စာစဉ်(၁၉) 256+257+258

128 8 0
                                    

အပိုင်း( ၂၅၆)

ထျန်းနင် အချစ်နဲ့ ထိုက်တန်တဲ့ ခင်ပွန်းကောင်းကို ထျန်းနင် ပိုင်ဆိုင်နိုင်ပါစေ

 
 
 
"ငါကတော့ ကျန်းမန်နီ စိန်ခေါ်တာကို လက်ခံလိုက်ပြီ"
ဟိုက်ဟွေ့ ဖျော်ဖြေရေးမှာ ကျန်းမန်နီက သူမ၏ရပိုင်ခွင့်ကို ပေါ်ပေါ်ထင်ထင် မတောင်းဆိုခဲ့သော်လည်း နောက်ကွယ်မှ ကြိုးကိုင်ခြယ်လှယ်နိုင်သည်။
မို့ထင်က Charleneကို ကျန်းမန်နီ ဘေးနား ပြန်ပို့ပေးခဲ့၍ သူမ ကိုယ်စား ယုတ်မာသော လှည့်ကွက်များကို ဖန်တီးခိုင်းလိမ့်မည်။ မို့ထင် ရိပ်မိသွားခဲ့လည်း သူမနှင့် မသက်ဆိုင်ကြောင်း နောက်ဆုံး အကြိမ်အထိ ငြင်းဆန်ရလိမ့်မည်။
ဟွာကျင်းကျင်းကို အသုံးချပြီး ထျန်းနင်ကို ကိုယ့်အဆင့်အတန်းကိုယ် သိသွားအောင် ခြိမ်းခြောက်ပြရမည်။ ညစ်ပတ် ယုတ်ညံ့သော လှည့်စားမှုဖြင့် မို့ထင်ကို မန်နေဂျာလုပ်ဖို့ တောင်းဆိုနိုင်ခဲ့လည်း အထင်ကြီးစရာ မရှိပေ။ ထျန်းနင်ကို ကိုယ့်အဆင့်ကိုယ် သိအောင် သင်ခန်းစာပေးရမည်။ ထျန်းနင်လို အပေါစားမော်ဒယ်မက နိုင်ငံတကာတန်းဝင် မော်ဒယ် ယှဉ်နိုင်မည်နည်း။
"မို့သူဌေးလည်း ဒီပြဿနာကို သိပါတယ်..."
လုချယ် ရှင်းပြသည်။
"မဒမ် သူဌေးက ဒီပြဿနာကို ဖြေရှင်းပေးမှာပါ"
မို့ထင်က အချင်းချင်း နောက်ကျောဓားထိုးတတ်သူများကို စက်ဆုပ်မိသည်။ ဤပြဿနာမှာ ပါဝင် ပတ်သက်သူ ကျန်းမန်နီ ဖြစ်ပါစေ ကျန်းမန်နီထက် မြင့်မြတ်နေသူ ဖြစ်လည်း ခွင့်လွှတ်ပေးစရာ အကြောင်းအရင်း မရှိပေ။
"ဟွာကျင်းကျင်း ဒဏ်ရာ ဘယ်လိုနေလဲ"
"သက်သာပါတယ် သူဌေးကတော်။ မီဒီယာသမားတွေကတော့ ဖန်ယွီနဲ့ ဟွာကျင်းကျင်းကို သိက္ခာချဖို့ပဲ ကြိုးစားနေကြတယ်"
"ပြည်တွင်း မီဒီယာသမားတွေ လုပ်ကြံဇာတ် ထပ်မခင်းအောင် ဟွာကျင်းကျင်း အိမ်မှာပဲ ပုန်းနေတယ်။ ကျင်းကျင်းရဲ့ မန်နေဂျာက ကျင်းကျင်းကို စောင့်ရှောက်ပေးနေပါတယ်"
လုချယ် အသေးစိတ် ရှင်းပြသည်။
"ဆေးခန်းသွားပြပြီပါ့လား"
"ဒါတော့ သေချာမသိဘူး"
ထျန်းနင် ဖုန်းချလိုက်ပြီး မို့ထင်ကို ဖုန်းခေါ်သည်။
