စာစဉ်(၂၆) Ep 361+362+363

110 6 0
                                    

အပိုင်း(၃၆၁)

ထျန်းမိသားစု စံအိမ်တော်  နေသာသော မနက်ခင်းလေး

 
 
ခမ်းနားထည်ဝါသောဧည့်ခန်း လှေကားထစ်နားမှာ ထျန်းအကြီးအကဲက အမည်းရောင် အနောက်တိုင်ဝတ်စုံကို ဝတ်ဆင်ကာ လမ်းလျှောက်တုတ်ကောက် အကူအညီဖြင့် တည့်တည့်မတ်မတ် မတ်တတ်ရပ်နေသည်။
 
 
သူ့အေးစက်စက် မျက်ဝန်းအကြည့်က သူ့အရှေ့မှာ ဒူးထောက်နေသော သားသမီးမျိုးဆက် နှစ်ဆက်ကို ငေးစိုက်ကြည့်နေသည်။
 
 
မိသားစု၏သိက္ခာချဖွယ် ဖြစ်ရပ်ကို ထုတ်ဖော်ခဲ့၍ ထျန်းရွှမ်ကို အပြစ်ပေးထားသည်။
 
 
အဖေထျန်း နှင့် အမေထျန်းက ညာဘက်မှာ မတ်တတ်ရပ်နေစဉ် ထျန်းမျိုးဆက် မြစ်လေးများက ဘေးဘက်မှာ မတ်တတ်ရပ်နေသည်။
 
 
ဒုတိယအကြီးဆုံး ထျန်းရီချန်း နှင့် အငယ်ဆုံး ထျန်းကျင်းရွှမ်ကိုလည်း ထျန်းအကြီးအကဲက ဆင့်ခေါ်ထားသည်။ ထျန်းနင်က မောင်နှမထဲ တတိယအကြီးဆုံးဖြစ်သည်။
 
 
"ဒီကနေ့ ကျုပ်ရဲ့ဆုံးဖြတ်ချက်ကို ကြေညာချင်တယ်။ ကျုပ်ရဲ့ နောက်မြေးမတစ်ယောက်ကို ထျန်းမိသားစုကနေ ကန်ထုတ်ဖို့ ဆုံးဖြတ်ထားတယ်"
 
 
ထျန်းအကြီးအကဲက သုန်မှုန်သော လေသံဖြင့် ပြောဆိုသည်။
 
"မင်းတို့ရဲ့ အမြင်ရော ဘယ်လိုရှိလဲ"
 
"အဖေ"
 
အဖေထျန်းက တုန်လှုပ်သော လေသံဖြင့် ပြောဆိုသည်။
 
"မင်းက ဝင်ပြောခွင့် မရှိဆုံးပဲ။ အခုလိုတွေ ဖြစ်လာရတာ မင်းကြောင့်ပဲ"
 
အဖေထျန်းက သူ့ခံစားချက် အမြင်ကို ထုတ်ပြောရန် ကြိုးစားခဲ့သော်လည်း ငြင်းဆန်ခံရသည်။
 
"ဘိုးဘိုး၊ သမီး လက်မခံနိုင်ဘူး"
 
ထျန်းရွှမ်က မတ်တတ်ထရပ်ကာ စကားပြောသည်။
"ထျန်းနင်ကြောင့် မြေးလေးကို မောင်းထုတ်ချင်တာလား"
 
"ထျန်းနင်ကလည်း ငါ့မြေးပဲ။ မင်းက မင်းလုပ်ရပ်ကို မှားမှန်း အခုထိ မသိသေးဘူးပဲ။ မင်းရဲ့ဝန်တိုစိတ်ကြောင့် ငါတို့ထျန်းမိသားစု ဆယ်စုနှစ်ကျော် ဖုံးကွယ်ဖို့ ကြိုးစားခဲ့တဲ့ အရှုပ်ထုပ်ကြီး ပေါ်သွားပြီ။ မင်းက ငါတို့ထျန်းမိသားစုကို ပြဿနာထဲ ဆွဲသွင်းခဲ့တာပဲ။ မင်းလုပ်ရပ်ကြောင့် မင်း အခုထိ နောင်တ မရသေးဘူး"
 
 
"အဲဒီကောင်မက ဘိုးဘိုးရဲ့ မြေး ဟုတ်လား။ တွေ့ကရာ ယောက်ျားနဲ့ အိပ်ပြီး မွေးလာတာရော မဖြစ်နိုင်ဘူးလား"
 
 
"ဖြန်း"
 
