အပိုင်း(၄၃၈)

67 8 0
                                    

အပိုင်း(၄၃၈)

လူတိုင်းက ပိုင်ချိုးရှန့် နောက်ဆုံး ဝှက်ဖဲ ထုတ်သုံးမည့် အချိန်ကို စိတ်ရှည်ရှည် စောင့်ဆိုင်းနေသည်။ သို့သော်လည်း ဤနှစ်ရက်အတွင်း သူ့ဘက်က လှုပ်ရှားသည့် အရိပ်အယောင် မပြသခဲ့ပေ။ သရုပ်ဆောင်များ အပေါ် မကျေနပ်သော အမူအရာ ပြသသော်လည်း ဇွဲလျော့မည့် အခြေအနေကို မမြင်ရပေ။

ဟိုက်ဟွေ့ဖျော်ဖြေရေး၏ ပီအာ အကူအညီဖြင့် ရုပ်ရှင်ရိုက်ကူးရေးက ပုံမှန်အတိုင်း ရှေ့ဆက်နေသည်။

ထျန်းနင်က အနည်းငယ် စိတ်ရှုပ်ထွေးစေသော အခြေအနေဖြင့် ရင်ဆိုင်ခဲ့ရသော်လည်း ဖုန်းနံပါတ် ပြောင်းလဲပြီးနောက် သူမ၏ဘဝက ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။

ယခုလို အခြေအနေလေး ပြန်ရောက်သွား၍ မို့ထင်ကို ကျေးဇူးတင်မိသည်။ ယခု အခြေအနေကြောင့် ပိုင်ချိုးရှန့် သဘောပေါက်သွားသည်။ သူ့ဘက်မှ မြန်မြန်ဆန်ဆန် မလှုပ်ရှားလျှင် သူ ကြိုးစားထားသမျှ ကိစ္စတိုင်းကို ဟိုက်ဟွေ့ဖျော်ဖြေရေးက အလွယ်တကူ ဖျက်ဆီးသွားလိမ့်မည်။

ထို့ကြောင့် ယမန်နေ့ည ထျန်းနင်က သူမ ရိုက်ကူးရမည့် ဇာတ်ဝင်ခန်း ရိုက်ကူးရန် စောင့်ဆိုင်းနေစဉ် အလည်လာသူ တစ်ဦး ရိုက်ကွင်း ရောက်လာပြီး ပိုင်ချိုးရှန့်၏ သူငယ်ချင်းဖြစ်ကြောင်း လာရောက်မိတ်ဆက်သည်။ ထိုလူက ပိုင်ချိုးရှန့် ဘယ်နေရာမှာ ရှိလဲ ထျန်းနင်ကို မေးမြန်းခဲ့သည်။ ထို့ကြောင့် ထျန်းနင်ကလည်း ပုံမှန်အတိုင်း သတ်မှတ်ကာ ပိုင်ချိုးရှန့် တိုက်ခိုက်ရေး ဇာတ်ဝင်ခန်း ရိုက်ကူးနေသော နေရာကို လမ်းညွှန်ပေးခဲ့သည်။ ထိုလူက သူမကို ကျေးဇူးတင်ဟန် ခေါင်းညိတ်ပြပြီး အမြင်အာရုံမှ ပျောက်ကွယ်သွားခဲ့သည်။

ထျန်းနင်က တစ်စုံတစ်ရာ လွဲမှားနေသည်ဟု သတိထားမိသော်လည်း အခြေအနေကို အတိအကျ မသိခဲ့ပေ။ ထို့ကြောင့် စုန့်ယန်ရှု သူမ ဘေးနား ပြန်ရောက်လာစဉ် သူ့အနား တိုးကပ်ကာ တစ်စုံတစ်ရာ လုပ်ဆောင်ပေးရန် စုန့်ယန်ရှုကို ညွှန်ကြားခဲ့သည်။ စုန့်ယန်ရှုက အလောတကြီး ပြေးထွက်သွားသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now