မို့ထင် ဖုန်းကို နား အနားကပ်ကပ်ချင်း ထျန်းနင်၏ ဒေါသရောယှက်နေသော
စိုးရိမ်သံကို ကြားရသည်။
"ကိုယ် အကုန်ဖြေရှင်းထားတယ်။ ဟွာကျင်းကျင်းကို ဆေးကုပေးဖို့ ဖန်ယွီက ဆရာဝန် သွားပင့်ပေးတယ်။ ဘာမှ မစိုးရိမ်နဲ့တော့ အချစ်"
"ချစ်လေး၊ ယောက်ျားကို ယုံကြည်ပါတယ်။ ဒါပေမဲ့ ချစ်လေး သူငယ်ချင်းကို ကိုယ်တိုင် သွားတွေ့ချင်တယ်"
ထျန်းနင်၏စိတ် တဖြည်းဖြည်းချင်း တည်ငြိမ်သွားသည်။
"ကိုယ် မပြီးပြတ်သေးတဲ့ အလုပ်တွေ ပြီးအောင် လုပ်လိုက်ဦးမယ်၊ ကိုယ့်ကို ခဏစောင့်နော်။ ကိုယ်နဲ့အတူတူ ဟွာကျင်းကျင်းကို သွားတွေ့ကြမယ်"
မို့ထင်က ချိုသာစွာ ပြန်ပြောသည်။
"ညပိုင်းရောက်ရင် ကိုယ့်ချစ်လေးကို အိမ်အထိ လာခေါ်ပေးမယ်"
"အင်းပါ။ ချစ်လေး ... ယောက်ျားပြန်လာမယ့်အချိန်ကို စောင့်နေပါ့မယ်"
ထျန်းနင်နှင့် ဖုန်းပြောဆိုပြီးနောက် မို့ထင်က ဖန်ယွီ၏မျက်နှာကို တည့်တည့်ကြည့်ရှုကာ အမိန့်ပေးလိုက်သည်။
"အဲဒီမိန်းမနဲ့ ထိုက်တန်တဲ့ အပြစ်ပေးရမယ်"
ဖန်ယွီ ထိုစကားကို ကြားကြားချင်း တုန်လှုပ်သွားသည်။ သို့တိုင် ယခု မြင်တွေ့နေရသူက သူတို့ သိနေသည့် မို့ထင် အစစ်အမှန် ဖြစ်သည်။ ထျန်းနင်နှင့်အတူတူ ရှိနေမှသာ ကြင်နာတတ်သော နှလုံးသားကို မြင်တွေ့ရသည်။ ကျန်းမန်နီကဲ့သို့ သူစိမ်း မိန်းမတစ်ယောက်က ခြွင်းချက် ဖြစ်နိုင်ပေ။
"ဒါပေမဲ့ ဟိုက်ဟွေ့ဖျော်ဖြေရေးရဲ့ ဂုဏ်ပြုညစာစားပွဲ မတိုင်ခင်အထိ ဘာမှ မလှုပ်ရှားနဲ့"
ဖန်ယွီက သူ့အကြံအစည်ကို စိတ်ထဲ အကြမ်းဖျင်း တွေးတောထားပြီး မို့ထင်၏ရုံးခန်းထဲမှ မထွက်သွားခင် ခေါင်းညိတ်ပြသည်။
***
ည၇နာရီ
မို့ထင်က အိမ်ကို အချိန်မီ ပြန်ရောက်လာခဲ့သည်။ ထျန်းနင် မရွှင်မလန်း မျက်နှာအမူအရာဖြင့် ဆိုဖာပေါ် လဲလျောင်းနေသည်ကို မြင်တွေ့ရ၍ ချစ်ဇနီးလေး၏ဆံနွယ်လေးကို ဖွဖွလေး သပ်ပေးလိုက်သည်။
ထျန်းနင်က မို့ထင်ကို မော့ကြည့်ပြီး ရင်အေးစေသော အပြုံးလေး ပြုံးပြသည်။ မို့ထင် သူမအနား ရှိနေလျှင် ရင်ဆိုင်ရမည့် ပြဿနာအားလုံး အဆင်ပြေသွားမည်မှန်း သိနေသည်။
