အပိုင်း(၅၀၇)

61 9 0
                                    

အပိုင်း(၅၀၇)

သတင်းကြား‌ပြီးနောက် ထျန်းအကြီးအကဲက အခြေအနေကို သဘောပေါက်သွားသည်။
ထျန်းရွှမ်က အိမ်မှာ အေးဆေးအနားယူခဲ့သည့် အကြောင်းအရင်း အမှန်က ယခုလို အခြေအနေမျိုး ကြုံရမည်မှန်း ကြိုသိနေ၍ ဖြစ်သည်။

ထိုမှသာ မည်သူကမှ သူမကို သံသယ မဝင်ပေလိမ့်မည်။

သို့သော်လည်း ထျန်းမိသားစုက သူမ၏ဟန်ဆောင်မျက်နှာဖုံးကို သိနေသည်။

...

"ထျန်းသူဌေး၊ ဒီပြဿနာကို ဘယ်လို ဖြေရှင်းကြမလဲ"
ချောင်းယုရှန်က ထျန်းနင်၏ ညွှန်ကြားချက်ကို နာခံရန် ထျန်းနင်ကို ဖုန်းခေါ်သည်။
"ပြန့်သွားတဲ့သတင်းကြောင့် VIPsအဖွဲ့ဝင်တွေ ဒေါသထွက်နေလို့ မကျေနပ်တာတွေ တော်တော်များတယ်"

"ထင်ထားတဲ့အတိုင်း ဖြစ်လာတာပဲ"

VIPအဖွဲ့ဝင်အားလုံး ငွေအမြောက်အမြား ဖြုန်းထားသည်။ ထို့ကြောင့် တခြားသူများကို သူတို့ ထက် ပိုအလေးထားခြင်းကို မခံမရပ်နိုင် ဖြစ်နေသည်။ 

"သတင်းတွေက စီမံ့ကိန်းဌာနကနေ ပြန့်သွားတာပဲ။ အခုချိန်မှာ ငါတို့တွေက ခိုင်လုံတဲ့ သက်သေ မရှာနိုင်သေးဘူး။ ဒါပေမဲ့ VIPအဖွဲ့ဝင်တွေက ငါတို့ထုတ်ကုန်ကို နှစ်ပေါင်းများစွာ သုံးစွဲခဲ့တော့ ကုမ္ပဏီရဲ့ အခြေခံအုတ်မြစ်ပဲ။ အခုဆို သူတို့က မကျေမနပ် သောင်းကျန်း နေပြီဆိုတော့ သူဌေးပဲ ပြဿနာတွေနဲ့ ရင်ဆိုင်ရနိုင်တယ်"

"ကျွန်တော် အဖြေရှာပါဦးမယ်"
ချောင်းယုရှန်က ထျန်းနင်၏တည်ငြိမ်နေသော မျက်နှာအမူအရာကြောင့် အံ့အားသင့်နေမိသည်။ ချောင်းယုရှန်အတွက် ဤအခက်အခဲက ဖြေရှင်းရန် မလွယ်ကူသော အခြေအနေမျိုး ဖြစ်နေသည်။ သို့သော်လည်း ထျန်းနင်၏ တုံ့ပြန်မှုက သူ့အတွက် အတော်ကလေး ထူးဆန်းနေသည်။

VIPအဖွဲ့ဝင်အများစုက ဖြေရှင်းချက် လိုချင်၍ ထျန်းအုပ်စုကို ဖုန်းခေါ်ကြပြီး တချို့က ထျန်းရွှမ်ကိုပင် တိုက်ရိုက်ဖုန်းခေါ် လိုက်သေးသည်။ ထိုစဉ်အခိုက်အတန့် ထျန်းရွှမ်က ဖြူစင်ချင်ယောင် ပြန်ဖြေသည်။
"အားနာပါတယ်၊ ကျွန်မက အလုပ် အနားပေးခံ ထားရလို့ ထျန်းအုပ်စုမှာ ဖြစ်ပျက်နေတဲ့ ကိစ္စနဲ့  ပတ်သက်မှု မရှိဘူး"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now