းဆိုသည့်အတိုင်း ခန္ဓာကိုယ် တစ်ကိုယ်လုံးကို ဆေးစစ်ဆေးခဲ့သည်။

ထို့နောက် မို့ထင်က ထျန်းနင်ကို အဖော်ပြုကာ အိမ်ပြန်လာခဲ့သည်။ စုန့်ယန်ရှု ကားမောင်းနေစဉ် မို့ထင်က ထျန်းနင် အရှေ့မှာ ဒူးထောက်လိုက်ပြီး သူမ၏ဝမ်းဗိုက်လေးကို ဖွဖွလေး နမ်းသည်။
"နောက်ဆုံးတော့ ကိုယ် အဖေဖြစ်ခွင့် ရတော့မယ်"

"အခုကစပြီးတော့ ချစ်လေး ဘာမှ မလုပ်ရတော့ဘူး"

"ချစ်လေး ရုပ်ရှင် အပြီးသတ် ရိုက်ကူးဖို့ ကျန်သေးတာ ယောက်ျား မေ့နေသလား"
ထျန်းနင် သတိပေးသည်။

မို့ထင် မျက်မှောင်ကြုတ်လိုက်ပြီး ထျန်းနင် ဘေးနားထိုင်ကာ သူမ၏ခန္ဓာကိုယ်ကို ထွေးဖက်ထားသည်။

ထျန်းနင်က မို့ထင် ဘာအကြောင်းအရာကို စိုးရိမ်နေလဲ နားလည်မိ၍ နှစ်သိမ့်ဖျောင်းဖျကြည့်သည်။

"ချစ်လေး၊ ဆရာဝန်နဲ့ စကားပြောကြည့် ပြီးပြီ။ ချစ်လေးက ကိုယ့်ဘာသာ ဂရုစိုက် သရွေ့ ရုပ်ရှင် ဆက်ရိုက်ကူးလို့ ရတယ်တဲ့။ ဘာပဲဖြစ်ဖြစ်ပါ အန္တရာယ်များတဲ့ ဇာတ်ဝင်ခန်း အားလုံးက ရိုက်ကူးပြီးပြီလေ။ နောက်ထပ် ရိုက်ကူးရမှာက စကားပြောတဲ့ ဇာတ်ဝင်ခန်းတွေလေ။ အန္တရာယ် မများဘူးဆိုရင် ချစ်လေး သေချာ ရင်ဆိုင် နိုင်ပါတယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now