Ep 328+329+330

112 6 0
                                    

အပိုင်း(၃၂၈)

 
ရိုင်းစိုင်းသောပရိသတ်များ၏ ထိုးနှက်မှုသည် Star Art၏ အစီအစဉ်အားလုံးကို ရှုပ်ထွေးစေခဲ့သည်။ အေဂျင်စီက ဘေးလူအနေဖြင့်သာ အခြေအနေကို စောင့်ကြည့်ချင်ခဲ့သော်လည်း  ဖိအားပေးခံရ၍ အများရှေ့ထွက်ကာ သူတို့အမြင်ကို ထုတ်ပြောသည်။
 
 
ဤမျှလောက် တန်ကြေးမြင့်သည့် အခြေအနေဆိုးကို ရင်ဆိုင်ရမည်မှန်း ကြိုသိခွင့် ရခဲ့လျှင် ပြဿနာ သေးသေးမွှားမွှား ဖြစ်နေသည့်တိုင် သူတို့ စောစောစီးစီး ရှေ့ထွက်ပြီး ပြဿနာကို ဖြေရှင်းပေးလိမ့်မည်။
 
 
ယခုတော့ ထျန်းနင် နှင့် ဟိုက်ဟွေ့ဖျော်ဖြေရေးက အဆင့်တန်းမြင့်သော အခြေအနေမှာ ရပ်တည်နေရချိန် သူတို့အေဂျင်စီက လူတကာ၏ပြစ်တင် စော်ကားမှုကို သည်းခံနေရသည်။
 
 
"Star Artက မျက်နှာပြောင် တိုက်လှချည်းလား။ နင် ဝိုင်းတိုက်ခိုက် ခံရတုန်းက နင့်ကို ကူညီတဲ့ စကားလေး တစ်ခွန်းတောင် ပြောပေးဖော် မရခဲ့ဘူး။ အခု ကံကြမ္မာ တစ်လှည့်ပြောင်းသွားတော့ ပုန်းနေရာက ထွက်လာပြီလေ။ ဒါပေမဲ့ အရမ်းနောက်ကျသွားခဲ့ပြီ"
 
လုံကျဲက Star Art၏တိုက်ရိုက်ထုတ်လွှင့်မှု အင်တာဗျူးကို ကြည့်ရှုကာ မကျေမနပ် ပြောဆိုနေ၏။
"ယွဲ့ရှမ်ရှမ် ရုပ်ရှင်ဆက်ရိုက်ကူးမယ်လို့ မထီမဲ့မြင် ပြောရဲသေးတယ်"
 
" အရင်တုန်းက ရုပ်ရှင် ဆက်မရိုက်ကူးဘူးလို့ အာကျယ်အာကျယ် ပြောနေပြီ။ အခုတော့ ပါးစပ်ပေါက်တွေ ပိတ်သွားကြပြီ။ မွေးတည်းက ရှက်တတ်တဲ့ စိတ်ရော ပါလာရဲ့လား မသိဘူး။ ငါတော့ သူတို့ကိုယ်စား ရှက်မိတယ်။ ရွံစရာကောင်းတဲ့ လူ့တိရိစ္ဆာန်တွေ"
 
 
" ဒါနဲ့ ထျန်းနင် ဆောင်းဦးဖက်ရှင်ပွဲတော်အတွက် ဘာတွေ ပြင်ဆင်ထားလဲ။ ဘာလို့ အင်တာဗျူးတွေကို ရုတ်တရက် ဖျက်ခိုင်းရတာလဲ"
 
လုံကျဲက ထျန်းနင် စောစောက ညွှန်ကြားထားသော အလုပ်များကို ရုတ်တရက် တွေးမိသွားသည်။
 
"ဘာလို့ ဒီရုပ်ရှင်ဇာတ်ညွှန်းကို ဆက်ဖတ်နေသေးတာလဲ။ နင် စာလုံးတစ်လုံးချင်းစီကို အလွတ်ရပါတယ်လို့ ငါ ပြောရဲတယ်"
 