 
ထျန်းအကြီးအကဲက အကြမ်းဖက်သော အပြုအမူမျိုးကို လုပ်ဆောင်ခဲသော်လည်း ဤတစ်ကြိမ်တွင် သူ့ဒေါသကို မထိန်းချုပ်နိုင်ခဲ့ပေ။
 
 
ထျန်းအကြီးအကဲ၏အိုမင်နေသော လက်တစ်စုံက အားအင်အပြည့် ရှိနေသေး၍ ထျန်းရွှမ်၏ဦးခေါင်းကို ဘေးဘက် လှည်ထွက်သွားစေသည်။
 
"ငါ ထျန်းကျန်း မင်းကို တစ်ခုတော့ လေးလေးနက်နက် ပြောလိုက်မယ်။ မင်းရဲ့ဒေါသ စိတ်သဘောထားကြောင့် ငါတို့ထျန်းမိသားစုပိုင် စီးပွားရေးလုပ်ငန်းကို အမွေဆက်ခံဖို့ အိပ်မက်တောင် မမက်နဲ့"
 
ထျန်းရွှမ်၏မျက်ဝန်းများ ပြူးကျယ်သွားသည်။ သူမ၏ကံတရားကို သူမ လုံးဝ လက်သင့်မခံနိုင်ပေ။ သို့သော်လည်း  အိမ်တော်ထိန်းက ဧည့်ခန်းထဲ ဝင်ရောက်လာပြီး အစီရင်ခံသည်။
 
"သူဌေးကြီး၊ တတိယသခင်မလေး ပြန်လာပါတယ်"
 
"စောက်ကောင်မ ပြန်လာရဲသေးတယ်"
 
ထျန်းရွှမ်က ဒေါသတကြီး အော်ဟစ်သည်။
 
"ဝင်ခွင့်ပေးလိုက်"
 
ထျန်းအကြီးအကဲက သူ့လမ်းလျှောက် တုတ်ကောက်လေးဖြင့် ကြမ်းပြင်ကို ခေါက်ကာ စကားပြန်ပြောသည်။
 
ကိုးနှစ်ကျော် ကြာခဲ့ပါပြီ။ ထျန်းနင် ထျန်းအိမ်တော် ခြေချဖူးသည့် အကြိမ်အရေအတွက်က လက်တစ်ဖက်စာပင် မပြည့်ခဲ့ချေ။
 
 
ထျန်းမိသားစု အရိပ်အောက်မှာ ထျန်းနင်၏အိပ်မက်ဆိုးများ တဖန် ရှင်သန်လာခဲ့သည်။ သူမ၏ မှတ်ဉာဏ်ထဲ ဖိနှိပ်မှုများ ပြည့်နှက်နေခဲ့သည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူတို့ကို ဦးညွှတ်မည့် အတွေး မရှိခဲ့ချေ။
 
 
ထျန်းနင်က အညိုရောင်ကုတ် အင်္ကျီအရှည်ကို ဝတ်ဆင်ထားပြီး ဆံပင်ရှည်များကို လျော့တိလျော့ရဲ ချည်နှောင်ထားသည်။
 
 
သူမ ပြောင်းလဲသွားမှန်း လူတိုင်း ခံစားမိသည်။
 
 
သူမ၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် လူတိုင်းကို ရှောင်ဖယ်ရန် ကြိုးစားလေ့ရှိသော ထျန်းနင်နှင့် ခြားနားသွားသည်။
 
 
...
 
 
 
ထျန်းနင်က သူမ၏ဒေါက်တာမြင့် ဖိနပ်ကို ဝင့်ဝင့်ကြွားကြွား စီးကာ ဒူးထောက်နေသော ထျန်းရွှမ်အနား လမ်းလျှောက်သွားသည်။
 
 
 
သူမက မိဘနှစ်ပါးကို မနှုတ်ဆက်ခင် ထျန်းအကြီးအကဲကို ဦးညွှတ် ဂါရဝပြုသည်။
 
"ဘိုးဘိုး"
 
သူမ ရောက်လာသည့် အကြောင်းအရင်းကို မည်သူမှ သေချာ မသိပေ။
 
 
"ရှောင်နင် အိမ်ပြန်လာတာ မြင်ရတော့ အဖေ ဝမ်းသာပါတယ်"
 
အဖေထျန်းက ချစ်မြတ်နိုးသော လေသံဖြင့်ပြောဆိုသည်။
 
ထျန်းနင်က အဖေထျန်းကို တစ်ချက်မျှ မကြည့်ခဲ့ပေ။ သူမက ထျန်းအကြီးအကဲကို ခနဲ့သော လေသံဖြင့် ပြောဆိုသည်။
 
"ဘိုးဘိုး။ မြေးနဲ့ ထျန်းရွှမ် သီးသန့်ဖြေရှင်းရမယ့် ကိစ္စတွေ ရှိတယ်။ ဘိုးဘိုးတို့ ဝင်မပါဖို့ မျှော်လင့်ပါတယ်"
 
"ရှောင်နင်၊ မင်းရဲ့အစ်မက..."
 
