အပိုင်း(၄၄၈)

62 6 0
                                    

အပိုင်း(၄၄၈)

မနက်စောစော လေ့ကျင့်ရေး လုပ်ဆောင်ရန် မို့ထင်က ထျန်းနင်ကို အိပ်ရာထဲမှ အတင်းဆွဲထုတ်သည်။  ထျန်းနင် သရုပ်ဆောင်ရမည့် တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းက အန္တရာယ်များ လွန်း၍ မို့ထင်နှင့်အတူတူ လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။

ဝေအန်က ထျန်းနင်ကို အန္တရာယ် များသော ဇာတ်ဝင်ခန်း ရိုက်ကူးရန် အသိပေးလိုက်၍ ပြင်ဆင်ရန် အချိန်တော်တော် ကြာလိမ့်မည်ဟု ရုပ်ရှင်အဖွဲ့သားများ ဆုံးဖြတ်ခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ ထျန်းနင်က ကိုယ်ခံပညာရပ် အခြေခံ မရှိပေ။ သို့သော်လည်း ထျန်းနင်က တစ်ညတည်းဖြင့် သူမ မလုပ်ဆောင်နိုင်သည့် အလုပ်ကို အောင်မြင်စွာ အကောင်အထည် ဖော်နိုင်သည်။

ထို့ကြောင့် အနာဂတ် ထျန်းနင်ကို လက်ရှိထျန်းနင်ကို ကြည့်ပြီး အကဲဖြတ်၍ မရပေ။ ထျန်းနင်က မိမိကိုယ်တိုင် အရည်အချင်း ရှိသည့် အပြင် အရည်အချင်းရှိသော မန်နေဂျာ မို့ထင်ကိုလည်း ပိုင်ဆိုင်ထားသည်။

မို့အကြီးအကဲက ရုပ်ရှင်ရိုက်ကွင်းမှာ ဆက်ရှိနေသေးသည်။ သူ့ဇာစ်မြစ် ပေါ်သွားပြီးနောက် ရိုးရာဝတ်စုံလေးကို ဝတ်ဆင်ပြီး ထျန်းနင်၏ သရုပ်ဆောင်မှုကို လမ်းညွှန်ပေးလေ့ ရှိသည်။

'ပျောက်ဆုံးနေသော ဆွေမျိုး' ရုပ်ရှင်ကို ပြန်လည် ရိုက်ကူးခြင်း တစ်လကြာပြီးနောက် ယခင် အနေအထားအထိ တိုးတက်လာခဲ့သည်။ ဂူရှန်၏ ဇာတ်ကောင်ကိုလည်း လူသစ်တစ်ဦးက ရယူသွားခဲ့သည်။ သူမက တင်းကျပ်သော လေ့ကျင့်ရေးကို ကျော်လွှားပြီးမှ သရုပ်ဆောင်ခွင့် ရခဲ့၍ သူက ထျန်းနင်ကို အရမ်းယဉ်ကျေးပြသည်။

မို့ထင် အလုပ်စောစော နားပြီး ထျန်းနင်၏ ရုပ်ရှင်ရိုက်ကွင်းကို လာလည်သည့်နေ့က သူ လာမည့်အကြောင်း မည်သူကိုမှ အသိမပေးခဲ့ပေ။

Takaက မို့ထင်ကို ယခင်က မမြင်ဖူး၍ ထျန်းနင်၏ ခင်ပွန်းမှန်း မသိခဲ့ပေ။ မို့ထင်၏အကြည့်က ထျန်းနင် အပေါ်သာ အာရုံစိုက်နေ၍ သူ မေးမြန်းမိသည်။
"မင်း အင်္ဂလိပ်လို ပြောတတ်လား"

"ဒါပေါ့"
မို့ထင် ပြုံးသည်။ တကယ်တမ်း မို့ထင်၏ အင်္ဂလိပ် အသံထွက်က Takaထက် ပိုတိကျသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Tahanan ng mga kuwento. Tumuklas ngayon