 
" ထျန်းနင်ရယ် ဆက်မဖတ်ပါနဲ့တော့။ နင် ဒါကို ဆက်ဖတ်နေသေးလည်း ဟိုမသတီစရာကောင်းတဲ့ မိန်းမက ရုပ်ရှင် ဆက်ရိုက်ကူးတော့မယ်"
 
 
" နင့်ကို အဲစကား ဘယ်သူ ပြောလဲ"
 
ထျန်းနင်က နက်နဲသော အဓိပ္ပါယ်ဖြင့် လုံကျဲကို မေးမြန်းသည်။
 
"သူဌေးကြီးက သရုပ်ဆောင် ပြောင်းတော့မယ်လို့ နင် ပြောချင်တာလား။ ဒါပေမဲ့ ယွဲ့ရှမ်ရှမ် ရိုက်ကူးရမယ့် အပိုင်းတွေက ပြီးခါနီးပြီလေ။ တခြားတစ်ယောက်ကို ထပ်ရွေးချယ်လိုက်ရင် အရမ်းကို ငွေကုန်ကြေးကျ များလိမ့်မယ် မဟုတ်ဘူးလား"
 
 
" ငါ့အထင် နင် သတင်းဖတ်နေတာပဲ ပြန်အာရုံစိုက်သင့်တယ်"
 
ထျန်းနင်က ဘာဆိုဘာမှ ထုတ်မပြောခဲ့ပေ။ လုံကျဲကို အခုချိန် ထုတ် မပြောသေးသော်လည်း နေ့လည်ခင်းမှာ ရိုက်ကွင်း တရားဝင် သွားရစမည်။ အချိန်တန်လျှင် လုံကျဲ သိခွင့်ရမည့် အမှန်တရား ဖြစ်လေ၏။
 
လုံကျဲက ဒွိဟဖြစ်သော ခံစားချက်ဖြင့် ပခုံးဆက်ခနဲ့ တွန့်လိုက်ပြီး သူ့ဖုန်းလေးကို ပြန်ကိုင်ကာ အင်တာဗျူး ဆက်လက်ကြည့်ရှုသည်။
 
"ရှမ်ရှမ်ရဲ့စိတ်လိုက်မာန်ပါ အပြုအမူကြောင့် ဟိုက်ဟွေ့ဖျော်ဖြေရေးနဲ့ ပြဿနာတက်ပြီး 'Stupid'ရုပ်ရှင်ရိုက်ကူးရေးကိုလည်း နှောင့်နှေးစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီလို ဆုံးဖြတ်ချက်မျိုးကို ရွေးလုပ်မိခဲ့တာလဲ သူ့ပရိသတ် မတရားခံရတာကို မကြည့်ရက်လို့ပါ။ ရှမ်ရှမ်ကို နားလည်ပေးဖို့ မျှော်လင့်ပါတယ်။ ဒီအပြစ်လေးကို လူထုက မျက်ကွယ်ပြုပေးပါဗျာ"
 
"သိပ်မကြာခင် ရှမ်ရှမ်က ရိုက်ကွင်းကို ပြန်လာတော့မှာပါ။ လက်ရှိရိုက်ကူးနေတဲ့ဇာတ်ကားကို ပြန်လည်ရ်ိုက်ကူးပါတော့မယ်"
 
 
Star Art အေဂျင်စီ၏ တာဝန်ရှိသူက မိုက်ခရိုဖုန်းကို ယွဲ့ရှမ်ရှမ်ထံ လွှဲပြောင်းပေးပြီး ဆက်လက် ပြောကြားစေသည်။
 
 
ယနေ့ ယွဲ့ရှမ်ရှမ်က မိတ်ကပ် ခပ်ထူထူ လိမ်းခြယ်ထားပြီး တစ်ညလုံး ငိုကြွေးထား၍ ဖူးယောင်နေသော မျက်လုံး မို့အစ်အစ်များကို ဖုံးကွယ်ထားသည်။
 