အဖေထျန်းက သူမကို ဖျောင်းဖျရန် ကြိုးစားသည်။
 
"ကောင်းပြီလေ"
 
ထျန်းအကြီးအကဲက ထျန်းနင်ကို ဖျတ်ခနဲကြည့်ကာ စကားဖြတ်ပြောသည်။ ထျန်းနင်က ကိုးရှစ်ကြာအောင် အပြင်လောကမှာ နေထိုင်ခဲ့၍ အပြင်လောကကြီးက ထျန်းနင်ကို ဘယ်လို ပုံသွင်းလိုက်လဲ ထျန်းအကြီးအကဲ သိချင်မိသည်။
 
ထို့ကြောင့် ထျန်းနင်က ထျန်းရွှမ်ကို မျက်နှာချင်းဆိုင် နေစဉ် ထျန်းအကြီးအကဲက သူ့လက်ထောက်ကို ခုံယူခိုင်းသည်။
 
 
သို့တိုင် လူတိုင်း မမျှော်လင့်ထားသော အခြေအနေ ဖြစ်ပေါ်သွားခဲ့သည်။ ကျယ်လောင်သော ဖြန်းခနဲ မြည်သံ ထွက်ပေါ်လာပြီး ထျန်းနင်က ထျန်းရွှမ်ကို ပါးရိုက်သွားသည်။
 
 
ထျန်းရွှမ် ပါးရိုက်ခံရသည်။
 
 
လူတိုင်း တုန်လှုပ်သွားသည်။ ထျန်းရွှမ်က ပါးကို ဆုပ်ကိုင်ကာ ငေးစိုက်ကြည့်နေသည်။
 
"နင် နင် ငါ့ကို ပါးရိုက်လိုက်တယ်ပေါ့ ဟုတ်လား"
 
"ဟုတ်တယ်။ နင့်ကို ရိုက်လိုက်တာလေ"
 
 
ထျန်းနင်က စိတ်ဆိုးဆိုးဖြင့် ပြန်ဖြေသည်။
 
 
"ဒီ တစ်ချက်က နင် ငါ့ကို တစ်ချိန်လုံး စိတ်ဒုက္ခပေးခဲ့လို့ လက်စားချေတာ"
 
 
"နင်..."
 
 
"ဘိုးဘိုးက ငါ့ကို အများကြီး မျှော်လင့်ချက်ထားပြီး နင့်ကို ဘာလို့ မထားလဲ သိလား။ ငါက နင့်ထက် ပိုတော်လို့လေ။ ငါတို့ငယ်ငယ်တည်းက နင် ငါ့ကို ဘယ်နေရာမှာ ယှဉ်နိုင်ခဲ့လို့လဲ။ ကျောင်းစာမှာလည်း မယှဉ်နိုင်သလို နင်က ငါ့လောက်လည်း လူရာမဝင် ဘူးလေ။ ငါတို့တွေ အရွယ်ရောက်လို့ ငါ အိမ်က ထွက်သွားတာတောင် နင်က ငါ့ကို မယှဉ်နိုင်သေးဘူး။ နင့်နာမည် ငါတည်ရှိမှုက နင့်နှလုံးသားကို အပ်နဲ့ထိုးစိုက်နေသလို ခံစားရစေတယ်မလား"
 
 
"ငါက ငါ့ဘဝနဲ့ငါ ပျော်နေပြီသား။ နင့်ကို ဒေါသထွက်စေတာ ရူးခါစေတာ ငါ့အကြိုက်ပဲလေ"
 
 
"ဒါပေမဲ့ ထျန်းရွှမ် နင်တစ်ခုတော့ သိထားလိုက်စမ်း..."
 
