အပိုင်း(၄၅၃)

70 6 0
                                    

အပိုင်း(၄၅၃)

"ချစ်လေး ဘဝမှာ မကောင်းမှုတွေ အများကြီး ကျူးလွန်ခဲ့မိလို့ ဘုရားသခင်က အပြစ်ပေးတာလား"

ထျန်းနင်က မို့ထင်ကို ကျောခိုင်းကာ ရှိုက်ငိုသည်။ သူမက မကြာခဏ မငိုတတ်ပေ။ သူမဘဝ၏ အခက်ခဲဆုံး အချိန်များမှာပင် တစ်ကြိမ်တစ်ခါလေးမျှ မပြိုလဲခဲ့ဖူးပေ။ သူမ ခဏတာ ကလေး မရနိုင်သေးသည့် အကြောင်း ကြားကြားချင်း နာနာကျင်ကျင် ငိုကြွေးသည်။

မို့ထင်က သူမဘေးနား အိပ်ရာပေါ် လှဲလိုက်ပြီး နှစ်သိမ့်ဟန် ဖက်ထားလိုက်သည်။
"မင်း ဘာအမှားတစ်ခုမှ မလုပ်ခဲ့ပါဘူး။ ဘုရားသခင်က တစ်ယောက်ယောက်ကို အပြစ်ပေးမယ်ဆိုရင်တောင် အပြစ်ခံရမယ်သူက ကိုယ်ပဲ ဖြစ်သင့်တာပါ။ ချစ်လေး မဟုတ်ဘူး။ အခုတော့ အများကြီး လျှောက်တွေးမနေနဲ့။ ချစ်လေး ထင်သလောက် ပြဿနာက မဆိုးရွားလောက်ဘူး။ ကိုယ်တို့ ဖြေရှင်းနိုင်မှာပါ။ ဖြည်းဖြည်းချင်း ရင်ဆိုင်ကြတာပေါ့"

"ဒါပေမဲ့..."

"ချစ်လေး ဘာပဲတောင်းဆို တောင်းဆို ကိုယ်ဖြည့်ဆည်းပေးမယ်။ ကိုယ်တို့မှာ ကလေးမရှိလည်း အဆင်ပြေတယ်။ ကိုယ် လိုအပ်တာ မင်းတစ်ယောက်တည်းပဲ"

မို့ထင်က သူမ၏ဆံနွယ်လေးကို ဖွဖွလေးသပ်ကာ လေးနက်သော လေသံဖြင့် ပြောဆိုသည်။

"ကိုယ်က အမှန်တရားကို ပြောနေတာနော်။ ချစ်လေးက ကိုယ့်ဘဝအတွက် အရေးပါဆုံးသူပဲ။ ချစ်လေးက ကိုယ့်အသက်ကို လိုချင်ရင် ကိုယ်က ပေးမယ်သူ။ ကလေး မွေးပေးနိုင်တာကို ထည့်တွက် နေမှာ မဟုတ်ဘူး။ ကိုယ် ဖြစ်စေချင်တာ ချစ်လေး ကျန်းကျန်းမာမာ ရှိနေဖို့ပဲ"

မို့ထင်၏စကားသံကို ကြားပြီးနောက် ထျန်းနင်က ရုတ်ခြည်း လှည့်ကြည့်လာပြီး မို့ထင်၏ရင်ခွင်ထဲ တိုးဝင်ကာ ငိုကြွေးသည်။ သူမ ပင်ပန်းကာ အိပ်မောကျသည်အထိ ငိုကြွေးခဲ့သည်။ ထိုစဉ် မို့ထင်က သူ့နဖူးလေးကို နမ်းရှိုက်ပြီး သူ့နှလုံးသား နာကျင်နေရသည်။ သူမ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသည်အထိ သူမကို စောင့်ကြည့်နေမိသည်။

ထို့နောက် သူက ထျန်းနင်၏ဖုန်းကို ကောက်ယူလိုက်ပြီး မနက်ခင်း ဆက်ထားသော ဖုန်းကို ပြန်ခေါ်ရန် စာကြည့်ခန်းဘက် ထွက်လာခဲ့သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now