 
"ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ယုံကြည်မှုနဲ့ ထိုက်တန်အောင် အကောင်းဆုံး ကြိုးစားသွားပါမယ်"
 
ရိုးရှင်းသော စကားတစ်ခွန်းကို ပြောဆိုပြီးနောက် ယွဲ့ရှမ်ရှမ်က မိုင်ခရိုဖုန်းကို အေဂျင်စီ၏တာဝန်ရှိသူထံ ပြန်ပေးခဲ့သည်။ သို့သော်လည်း သတင်းထောက်က ဤအခွင့်အရေးကို လက်လွှတ်မခံဘဲ ဘေးကျပ်နံကျပ် ဖြစ်သော မေးခွန်းများကို မေးမြန်းလာသည်။
 
"ဟိုက်ဟွေ့ဖျော်ဖြေရေးနဲ့ ဆွေးနွေးပြီးမှ ဒီအင်တာဗျူးလုပ်ဖို့ အစီအစဉ် ဆွဲခဲ့တာလား"
 
 
" ဒါနဲ့ ဟိုက်ဟွေ့ဖျော်ဖြေရေးက သူတို့အတွေးကို လုံးဝ ထုတ်မပြောဘူးနော် ဟုတ်တယ်မလား"
 
 
"ယွဲ့ရှမ်ရှမ်က ရုပ်ရှင်ဆက်ရိုက်ကူးဖို့ အကြောက်အကန် ငြင်းနေတာလေ။ အခုတော့ အခြေအနေက ပြောင်းလဲသွားပါလား။ ရုတ်တရက်ကြီး ဘာလို့ နောက်ပြန်လှည့်ရသလဲ။ ရင်ဆိုင်ဖို့ အင်အား မရှိတော့လို့လား"
 
 
ယွဲ့ရှမ်ရှမ်၏ ပင်ကို ဖြူဖွေးသော အသားအရည်က ပို၍ဖြူဖျော့လာသည်။ သူမက မိုင်ခရိုဖုန်းကို နောက်တစ်ကြိမ် လက်ခံလိုက်ပြီး ပြန်ဖြေသည်။
 
"ငါပဲ ' Stupid'ရုပ်ရှင်ရဲ့ ဇာတ်ဆောင်မင်းသမီး ဇာတ်ရုပ်နဲ့ လိုက်ဖက်တယ်။ ငါက ဇာတ်ရုပ်နဲ့ အသင့်လျော်ဆုံးပဲ"
 
" တခြားသူက မင်းလောက် အရည်အချင်း မရှိဘူးလို့ ယွဲ့မိန်းကလေးက ပြောချင်တာလား"
 
 
" ငါက အသင့်လျော်ဆုံးလို့ ပြောချင်တာပါ"
 
 
ယွဲ့ရှမ်ရှမ်၏စကားလုံးတိုင်းက တိကျပြတ်သားပြီး ယုံကြည်မှုများ ပြည့်လျှံနေ၍ သတင်းထောက်များကို ပြောစရာ စကား ပျောက်ကွယ်သွားစေသည်။ ဟိုက်ဟွေ့ဖျော်ဖြေရေးက  ကြေညာချက် ထုတ်ပြန်ခြင်း မရှိ၍ Star Art အေဂျင်စီ နှင့် ဟိုက်ဟွေ့ဖျော်ဖြေရေးတို့ သီးသန့် ဆွေးနွေးခဲ့သည်ဟု ယူဆနိုင်သည်။
 
 
အင်တာဗျူး ပြီးဆုံးပြီးနောက် ယွဲ့ရှမ်ရှမ်က ရိုက်ကွင်း အလောတကြီး ပြေးသွားသည်။ သို့သော်လည်း ရိုက်ကွင်းကို သူမ ရောက်သောအခါ လူတိုင်း၏မျက်ဝန်း အကြည့်က ပြောင်းလဲသွားသည်ဟု သတိထားမိသည်။
 
