Ep 427+428+429

99 10 0
                                    

အပိုင်း(၄၂၇)

ထျန်းနင် နှင့် ဂူရှန်တို့ တွဲဖက်သရုပ်ဆောင်လျှင် ထျန်းနင်၏ ဖြစ်တည်မှု ပျောက်ဆုံးသွားနိုင်သည်ဟု လူတိုင်းက မှတ်ချက်ပြုထားသည်။

သို့သော်လည်း ထျန်းနင်၏ တည်ငြိမ်သော အမူအရာ နှင့် လေးစားဖွယ် အပြုအမူများကြောင့် သူတို့ နှစ်ဦး၏ အရည်အချင်းကို ထင်သာမြင်သာအောင် နှိုင်းယှဉ်နိုင်သည်။ ထျန်းနင်က အချိန်ကာလ နှစ်ရက်တည်းဖြင့် ရုပ်ရှင်ထုတ်လုပ်ရေး အဖွဲ့သား အများစုနှင့် အဆင်ပြေပြေ နေနိုင်သည်။

အထူးသဖြင့် ထျန်းနင် နှင့် ဂူရှန်တို့ အတူတူ သရုပ်ဆောင်စဉ် ထျန်းနင်က ဂူရှန်ကို လွှမ်းမိုးနိုင်သော အရှိန်အဝါ ရှိသည်။ ထျန်းနင်က ရိုက်ကွင်း၏ ဘုရင်မဖြစ်ကြောင်း သံသယဝင်စရာပင် မလိုအပ်ချေ။

ဂူရှန်ကိုယ်တိုင်လည်း ယခုလိုမျိုး ခံစားနေရ၍ သူ့နှလုံးသားက ထျန်းနင်ထံ တိမ်းညွတ်လာသည်။

ရိုက်ကူးရေးကွင်းက ညစ်ပတ် ရှုပ်ပွနေသည့်တိုင် ဒါရိုက်တာ စီစဉ်ပေးထားသရွေ့ ထျန်းနင်က သူမ၏ ရုပ်ရည် ပျက်စီးမည်ကို မမှု သရုပ်ဆောင်ရန် သဘောတူသည်။

သရုပ်ဆောင်မင်းသမီး မဆိုထားဘိ သရုပ်ဆောင်မင်းသားတိုင်း မလုပ်ဆောင်နိုင်သည့် အခြေအနေမျိုး ဖြစ်သည်။

ထို့အပြင် သူမက အန္တရာယ်များသော ဇာတ်ဝင်ခန်းများကို စတန့်သမား သုံးပြီး ရိုက်ကူးလေ့ မရှိပေ။ ဒါရိုက်တာက ရိုက်ကူးရမည့် ဇာတ်ဝင်ခန်း အကြောင်း ရှင်းပြပြီးနောက် မို့ထင်နှင့် အတူတူ လေ့ကျင့်ရေး လုပ်ဆောင်ရန် အိမ်ပြန်သွားသည်။ ထို့နောက် နောက်တစ်နေ့ မနက်ခင်းတွင် သူမက ရိုက်ကွင်း ပြန်လာပြီး နှစ်ခါပင် ရိုက်ကူးစရာ မလိုအပ်အောင် ရိုက်ကူးရေးကို ပြီးမြောက်အောင် ရိုက်ကူးနိုင်သည်။

သို့သော်လည်း သူမကို အထင်ကြီးလေးစား စေသည့် ဖြစ်ရပ်ကား ထျန်းနင်၏ တိုက်ခိုက်ရေး ဇာတ်ဝင်ခန်းများ ဖြစ်သည်။

သူမ၏လေးနက်သော အပြုအမူက ချီးမွမ်း ထိုက်ကြောင်း ဂူရှန်ကိုယ်တိုင် ငြင်းမရပေ။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now