သူတို့ ဇနီးမောင်နှံနှစ်ဦး တက်ညီလက်ညီဖြင့် ဟွာကျင်းကျင်းအိမ်ကို အလည်အပတ် သွားကြသည်။ သိပ်မကြာလိုက် ဟွာကျင်းကျင်း တိုက်ခန်း အပြင်ဘက်ကို ရောက်သွားသည်။
သို့သော်လည်း ဟွာကျင်းကျင်း အိမ်ကို စောင့်ကြည့်နေသော သတင်းထောက်များက နေရာလပ်မကျန် ရှိနေ၍ သူတို့ကို ရှောင်တိမ်းသွားရန် မလွယ်ကူပေ။ လုံကျဲက အရင်ဆုံး အပြင်ထွက်ကြည့်ပြီး အခြေအနေကို စုံစမ်းကာ ထျန်းနင်ကို ကာကွယ်ပေးရန် ဆုံးဖြတ်ထားသည်။ ထျန်းနင်၏ဘေးနားမှာ ထိုင်နေသော မို့ထင်က ရုတ်တရက် ဝင်တားဆီးသည်။
"ငါ ဖြေရှင်းလိုက်မယ်"
လုံကျဲက အခြေအနေကို နားလည်သွားပြီး သူတို့ ဇနီးမောင်နှံကို မြန်မြန် နေရာပေးလိုက်သည်။
လုံကျဲကို လှမ်းမြင်လိုက်၍ ကားထဲမှာ ရှိနေသူ ဘယ်သူလဲ သတင်းထောက်တို့ ရိပ်မိသွားသည်။ ထို့ကြောင့် သူတို့အားလုံးက အမိအရ ဓာတ်ပုံရိုက်ရန် ဟန်ပြင်လာသည်။
သို့တိုင် မို့ထင်ကို မြင်တွေ့ရ၍ သူတို့လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။ မို့ထင်၏ အေးတိအေးစက် ခပ်တန်းတန်း မျက်နှာအမူအရာကြောင့် လန့်ဖျပ်မိသည်။ သူတို့အချင်းချင်း လက်ကုတ်ကာ သတိပေးကြသည်။
"ဓာတ်ပုံ မရိုက်နဲ့တော့"
ထို့နောက် မို့ထင်က ထျန်းနင်ကို လက်ကမ်းလိုက်ပြီး ထျန်းနင်နှင့်အတူတူ ဟွာကျင်းကျင်း၏ အဆောက်အဦထဲ ဝင်ရောက်သွားကြသည်။
သတင်းထောက်အဖွဲ့က သူတို့နောက် လိုက်ချင်မိသော်လည်း မို့ထင်၏ အရှိန်အဝါကို လန့်နေမိသည်။ သူတို့ ကျူးလွန်မိသော အမှားတစ်ခုကြောင့် သူတို့ သတင်းတိုက် ပိတ်သွားရနိုင်သည်။
"ထျန်းနင်မှာ မို့ထင်လို မန်နေဂျာ ရှိနေတာ သိပ်မမျှတဘူး။ ငါတို့မှာ ထျန်းနင်ကို ဓာတ်ပုံ ရိုက်ချင်တာတောင် မို့ထင်ရဲ့ မျက်နှာကို ထောက်ထား နေရသေးတယ်"
"မို့ထင်ကြောင့် ထျန်းနင်က ကျန်းမန်နီကို နိုင်လောက်တယ်"
"ငါတို့တွေ ပွဲကောင်းလေး ကြည့်ရတော့မှာပါ စောင့်ကြည့်နေလိုက်တော့။ မို့သူဌေးလည်း ရောက်နေပြီဆိုတော့ ငါတို့တွေ ဓာတ်ပုံ မရိုက်နဲ့တော့။ သူ ဒေါသထွက်သွားရင် အကျိုးဆက်က မတွေးဝံ့စရာပဲ"
