အပိုင်း(၅၀၃)

78 11 0
                                    

အပိုင်း(၅၀၃)

ဘိုးဘိုးက သူမကို ယခုလိုမျိုး ဆက်ဆံရသည့် အကြောင်းအရင်းကို ထျန်းရွှမ် အမှန်တကယ် သိချင်မိသည်။ ထို့ကြောင့် သူမက ဖုန်းကို ချက်ချင်း ထုတ်လိုက်ပြီး ထျန်းအကြီးအကဲကို ဖုန်းဆက်ကြည့်သည်။ သို့သော်လည်း ဖုန်းစက်ပိတ်ထားသည်။

"သူ ဆွစ်ဇာလန် သွားတာလား"
ထျန်းရွှမ် တွေးတောမိသည်။
"ရှားယွီလင်းကို ရှာတွေ့နိုင်မယ်လို့ တွေးနေတုန်းလား"

...

ထျန်းအကြီးအကဲက သူတို့ဇာတ်လမ်းကို ပီပြင်အောင် ပါဝင်သရုပ်ဆောင်နိုင်ရန် ထျန်းနင်တို့ နေထိုင်သော အိမ်သို့ လာနေသည်။ သူက ထျန်းနင်နှင့် မို့ထင်တို့၏အိမ်သို့ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သည်။ ထို့ကြောင့် သူက အိမ်တစ်အိမ်လုံးကို လှည့်ပတ်ကြည့်ရှုသည်။ စံအိမ်က လူနှစ်ဦးတည်း နေထိုင်သော်လည်း  အချစ်၊ နွေးထွေးမှုများဖြင့် ပြည့်နှက်နေသည်ဟု ခံစားရသည်။

"ချောင်းအတွင်းရေးမှူးက စောနလေးတင် ဖုန်းဆက်တယ်။ အားလုံး အဆင်ပြေတယ်တဲ့"
ထျန်းနင်က သူ့လက်ထဲမှ ဖုန်းကို အောက်ချလိုက်ပြီး ထျန်းအကြီးအကဲ နှင့် ရှားယွီလင်းကို စကားပြောသည်။

"ရှောင်နင် ၊ ဖုန်းသုံးတာကို လျော့သင့်တယ်။ အဲဒီက ထွက်လာတဲ့ ရေဒီယိုလှိုင်းတွေက ကလေးအတွက် မကောင်းဘူး"
ရှားယွီလင်း၏နှလုံးသား နာကျင်လာ၍ ထျန်းနင်လက်ထဲမှ ဖုန်းကို ယူလိုက်သည်။

"ဟွန့် အဲဒီမိန်းမက ဒီနေ့ မအောင်မြင်ရင်တောင် သူ့လက်ထဲမှာ နောက်ထပ် တခြားအစီအစဉ် ရှိနိုင်သေးတယ်။ သူက အလွယ်တကူ စွန့်လွှတ်တတ်တဲ့သူ မဟုတ်ဘူး"
ထျန်းအကြီးအကဲက ထျန်းရွှမ်ကို စိတ်ပျက်မိ၍ မြေးမလေးဟု မခေါ်ဘဲ သူစိမ်းဆန်စွာ ခေါ်ဆိုခြင်း ဖြစ်သည်။

"သူ ဘာပဲစီစဉ်ထား စီစဉ်ထားပါ၊ ရှောင်နင်လက်က လွတ်မယ်များ ထင်နေလား"
ရှားယွီလင်း ခနဲ့သည်။
"သူက သူစိမ်းဆိုရင် ငါတို့ ရင်ဆိုင်ပြီတာ ကြာပေါ့။ ခက်တာက အဲဒီမိန်းမက အဖေနဲ့ သွေးသား တော်စပ်နေတယ်"

"ဒီနေ့ အရှက်ကွဲတာ အခုမှ အစပဲ ရှိသေးတယ်"
ထျန်းနင်က ခပ်တန်းတန်း ခေါင်းငုံ့ထားလိုက်ပြီး သူ့လက်ထဲမှ စာရွက်စာတမ်းများကို ဖတ်ရှုကာ အတွေးထဲ နစ်မြောနေသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Donde viven las historias. Descúbrelo ahora