 
"ငါက နင့်ထက် ပိုအရည်အချင်း ရှိတယ်။ ဒါက အမှန်တရားပဲ"
 
 
"ငါက နိုင်ငံရပ်ခြားမှာ နှစ်တွေ အကြာကြီးနေပြီ၊ ထျန်းအိမ်တော်တံခါးပေါက်ကို ခြေတစ်လှမ်းတောင် မလှမ်းခဲ့ဘူး။ ဒါက ငါ့ခံစားချက်ကို ရှင်းရှင်းလင်း ပြပြီသားလို့ ငါ တွေးထားတယ်"
 
 
"ဒါတောင် နင်က အခွင့်အရေးကို ကောင်းကောင်း အသုံးမချတတ်ဘူး"
 
 
"ငါ့ကို ရွေးချယ်ခွင့် မရှိအောင် ချောင်ပိတ်ရိုက်တဲ့ လုပ်ရပ်တွေကို ငါ မုန်းတယ်"
 
 
"ငါ တတ်နိုင်သလောက် သည်းခံမယ်လို့ ဆုံးဖြတ်ခဲ့တယ်။  ငါသည်းခံနိုင်တဲ့ အတိုင်းအတာ ကျော်လွန်ရင်တော့ ထျန်းအိမ်တော်ကို ပြန်လာမယ် ဆုံးဖြတ်ထားတယ်။ ငါက နင်တို့ နင်တို့စီက ခွင့်ပြုချက်ကို တောင်းနေမှာတော့ မဟုတ်ဘူး"
 
 
"ဒီနေ့ လာရတဲ့ အကြောင်းအရင်းက နင်တို့ကို သတိပေးဖို့ပဲ။ ငါ့ကို ဒီလို ဆက်ပြီးရန်ရှာနေမယ်ဆိုရင် နင်လည်း ထျန်းမိသားစုရဲ့ သူဌေးသမီး အမွေဆက်ခံသူ နေရာနဲ့ လွဲချော်အောင် ငါ လုပ်ပစ်မယ်"
 
 
ထျန်းနင် စကားပြောနေစဉ် သူမ၏မျက်ဝန်းများက အလွန်အမင်း အေးစက်နေသည်။ သူမ၏အေးစက်စက် အကြည့်ကြောင့် အကြည့်ချင်းဆုံသူတိုင်း ခိုက်ခိုက်တုန်လာသည်။
 
 
ထျန်းနင်၏မျက်နှာအမူအရာက လေးလေးနက်နက် ပြောနေကြောင်း လူတိုင်းခံစားမိသည်။
 
 
ထျန်းရွှမ် တွေဝေနေစဉ် ထျန်းနင်က ထျန်းအကြီးအကဲကို မျက်နှာချင်းဆိုင်လိုက်သည်။
 
 
အလျင်အမြန် ဂါရဝပြုပြီးနောက် သူမ စကားပြောသည်။
 
"ဘိုးဘိုး၊ မစိုးရိမ်ပါနဲ့။ ဒီသိက္ခာကျဖွယ် ပြဿရပ်ကို မြေး ဖြေရှင်းလိုက်ပါမယ်။ ဒီနေ့ အတင်းအိမ်ထဲ ဝင်ခဲ့မိလို့ အားနာမိပါတယ်"
 
ထိုစကားကို ပြောပြီးနောက် ထျန်းနင် လှည့်ထွက်သွားရန် ကြံရွယ်ခဲ့သော်လည်း ထျန်းအကြီးအကဲက သူမကို အချိန်ဆွဲထားသည်။
 
"မင်းကိုယ်မင်း ထျန်းမိသားစုဝင်လို့ တွေးနေသေးရင် ဒီအိမ်တော်ကနေ ခြေတစ်လှမ်းတောင် ခွာဖို့ မစဉ်းစားနဲ့"
 
"ဘိုးဘိုး၊ မြေးကို ဖိအား မပေးပါနဲ့"
 
 
"မနေ့ညတည်းက မြေးရဲ့အတွေးကို ရှင်းရှင်းလင်းလင်း ပြောထားပြီသားပါ"
 
 
"ဒီကနေ့ မင်း ဒီအိမ်တော်ကနေ ထွက်သွားတာနဲ့ မင်းလည်း ထျန်းရွှမ်လိုပဲ ထျန်းမိသားစုဝင် မဟုတ်တော့ဘူး"
 
ထျန်းအကြီးအကဲက အင်္ကျီလက်ကို ခါထုတ်ကာ သရော်သည်။
"ထျန်းရွှမ်က အမှားလုပ်ခဲ့ပေမဲ့၊ မင်းက ဟိုဖော်သည်ဖော်နဲ့ လူကြားထဲ လျှောက်သွားနေတာ အမြင်ပိုဆိုးရွားစေတယ်"
 