သိပ်မကြာလိုက် ထျန်းနင်တို့အဖွဲ့ ဟွာကျင်းကျင်း၏ အိမ်ရှေ့တံခါးပေါက်အနား ရောက်သွားပြီး တံခါးခေါက်လိုက်သည်။ ဟွာကျင်းကျင်း၏မန်နေဂျာက အရာရာကို သတိကြီးလေးစွာ ထား၍ သေသေချာချာ မေးမြန်းသည်။
ထျန်းနင်မှန်း သိရ၍ တံခါးကို ဖြည်းဖြည်းချင်း ဖွင့်ပေးပြီး ထျန်းနင်တို့ကို အိမ်ထဲ ဖိတ်ခေါ်သည်။
မို့ထင်ကိုပါ မြင်လိုက်ရ၍ ဟွာကျင်းကျင်း၏မန်နေဂျာက စကားတစ်ခွန်းမျှ မပြောဘဲ ငိုယိုသည်။
ထျန်းနင်က မီးဖိုချောင်မှာ ရေတစ်ခွက်သွားယူပြီး မို့ထင်ကို ကမ်းပေးသည်။ မို့ထင် အမောပြေရေသောက်ပြီးမှ ဟွာကျင်းကျင်း၏အိပ်ခန်းထဲ ဝင်သွားသည်။ ဟွာကျင်းကျင်းက အိပ်ခန်းထဲမှာ ပုန်းနေ၍ မို့ထင်က သူမနှင့်အတူတူ အိပ်ခန်းထဲ မလိုက်ခဲ့ပေ။
ထျန်းနင် ဟွာကျင်းကျင်းကို မြင်မြင်းချင်း မျက်ရည်စက်များ အတားအဆီး ကင်းမဲ့စွာ ကျဆင်းလာသည်။
ဟွာကျင်းကျင်း၏ နှုတ်ခမ်းထောင့်များက ထိုးနှက်ခံရမှုကြောင့် ဖောင်းပွနေပြီး ဘယ်ဘက်မျက်လုံးအောက် ပါးရိုးမှ သွေးများ ယိုကျနေသည်။ နတ်သမီးလေး တစ်ပါးကဲ့သို့ လှပခဲ့သော ဟွာကျင်းကျင်း၏ရုပ်သွင် ပျောက်ဆုံးနေသည်။ ထျန်းနင် စိတ်မကောင်း ဖြစ်မိသော်လည်း အားတင်းပြုံးမိသည်။
သူမ အမှန်တကယ် ပြုံးပြနေသည်။
"ဘယ်လိုဖြစ်လို့ ငါ့အိမ်ရောက်လာတာလဲ"
ဟွာကျင်းကျင်းက အားငယ်စွာ မျက်နှာကို ကွယ်ထားရန် ကြိုးစားမိသော်လည်း ထျန်းနင်က သူမလက်ကို လှမ်းဖမ်းသည်။
"ငါ့ကို အားမနာနဲ့။ ငါက နင့်ဖြစ်တည်မှုတိုင်းကို လက်ခံနိုင်တဲ့ သူငယ်ချင်းကောင်းပဲ။ ငါ့ကို ကွယ်ဝှက်နေဖို့ မလိုအပ်ဘူး ကျင်းကျင်း"
ထျန်းနင်၏မျက်ဝန်းများက တဖြည်းဖြည်းချင်း နီရဲလာသည်။
"ငါ ပြောခဲ့ဖူးပါတယ်။ ငါ့ပြဿနာမှာ ဝင်မပါနဲ့လို့။ နင်က ငါ့စကားကို နားမထောင်ဘူး။ ငါ့ကို ကာကွယ်ပေးနိုင်တဲ့ မို့ထင် ရှိတာကို မေ့သွားတာလား ကျင်းကျင်း"
"အခုအချိန်မှာ အဲလိုစကားတွေ မပြောပါနဲ့တော့"
သိပ်မကြာလိုက် မို့ထင်က အမျိုးသမီး နှစ်ယောက်နောက် ရောက်လာသည်။ ဟွာကျင်းကျင်း၏ အခြေအနေကို ဖျတ်ခနဲ ကြည့်ပြီး ထျန်းနင်ဘက်လှည့်ကာ စကားပြောသည်။