 
"ယွဲ့အစ်မ။ ဘာလို့ ပြန်လာတာလဲ"
 
လက်ထောက်ဒါရိုက်တာက ယွဲ့ရှမ်ရှမ်ကို မျက်မှန်းတန်းမိ၍ ကသိကအောင့် မေးမြန်းခဲ့သည်။
 
"ငါ ဘာလို့ ပြန်လာတာလဲ မေးတာ ဘာသဘောလဲ"
 
 
"မင်းသမီးသရုပ်ဆောင် ပြောင်းလဲသွားပြီလို့ အသိပေးထားတယ်။ ဟိုက်ဟွေ့ဖျော်ဖြေရေးက မင်းကို အကြောင်းမကြားဘူးလား"
 
လက်ထောက်ဒါရိုက်တာက သူမ၏ပခုံးကို ပုတ်ကာ ပြန်ဖြေသည်။
 
"ဒီဆုံးဖြတ်ချက်အတွက်နဲ့ ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့ကို မင်း အပြစ်တင်လို့ မရဘူး။ မင်းက ငါတို့တစ်ဖွဲ့လုံးကို ဘာစကားတစ်ခွန်းမှ မပြောဘဲ ရိုက်ကူးရေး ရပ်တန့်ခဲ့တာလေ။ ငါတို့ဘက်ရော ထည့်စဉ်းစားခဲ့လို့လား။ မင်းရဲ့ပရိသတ် ဆေးရုံ ရောက်သွားရင်တောင် မင်းနဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ ငါတော့ ထင်တယ်"
 
 
"သရုပ်ဆောင်အတွက် အရေးကြီးဆုံးက ကိုယ့်အလုပ်ကိုယ် လေးစားဖို့ပဲ။ မင်းကတော့ ဘာကိုမှ ဂရုမစိုက်ဘဲ ရိုက်ကူးရေးကို မင်းဘာသာမင်း ရပ်တန့်လိုက်တယ်။ ဘယ်သူကမှ မင်းနဲ့ နောက်တစ်ကြိမ် အလုပ်တွဲ မလုပ်ချင်ဘူး"
 
 
"ပိုအရေးကြီးဆုံးအချက် အနေနဲ့ ပြောရရင် မင်းက ဟိုက်ဟွေ့ဖျော်ဖြေရေးကိုတောင် ခြိမ်းခြောက်ရဲတဲ့ သတ္တိရှိနေတယ်။ ငါသာ မင်းနေရာမှာဆိုရင် ဒီနေရာကို လာရဲတဲ့သတ္တိ မရှိတော့ဘူး"
 
ထိုစကားကို ပြောဆိုပြီးနောက် လက်ထောက်ဒါရိုက်တာက သူမဘေးနား ဖြတ်လျှောက်သွားသည်။ သို့သော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူ ဖြည့်စွက် ပြောသည်။
"ဒါနဲ့ ငါက ခေါင်းဆောင်မင်းသမီး အသစ်ကို သွားကြိုဆိုဦးမယ်နော်"
 
"ဘယ်သူလဲ"
 
ယွဲ့ရှမ်ရှမ်က ဒေါသကြောင့် ဖြစ်တည်လာသော မျက်ရည် မကျမိအောင် ထိန်းချုပ်ထားသည်။
 
"ဒါက ထိပ်တန်းလျှို့ဝှက်ချက်လေ"
 
အဖြေပေးပြီးနောက် လက်ထောက်ဒါရိုက်တာက ယွဲ့ရှမ်ရှမ်ကို လျစ်လျူရှုက ကျောခိုင်း ထွက်ခွာသွားသည်။
 