"မြေးက ထျန်းမိသားစုကို အရှက်ရအောင် တစ်ခါမှ မလုပ်ဖူးပါဘူး"
 
 
"မင်းရဲ့ သိက္ခာကျဖွယ် ပြဿနာတွေ၊ အတင်းအဖျင်းတွေနဲ့ ကမ္ဘာအလှဆုံး ခြေတံသွယ် ဆုတံဆိပ်တွေက ရှက်စရာ မကောင်းဘူးလား"
 
ထျန်းအကြီးအကဲက မျက်မှောင်ကြုတ်ကာ မကျေမနပ် ပြောဆိုသည်။
"ငါ့မျက်လုံးထဲမှာတော့ ဒါတွေအားလုံးက သိက္ခာကျတယ်"
 
"ဒါတော့ မြေးလည်း မတက်နိုင်ဘူး"
 
ထိုစကားကို ပြောပြီးနောက် ထျန်းနင်က တံခါးပေါက်နား ဆက်လမ်းလျှောက် သွားသည်။ သို့သော်လည်း ထျန်းအကြီးအကဲက စကားဆက်ပြောလာသည်။
"မင်းရဲ့မိဘနဲ့ မိသားစုကို တကယ် စွန့်ပစ်တော့မလို့လား။ မင်းရဲ့အိပ်မက်၊ မင်းရဲ့ အချစ်စိတ်ကြောင့်နဲ့ အားလုံးကို စွန့်ပစ်မယ်ပေါ့ ဟုတ်လား"
 
"ရှောင်နင် မထွက်သွားပါနဲ့။ အဖေရော အမေရော အရမ်းလွမ်းနေပါတယ်"
 
အဖေထျန်းက သူမကို ဖျောင်းဖျရန် ကြိုးစားသည်။
 
ထျန်းနင် ခေါင်းခါသည်။
 
 
သို့သော်လည်း တတိယအကြိမ် ထွက်သွားရန် ကြိုးစားစဉ် အမေထျန်းက တိတ်ဆိတ်မှုကို ရုတ်ခြည်းဖြိုခွဲလိုက်ပြီး ခပ်ပြတ်ပြတ် လေသံဖြင့် စကားပြောလေ၏။
 
"အမေသိပါတယ်။ ဒါတွေအားလုံးက အမေကြောင့် ဖြစ်ရတာပါ"
 
ထျန်းနင် လှည့်မကြည့်ခဲ့ပေ။
 
 
"ထျန်းနင်စိတ်ထဲမှာ ဒီအမေကြီး မရှိလေ ကောင်းလေပဲ။ ဒီအမေကြီးကြောင့် သူတစ်သက်လုံး အရှက်ကွဲနေရတာလေ"
 
 
"မိန်းမ၊ ပြဿနာကို ပိုရှုပ်ထွေးအောင် မလုပ်ပါနဲ့"
 
အဖေထျန်းက သူ့ဇနီးသည်ကို ချက်ချင်း ဖျောင်းဖျသည်။
 
"ဒီပြဿနာအားလုံးကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းက ဒီလောကကြီးထဲကနေ ကျွန်မ ပျောက်ကွယ်သွားဖို့ပဲ ဟုတ်တယ်မလား"
 
 
"မိန်းမ မဟုတ်တမ်းတရားတွေ လျှောက်မပြောပါနဲ့"
 
 
"တော်သင့်ပြီ။ ဒီနေ့ ထျန်းနင် ဘယ်မှ မသွားရဘူး။ ဒီမှာပဲ နေရမယ်။ အတင်းအဖျင်း သတင်းတွေကို ဒီအဘိုးကြီး တစ်ယောက်ယောက်ကို ဖြေရှင်းခိုင်းလိုက်မယ်"
 
ထျန်းအကြီးအကဲက စကားဖြတ်ပြောသည်။
 
"ထျန်းရွှမ်ကတော့ ဒီလိုအမှားမျိုးလုပ်တာ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ နောက်တစ်ခါ ဒီလိုထပ်လုပ်တာ ငါသိလို့ကတော့ ငါ့ကို အကြင်နာတရား ခေါင်ပါးတယ်လို့ အပြစ်မတင်နဲ့"
 
 
"အားနာပါတယ် ဘိုးဘိုး၊ မြေး ရိုက်ကွင်းသွားဖို့ ရှိသေးတယ်"
 
 
အပိုင်း(၃၆၁)
 
ပြီး၏။
 
 
 
အပိုင်း(၃၆၂)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now