"ချစ်၊ ခဏ အပြင်ထွက်ပေးပါလား။ ကိုယ် ဟွာကျင်းကျင်း ပြောစရာရှိတယ်"
ထျန်းနင်က မို့ထင်ကို ဒွိဟဖြစ်စွာ ငေးကြောင် ကြည့်လာသည်။
သို့သော်လည်း မို့ထင်၏ အေးချမ်းသော အကြည့်ကြောင့် သူမခေါင်းညိတ်ပြကာ မတ်တတ်ရပ်လိုက်သည်။
မို့ထင်ကို သူမတစ်ယောက်တည်း မျက်နှာချင်းဆိုင် တွေ့နေရ၍ ဟွာကျင်းကျင်း စိုးရိမ်ပူပန်လာသည်။ သူ ထထိုင်ရန် ကြိုးစားမိသော်လည်း မို့ထင်က သူ့ကို ဟန့်တားသည်။
"မင်း အဆင်ပြေသလို နေပါ"
"မို့သူဌေးက ကျွန်မကို ဘာများပြောချင်လို့လဲ"
"မင်းရင်ထဲမှာ ထျန်းနင် ရှိတယ်ဆိုရင် ထျန်းနင်က စိုးရိမ်စေမယ် ပြဿနာမျိုး မဖန်တီးသင့်ဘူး"
"ကျွန်မက ကျန်းမန်နီနဲ့ထျန်းနင်တို့ ပြိုင်ပွဲကို ပိုပြင်းထန်စေခဲ့လဲ မို့သူဌေးလည်း နားလည်မှာပါ"
"ငါက ဟိုက်ဟွေ့မှာ မျှတတဲ့စီအီးအို ဖြစ်ဖို့ ထျန်းနင်ကို စိတ်ထိခိုက်အောင် လုပ်မယ်လို့ တွေးနေတာလား။ ငါက ဟန်ဆောင်မျက်နှာဖုံးတွေကို သဘောမကျဘူး"
"ဒါကြောင့် မင်းကိုယ်မင်း စတေးပြီး ငါ့ကို စမ်းသပ်စရာ မလိုအပ်ဘူး"
"ထျန်းနင် အချစ်နဲ့ထိုက်တန်တဲ့ ခင်ပွန်းကောင်းကို ထျန်းနင် ပိုင်ဆိုင်ထားဖို့ပဲ မျှော်လင့်မိတာပါ"
"ထိုက်တန်လား မထိုက်တန်ဘူးလားက ငါတို့ကြားက ကိစ္စပါ။ ငါ ဘာပဲဆုံးဖြတ်ထား ဆုံးဖြတ်ထား မင်းကို တင်ပြနေစရာ မလိုဘူးထင်တယ်။ မင်းက ထျန်းနင်ကို စိတ်ရင်းအမှန်နဲ့ ဆက်ဆံလို့ ပြဿနာကို ဇာမချဲ့ပါဘူး။ နောက်တစ်ခါ ဒီလို အမှားမျိုး ထပ်မလုပ်မိစေနဲ့"
ထိုစကားကိုပြောပြီးနောက် မို့ထင်က ဟွာကျင်းကျင်း၏အိပ်ခန်းထဲမှ ပြန်ထွက်လာပြီး ထျန်းနင် ဘေးနား ပြန်သွားသည်။
ထျန်းနင်က ဆိုဖာပေါ်မှ ထလိုက်ပြီး မို့ထင်ကို ပြုံးပြသည်။ မို့ထင်က ဟွာကျင်းကျင်းကို မည်သည့်အကြောင်းအရာ ပြောလိုက်လဲ သူမ အကြမ်းဖျင်း ခန့်မှန်းနိုင်သည်။
"ဂုဏ်ပြုညစာ စားပွဲ အခမ်းအနားမှာ 'ထင်'စိတ်အေးရအောင် စိတ်ဓာတ်ကြံ့ခိုင်တဲ့ ထျန်းနင် ဖြစ်စေရမယ်"
 
 
***
အပိုင်း( ၂၅၇)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now