အပိုင်း(၄၄၅)

73 7 0
                                    

အပိုင်း(၄၄၅)

လူတိုင်းက မှန်ကန်ဖြောင့်မတ်သော အဘိုးအိုကို ငေးကြည့်နေသည်။ အဘိုးအိုက ပိုင်ချိုးရှန့် အရှက်ရပြီး အသိတရားဝင်သွားအောင် ဆူပူကြိမ်းမောင်းနေသည်။

သတင်းထောက်တချို့က ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်ကြပေ။
"အဲဒီပိုင်ချိုးရှန့် ဆိုတဲ့ ကောင်က တော်တော်လေးကို တုံးအတာပဲ။ အားနည်းချက်မရှိတဲ့ အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့တယ်လို့ တွေးခဲ့ပေမဲ့  ထျန်းနင်တို့အဖွဲ့ကို ဆန့်ကျင်ခဲ့မိလို့ အရှုံးကြီး ရှုံးခဲ့တာပဲ။ သူက မီးနဲ့ ကစားချင်တယ်။ ကိုယ့်ဘာသာကိုယ် လောင်မြိုက်တာပေါ့"

"မှန်တာပေါ့။ ဒီလောက်အထိ အရှက်ကွဲထားတော့ အချိန်တော်တော်ကြာအောင် ရုပ်ရှင်ရိုက်ကူးလို့ မရတော့ဘူး"

"အဲဒီ လူယုတ်မာကောင်နဲ့ အလုပ်တွဲလုပ်တဲ့ ဘယ်သူမဆို ဒုက္ခရောက်မှာပဲ"

"ငါတို့တွေကို စက်ဆုပ်ဖွယ်ကောင်းတဲ့သူက အသိဉာဏ်ကန်းအောင် လုပ်တော့မလို့။ ကံသီပေလို့ အမှန်တရား ပေါ်သွားတယ်"

ပိုင်ချိုးရှန့်၏ အကြံအစည် အသေးစိတ် ပေါ်သွားခဲ့သည်။ မို့အကြီးအကဲက ဤမျှလောက်ဖြင့် ကျေနပ်မည့်သူ မဟုတ်ပေ။
"ဒီလောက်ဆိုရင် မင်းနေရာ မင်း ပြန်ထိုင်လို့ရပြီ။ ဖြစ်ပျက်သမျှကို ရဲစီမှာ ဝန်ခံလိုက်တော့"

မို့အကြီးအကဲက သူနှင့်အတူတူ ရဲအမှုထမ်း ခေါ်လာသည်။ ရဲအမှုထမ်းက အားလုံးကို သူကိုယ်တိုင် ကြားသိခဲ့၍ ပိုင်ချိုးရှန့်က သူ့ဝှီးလ်ချဲ ပေါ်မှ အတင်း ဆွဲခေါ်သွားသည်။
"သရုပ်ဆောင်နေတာ တော်သင့်ပြီ။ ငါတို့နဲ့ လိုက်ခဲ့ပေးပါ"

ဂူရှန်က ကူကယ်ရာမဲ့နေသော ပိုင်ချိုးရှန့်ကို ငေးကြည့်နေမိသည်။

ကင်မရာမီးရောင် တလျှပ်လျှပ် အောက်မှာ ပိုင်ချိုးရှန့်ကို ရဲများ ဖမ်းချုပ်သွားသည်။

"သရုပ်ဆောင်ကောင်းတဲ့ ပိုင်ချိုးရှန့်က ဒီလို အကျင့်စရိုက်ဆိုး ရှိနေမယ်လို့ တွေးတောင် မတွေးမိခဲ့ဘူး။ တော်တော် အရှက်မဲ့တာပဲ"
ပိုင်ချိုးရှန့်၏ အရူးလုပ်ခြင်းကို ခံရ၍ သတင်းထောက်များ ဒေါကန်နေသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now