ယွဲ့ရှမ်ရှမ် ပေကျင်းမှ ပြန်လာခဲ့ပြီး ဖြစ်ပျက်ခဲ့သမျှကို အေဂျင်စီ၏ ဒါရိုက်တာ တစ်ဦးကို ပြောပြခဲ့သည်။ ဒါရိုက်တာက မို့ထင်ကို ချက်ချင်း ဖုန်းခေါ်ခဲ့ပါသည်။ သို့သော်လည်း သူတို့က မို့ထင်နှင့် အစည်းအဝေး ထိုင်ရလောက်သည့် အဆင့်မရှိ၍ လုချယ်နှင့်သာ ညှိနှိုင်းခဲ့ရသည်။
 
 
"လက်ထောက်လုချယ်။ ငါတို့တွေ ညှိနှိုင်းကြမယ်လို့ မင်း ပြောခဲ့တယ်မလား။ ဘာလို့ ရှမ်ရှမ်နေရာမှာ အစားထိုးလိုက်တာလဲ"
 
 
"ညှိနှိုင်းမယ်ဆိုတာ ယွဲ့ပရိသတ်က ထျန်းနင်ကို လုပ်ကြံဖို့ ကြိုးစားခဲ့တာကို ဆက်မစုံစမ်းတော့ဘူးလို့ ပြောချင်တာပဲ။ ယွဲ့ရှမ်ရှမ်ကို ရိုက်ကူးရေး ပြန်လာခွင့် ပြုပါတယ်လို့ ပြောခဲ့လို့လား။ ပြဿနာကို ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်တယ်နော်။ ရုပ်ရှင်ရိုက်ကူးဖို့ ငြင်းဆန်ခဲ့တာ မင်းတို့အေဂျင်စီရဲ့ မင်းသမီးပါ။ ဟိုက်ဟွေ့ဖျော်ဖြေရေးက မင်းတို့စိတ်ကြိုက် ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့ရတဲ့ ဇရပ်လို့ တွေးနေသလား"
 
 
"အရေးကြီးဆုံး အချက်ကို ရွေးပြောရရင် ဟိုက်ဟွေ့ဖျော်ဖြေရေးက စာချုပ်ဖောက်ဖျက်ခဲ့တဲ့ မင်းသမီး ယွဲ့ရှမ်ရှမ်ကို တရားစွဲဖို့ ဆုံးဖြတ်ထားတယ်။ လျော်ကြေးပေးဖို့ မင်းတို့ အကောင်းဆုံး ပြင်ဆင်ထားသင့်တယ်"
 
 
ထိုစကားကို ပြောပြီးနောက် လုချယ် ဖုန်းချခဲ့သည်။ မို့ထင် ညွှန်ကြားခဲ့သည့် အတိုင် လုပ်ဆောင်ခဲ့သည့် အပြင် ပီအာအဖွဲ့ကလည်း 'Stupid' ရုပ်ရှင်အတွက် ဇာတ်ဆောင်မင်းသမီး ပြောင်းလဲသွားသည့် သတင်း တရားဝင် ကြေညာပေးသည်။
 
 
ကြေညာချက် ထွက်ပေါ်လာသည်နှင့် ကွန့်မန့်များ အပြိုင်အဆိုင် မန့်ကာ ကိုယ့်အမြင် သူ့အမြင်ကို ထုတ်ဖော်ကြသည်။
 
 
[ ယွဲ့ရှမ်ရှမ် ရုပ်ရှင်ဆက်ရိုက်ကူးခွင့် ရမယ်လို့ Star Artက စိတ်ကူးယဉ်နေသလား။ ဟိုက်ဟွေ့ဖျော်ဖြေရေးက ခမ်းနားထည်ဝါတဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလေ။ ရုပ်ရှင်ဆက်ရိုက်ကူးဖို့ ငြင်းဆန်တဲ့ ယွဲ့ရှမ်ရှမ်ကို မို့ထင်က သည်းခံပါ့မလား။ ဦးနှောက်ရှိရင် တွေးတတ်ပါတယ်လေ]
 
