အပိုင်း(၅၂၅)

96 13 0
                                    

အပိုင်း(၅၂၅)

"လောရှင်း..."

ဤတစ်ကြိမ်တွင် ထျန်းကျင်းရွှမ်က လှည့်ထွက်သွားပြီး နောက်လှည့်မကြည့်ခဲ့ပေ။
အချစ်ရေးက သူ့ကို စိတ်ပင်ပန်းစေ၍ သူ တကယ် အနားယူရန် လိုအပ်သည်။

စုန့်ယန်ရှုက ထျန်းကျင်းရွှမ် ထွက်သွားသော မြင်ကွင်းကို စောင့်ကြည့်နေရသော်လည်း သူ့ကို တားဆီးပိုင်ခွင့် မရှိခဲ့ပေ။ တခြားသော သတ်မှတ်ချက်ဖြင့် သူ့အနား နေခဲ့လျှင် သူမက သူ့မန်နေဂျာဟောင်း အနေဖြင့် ဆက်လက် ရှိနေဦးမည်။

...

ထျန်းကျင်းရွှမ်က မြေအောက်ကားပါကင်ကို တစ်ယောက်တည်း ဝင်ရောက်သွားသည်။ သူ ကားပါကင်ထဲ လမ်းလျှောက်သွားစဉ် သူနှင့် သိပ်မကြာခင်က စကားပြောခဲ့ဖူးသော အစ်မရိတို့ကို ရိပ်ခနဲ မြင်လိုက်သည်။

"လောရှင်း၊ မင်းမှာ တစ်ခွက်တလေ သောက်ဖို့ အချိန်ရှိလား"

"ကျွန်တော် အားနာနာနဲ့ ငြင်းပါရစေ အစ်မရီ၊ နောက်နေ့မှပဲ ဖြစ်နိုင်တော့မယ်"
ထျန်းကျင်းရွှမ် ငြင်းဆန်သည်။

"မင်းရဲ့မန်နေဂျာ စုန့်ယန်ရှုကို ငါ နောက်တစ်ကြိမ် ပြဿနာ ထပ်ရှာမှာ မင်း မကြောက်ဘူးလား"
အစ်မရီက ဝင့်ကြွားစွာ ပြုံးသည်။
"တစ်ခွက်လောက် သောက်ရုံပဲလေ။ ငါ ကတိပေးတယ်"

ထျန်းကျင်းရွှမ်က ငတုံးငအ မဟုတ်ပေ။ သူမ၏ရည်ရွယ်ချက်ကို သူက ရှင်းရှင်းလင်းလင်း သိနေခဲ့သည်။

အစ်မရီ၏ သရုပ်ဆောင် အရည်အချင်းက မဆိုးရွားသော်လည်း ဇာတ်ပို့အနေဖြင့်သာ အမြဲတမ်း သရုပ်ဆောင်နေရသည်။သူ့အသက်အရွယ်က အကျပိုင်း ရောက်နေ၍ အောင်မြင်မှုကို ပိုင်ဆိုင်ချင်သည်။ အောင်မြင်မှုကို ပိုင်ဆိုင်ရန် သူမက ဖြတ်လမ်းနည်း သုံးချင်နေသည်။ သရုပ်ဆောင်က ကိုယ်တိုင် အောင်မြင်မှု မရလျှင် တခြားသူ၏ ကျော်ကြားမှုကို ငှားရမ်းပြီး နာမည်ကျော်အောင် လုပ်ဆောင်နိုင်သည်။

ထျန်းကျင်းရွှမ်က ထျန်းအုပ်စု၏ သခင်လေး ဖြစ်သည့် အပြင် ထျန်းနင်၏ မောင် ဖြစ်နေ၍ နာမည်ကျော်ပြီး သူနှင့်အတူတူ သတင်းထွက်ခဲ့လျှင် သူမလည်း ချက်ချင်း နာမည်ကြီးသွားနိုင်သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now