အပိုင်း(၅၀၁)

103 15 0
                                    

အပိုင်း(၅၀၁)

"အစ်မထျန်းနင် ဒီနေ့လည်အစည်းအဝေး တကယ် မတက်ဘူးလား"
နေ့လည်စာ စားပြီးနောက် ထျန်းနင်နှင့် စုန့်ယန်ရှုတို့က ဟိုတယ်မှ အတူတူ ထွက်လာစဉ် စုန့်ယန်ရှုက ထျန်းနင်နောက် လိုက်လာပြီး သူမကို မေးမြန်းသည်။

"အခုငါတို့တွေက အကုန်လုံးကို လူသိရှင်ကြားဖြစ်အောင် ထုတ်ဖော်လိုက်ရင် ထျန်းရွှမ်ရဲ့ ရယ်စရာကောင်းတဲ့ မျက်နှာကို မြင်ရတော့မှာ မဟုတ်ဘူး"
ထျန်းနင်က ကုတ်အင်္ကျီကို ခန္ဓာကိုယ်ပေါ် လွှမ်းခြုံလိုက်သည်။

"အစ်မထျန်းနင်က ညှိနှိုင်းတဲ့နေရာမှာ ထူးချွန်မယ်မှန်း မသိခဲ့ဘူး"
စုန့်ယန်ရှုက ထျန်းနင်ကို အထင်ကြီး လေးစားနေသည်။

"ဒါတွေ ပြောနေဖို့ မလိုအပ်ပါဘူး။ ငါ့ကို အိမ်ပြန်ပို့ပေး၊ ပြီးရင် လောရှင်းကို သွားဂရုစိုက်ပေးပါ။ ခုတလော သူ့စိတ် အခြေအနေ ဘယ်လိုရှိလဲ"
ထျန်းနင်က ကားပေါ်တက်နေစဉ် မေးမြန်းသည်။

"သူ့ခံစားချက် ကို ဖုံးကွယ်တာ ပိုတော်လာပြီ"
စုန့်ယန်ရှု ပြန်ဖြေသည်။

"ခုနောက်ပိုင်း အလုပ်တော်တော် များများ လက်ခံထားတော့ အလုပ်ရှုပ်နေတယ်။ သူ့သီချင်းခွေ အသစ်လည်း ထွက်တော့မှာဆို တခြားကိစ္စတွေ တွေးနေဖို့ အချိန် မရှိလောက်ပါဘူး"

"ယန်ရှု၊ သူက ငါ့လိုပဲ သူချစ်ခဲ့တဲ့ မိန်းမကို မမေ့နိုင်ရင်တောင် နောက်ပြန်လှည့်မယ်သူ မဟုတ်ဘူး။ ဒါမို့ သူ့အနာဂတ်က နင့်လက်ထဲမှာပဲ"
ထျန်းနင် ရှင်းပြသည်။

"ငါ့ဗိုက်ကလည်း တစ်နေ့တခြား ပိုပိုပူလာလို့ ဒီလိုမျိုး လျှောက်သွားနေရတာ အဆင်မပြေဘူး။ ငါ့ကိုယ်စား လောရှင်းကို စောင့်ရှောက်ပေးပါ"

"ညီမ နားလည်ပါတယ်"
စုန့်ယန်ရှုက ထျန်းနင်ကို ငေးကြည့်ကာ ခေါင်းညိတ်ပြသည်။
"ဒါနဲ့  'WH' ရုပ်ရှင် ရုံတင်တော့မယ် ကြားတယ် ..."

"တကယ်လား အချိန်ကုန်တာ မြန်လိုက်တာနော်"
ထျန်းနင် နှုတ်ဆိတ်နေပြီး ရုပ်ရှင် ရိုက်ကူးစဉ်က အမှတ်တရများကို ပြန်လည်အမှတ်ရမိသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now