 
[ထျန်းနင် စော်စော်ကားကား ပြောခံရတဲ့ အရင်ချိန်တုန်းက ယွဲ့ရှမ်ရှမ်က မတရားခံ ရသူလို ပြုမူနေတာလေ။ ကံကြမ္မာစက်ဝန်း တစ်ပတ်လည်လာတော့ သူ့ကိုယ်သူ သရုပ်ဆောင်မင်းသမီးဆိုတာ အမှတ်ရသွားပြီပေါ့။ ရိုက်ကွင်းကို နောက်တစ်ခေါက် ပြန်လာရဲတဲ့အထိ အရှက်မဲ့လှချည်းလား]
 
 
[ဟိုက်ဟွေ့ဖျော်ဖြေရေးက အရှိုက်ထိအောင် အရှက်ခွဲတဲ့ ပညာရပ်မှာ ပိုပိုပြီးတော့ ထူးချွန်လာတယ်။ သူတို့က ခေါင်းဆောင်မင်းသမီး နေရာကို ဖယ်ရှာပြီး လူသစ်ရွေးချယ်လိုက်တော့ ယွဲ့ရှမ်ရှမ်က  လှောင်ရယ်စရာ ဖြစ်သွားတာပေါ့။ ဟား ဟား ဟား ၊ ငါတော့ အရမ်းကို ကျေနပ်မိတယ်]
 
 
[ဒါနဲ့ သရုပ်ဆောင်အသစ်က ဘယ်သူလဲ]
 
 
[ယွဲ့ရှမ်ရှမ်က သူ့ကိုယ်သူ ဟုတ်လှပြီ အထင်နဲ့ ဘဝင်ရူး ရူးနေတော့ ပြုတ်ကျတော့ အထိနာပြီပေါ့။ သူ့လို သရုပ်ဆောင်မင်းသမီး အဆင့်လောက်က ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့ရဲ့ တိုးတက်မှုကို နှောင့်နှေးအောင် လုပ်နိုင်တဲ့ အရည်အချင်း ရှိမယ်လို့ စိတ်ကူးယဉ်ရဲသေးတယ်။ သူ မရှိလည်း ရုပ်ရှင် ရိုက်ကူးရေးက သူ့ဘာသာ လည်ပတ်နေဦးမှာပဲ]
 
 
[ငါလည်း ခေါင်းဆောင်မင်းသမီး အသစ် ဘယ်သူလဲဆိုတာ သိချင်တယ်။ ထုတ်လုပ်ရေးအဖွဲ့က ဒါကို လျှို့ဝှက်ချက်အနေနဲ့ ဖုံးကွယ်ထားတာနော်။ အဲဒီရွေးချယ်ထားတဲ့ မင်းသမီးရဲ့ သရုပ်ဆောင်စွမ်းရည်က ယွဲ့ရှမ်ရှမ်ကို ပါးစပ်ပိတ်သွားစေဖို့ မျှော်လင့်ပါတယ်]
 
 
...
 
 
လုံကျဲက ထျန်းနင် အဝတ်အစားအိတ် ပြင်ဆင်နေသည်ကို သတိထားမိ၍ မဝံ့မရဲ ခန့်မှန်းလိုက်သည်။
 
"ခေါင်းဆောင်မင်းသမီး အသစ်က နင်လို့တော့ မပြောနဲ့နော်"
 
"ဟုတ်တယ် ငါပဲ"
 
ထျန်းနင် ခေါင်းညိတ်သည်။
"ခဏနေရင် ရိုက်ကွင်းကို သွားရတော့မယ်"
 
"တကယ်ကြီးလား အခုသွားရမှာလား"
 
လုံကျဲမှာ မထင်မှတ်ထားသော အဖြစ်အပျက်ကြောင့် မိုးကြိုးပစ်ချ ခံရ သကဲ့သို့ ခံစားရသည်။
"မဖြစ်နိုင်ပါဘူး။ ဟုတ်ရောဟုတ်ရဲ့လား။ ငါ အိပ်မက်များ မက်နေသလား။ နင် တကယ်ပဲ သရုပ်ဆောင်တော့မှာလား"
 
***
အပိုင်း(၃၂၉)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now