အပိုင်း(၄၈၄)

77 11 0
                                    

အပိုင်း(၄၈၄)

အသံလွှင်ရုံအတွင်းမှာ ထျန်းနင်က  အင်တာဗျူး အစီအစဉ်တွင် ပါဝင်ဆင်နွှဲနေသည်။ သို့သော်လည်း ရုပ်သံဝန်ထမ်း တချို့က အွန်လိုင်းပေါ်မှ ဖြစ်ရပ်များကို သတိပြုမိသည်။

ဆယ်လီအများစုက ထျန်းနင်ကို ကြောင်သူတော်ကြွက်သူခိုးဟု တထစ်ချ စွပ်စွဲကြပြီး ထျန်းနင်၏အပြုအမူက သံသယဖြစ်ဖွယ်ကောင်းသည်။

talk show၏ကျော်ကြားမှု တိုးမြှင်နိုင်ရန် အစီအစဉ်မှူးက ခဏနားချိန်တွင် ဒါရိုက်တာနှင့် ညှိနှိုင်းပြီး ထျန်းနင် နောက်ထပ်ရိုက်ကူးမည့် ရုပ်ရှင်အကြောင်း အင်တာဗျူးရန် ဆုံးဖြတ်ခဲ့သည်။ သူမ၏နှုတ်မှ ဖွင့်ဟလာမည့် သတင်းအချက်အလက်များကို  သိချင်သည်။

ထို့ကြောင့် ပွဲ၏နောက်တစ်ပွဲတွင် အစီအစဉ်မှူး၏အပြုံးက ယခင်လောက် မရိုးဖြောင့်တော့ပေ။ တကယ်တမ်း သူမက ကို့ရို့ကားရား ခံစားနေရသည်။
"အရိုးသားဆုံး ပြောရရင်ကွာ ထျန်းနင် မင်းရဲ့ ပရိသတ်တွေက မင်းရဲ့ နောက်ထပ်ရိုက်ကူးမယ် ရုပ်ရှင် အစီအစဉ် အကြောင်း သိချင်နေကြတယ်"

ထျန်းနင်က အစီအစဉ်မှူး၏ အရိပ်အမြွက်ကို ခံစားနိုင်၍ အပြင်လောကမှာ တစ်စုံတစ်ရာ ဖြစ်ပျက်နေသည်ဟု သူမ အတပ်ပြောနိုင်သည်။

"ကျွန်မ တစ်ခုတော့ ပြင်ဆင်ထားပြီးပါပြီ"
ထျန်းနင်က လေးလေးနက်နက် ပြန်ဖြေသည်။

"ဒါဆိုရင် မင်းရဲ့အစီအစဉ်ကို မင်းရဲ့ ပရိသတ်တွေ သိအောင် နည်းနည်းလောက် ထုတ်ပြောပေးလို့ ရမလား"

"ဥပမာ မင်းက ဘယ်လို ဇာတ်ရုပ်မျိုး သရုပ်ဆောင်မလဲ ဆိုတာလေး ပြောပေးပေါ့"

"စကားကို ကွေ့ဝိုက်ပြောနေဖို့ မလိုအပ်ပါဘူး။ အမေရိကန် ဒါရိုက်တာနဲ့ စာချုပ်မှာ လက်မှတ်ထိုးခဲ့လား သိချင်တယ်မလား"
ထျန်းနင်က သူမကို အလေးအနက်ကြည့်ကာ သူမ၏ရည်ရွယ်ချက် အစစ်အမှန်ကို တန်းထုတ်ဖော်ခဲ့သည်။

"အမ်"
အစီအစဉ်မှူး အခက်တွေ့နေသည်။

"ဒါဆို စာချုပ်မှာ လက်မှတ်ထိုး ခဲ့တယ်လို့ ထင်လား"
ထျန်းနင်၏မေးခွန်းတွင် ရန်စသော အငွေ့အသက်များ ရောယှက်နေသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now