Ep 424+425+426

94 5 0
                                    

အပိုင်း(၄၂၄)

ပျောက်ဆုံးနေသော မိသားစုဝင် ရုပ်ရှင်၏ ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့က ရုပ်ရှင်ရိုက်ကူးရေး မစတင်မှီ ပွဲကျင်းပရန် စီစဉ်ခဲ့သည်။ ထျန်းနင်ကလည်း အခမ််းအနားပွဲကို တက်ရောက်ပေးရန် အတည်ပြုသည်။

ထျန်းနင်၏ပရိသတ်များအတွက် ထျန်းနင်ကို မြင်တွေ့ခွင့်ရမည့် နောက်ဆုံး အခွင့်အရေးလည်း ဖြစ်သည်။ ထျန်းနင်က ရိုက်ကူးရေးအတွက် သူမကိုယ်သူမ မပိတ်လှောင်ခင် နောက်ဆုံး တက်ရောက်သည့် ပွဲလည်း ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာအနှံံ့ ရှိသော သူမ၏ပရိသတ်များ စုဝေးကာ သူမနှင့် အနီးကပ် ဆုံတွေ့ခွင့် ရမည့်ပွဲကို တက်ရန် စီစဉ်ကြသည်။

သူမ မော်ဒယ်ဖြစ်ခဲ့သည့် အချိန်မှ စပြီး လက်ရှိ သရုပ်ဆောင် မင်းသမီး လမ်းကြောင်းကို လျှောက်လမ်းသည့် အပြောင်းလဲကို ပရိသတ်များ မျက်မြင်တွေ့ရသည်။ သို့သော်လည်း ထျန်းနင်က သူမလှမ်းသည့် ခြေလှမ်းတိုင်းကို ဂုဏ်ရှိရှိ သိက္ခာရှိရှိ လှမ်းခဲ့၍ သူမ၏ ထူးချွန်သော အရည်အချင်းများကို လေးစားမိသည်။

သတင်းစာရှင်းလင်းပွဲက  ထျန်းနင်ကို တခြားသော သရုပ်ဆောင်များနှင့် ပထမဆုံး ဆုံတွေ့ခွင့် ပေးသော အခွင့်အရေးလည်း ဖြစ်သည်။ ထို့ကြောင့် စင်နောက်ဘက်မှာ သူမက ပိုင်ချိုးရှန့်၊ ဂူရှန်တို့နှင့် ဆုံတွေ့သည်။

ပိုင်ချိုးရှန့်က အရပ်ရှည်ရှည် ကြံ့ခိုင်သော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း သုန်မှုန်သော မျက်နှာအမူရာ ဖြစ်နေသည်။ သူ စကားမပြောလျှင် အနီးနား ရှိသူများက ဖိနှိပ်စွမ်းအားကို ခံစားရ၍ သူက ရုပ်ရှင်၏ဇာတ်ဆောင် မင်းသား နှင့် တော်တော်ကလေး တူသည်။ သူ့ကို မင်းသား ရွေးချယ်ခဲ့သော ဝေအန်၏အမြင် စူးရှသည်။

ဂူရှန်ကလည်း နက်မှောင်သော ဆံပင်ရှည်နှင့် ရည်မွန်သော အမူအရာ ရှိသည်။ သူမက ပွင့်လင်း ရင်းနှီးပုံ ပေါက်သော်လည်း သူ့စိတ်ကို ဖတ်နိုင်ရန် ခက်ခဲသည်။ သူမက စကားပြောသည့်သူ အပေါ်မူတည်ပြီး ပြောင်းလဲတတ်သည့် လူတန်းစား ဖြစ်သည်။

"ငါ ကြားတာတော့ လူရွေးပွဲက တကယ်မိုက်တယ်တဲ့။ ဒါကြောင့် မင်းနဲ့ အလုပ်တွဲလုပ်ရလို့ ဂုဏ်ယူမိပါတယ်"
ဂူရှန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် လက်ဆွဲ နှုတ်ဆက်သည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now