အပိုင်း(၅၂၂)

58 8 0
                                    

အပိုင်း(၅၂၂)

ထျန်းကျင်းရွှမ် တုံ့ပြန်ခြင်း မရှိခဲ့ပေ။ သူက စုန့်ယန်ရှုကို နားလည်သည်။ ယခုလို အခြေအနေမျိုးတွင် သူမက အခြေအနေကို အခွင့်ကောင်းယူပြီး တခြားသူ၏အလုပ်ကို လုယူတတ်သူ မဟုတ်ပေ။

"မင်းက စုန့်ယန်ရှုကို ယုံကြည်နေတုန်းပဲ ထင်တယ်"
ဖန်ယွီ ပြုံးသည်။ ထို့နောက် သူက မတ်တတ်ထရပ်ပြီး ထျန်းကျင်းရွှမ်၏မျက်နှာချင်းဆိုင်မှာ ထိုင်သည်။
"မင်းနဲ့ စုန့်ယန်ရှုကြား ဘာဖြစ်ခဲ့တာလဲ"

"ဒါက မင်းနဲ့ ဆွေးနွေးချင်တဲ့ ကိစ္စ မဟုတ်ဘူး"
ထျန်းကျင်းရွှမ်က စုန့်ယန်ရှုနှင့် ချစ်တင်းနှောခဲ့သော ကိစ္စကို လူတိုင်း လိုက်မပြောချင်ပေ။ စုန့်ယန်ရှု ထိခိုက် နစ်နာသွားနိုင်သည်။

"ကောင်းပြီလေ အဆင်ပြေတာပေါ့"
ဖန်ယွီက ပခုံးဆက်ခနဲ့ တွန့်သည်။ ထို့နောက် သူက ဆိုဖာပေါ်မှ ထလိုက်ပြီး မေးမြန်းသည်။
"လောရှင်း။ မင်းက အဆိုတော်ကောင်း တစ်ယောက်ဆိုတာ သံသယ မဝင်နိုင်ပေမဲ့အတွေ့အကြုံ နုနယ်တဲ့သူ ဖြစ်နေတုန်းပဲ။  မင်းရဲ့အစ်မထျန်းနင် နဲ့ မင်း ဘာကွာခြားလဲ မင်း သိလား"

ထျန်းကျင်းရွှမ်က ဖန်ယွီကို ကြောင်အမ်းအမ်း ကြည့်သည်။

"မင်းအစ်မက တာဝန်ယူစိတ် အပြည့်အဝ ရှိတယ်။ သူ့ဘေးနားက လူတွေကို ကာကွယ်ပေးဖို့ ထျန်းနင်က အားနည်းချက် မရှိတဲ့ နည်းလမ်းကို သုံးတယ်"

"သူ့ကို တစ်နည်းနည်းနဲ့ ကူညီပေးဖူးသူကိုလဲ အမြဲ ကျေးဇူးသိတတ််တယ်။ သူတို့ကို နာကျင်အောင် မလုပ်ဘူး။ ဒါပေမဲ့ မင်းက သူနဲ့ တခြားစီပဲ။ စုန့်ယန်ရှူက မင်းကို အများကြီး ကူညီပေးခဲ့ဖူးတာကို မင်းလည်း သိရက်နဲ့ သူ့ကို အဝေးတွန်းပို့ရင်း နာကျင်အောင် လုပ်ပစ်တယ်"

ထျန်းကျင်းရွှမ်၏နှုတ်ခမ်းပါးလေးက အနည်းငယ် တွန့်သွားသော်လည်း ခွန်းတုံ့ပြန်ခြင်း မရှိခဲ့ပေ။

"မင်းရဲ့ပြဿနာ ကိုင်တွယ် ဖြေရှင်းတဲ့ အရည်အချင်းက ထျန်းနင်ကို မယှဉ်နိုင်ဘူး။ ထျန်းနင်က သူ့လက်ခံထားတဲ့ အလုပ်က ရန်သူနဲ့ အလုပ်တွဲလုပ်ရမယ် ဆိုရင်တောင် ဆုံးခန်းတိုင်အောင် လုပ်တယ်။ မင်းကရော ဘယ်လိုလဲ။ မင်းက ယန်ရှု မရှိတာနဲ့ စီစဉ်ထားသမျှကို ဖျက်သိမ်းပစ်တယ်။ မင်းရဲ့ကလေးဆန်တဲ့ အပြုမူကြောင့် တခြားသူတွေ ထိခိုက်နစ်နာမှာကို မြင်ချင်တာလား"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now