အပိုင်း(၅၃၅)

95 16 0
                                    

အပိုင်း(၅၃၅)

ထျန်းနင်၏စကားသံကို ကြားပြီးနောက် ထျန်းရွှမ်၏တစ်ကိုယ်လုံးက ဒေါသစိတ်ကြောင့် တုန်ခါနေသည်။ သူမ၏စိတ်ကို ထိန်းချုပ်နိုင်စွမ်း ကင်းမဲ့စွာ အော်ဟစ်ပြောဆိုသည်။
"ထျန်းနင်"

ထျန်းရွှမ်၏မျက်ဝန်းက ဒေါသစိတ်ကြောင့် အနီရောင်သန်းသွားခြင်းကို ထျန်းနင် သတိထားမိသည်။ သူမက တည်ငြိမ်သော အေးစက်စက် လေသံဖြင့် တုံ့ပြန်သည်။
"နင့်ရဲ့မောက်မာတဲ့ အပြုအမူကြောင့် ဖြစ်လာတဲ့ ပြဿနာကို ထျန်းမိသားစုက ရှင်းပေးမယ် ထင်နေတာလား။ ရိုးရှင်းတဲ့ တောင်းပန်စကားလေး ပြောခိုင်းရုံက နင့်ကို တော်တော်လေး ညှာတာရာ ရောက်နေပြီနော်"

"နင်က ငါတို့နဲ့ သွေးသားတော်စပ်နေတဲ့ ထျန်းမိသားစုဝင် မဟုတ်ရင် နင့်ပြဿနာကို တရားရုံးမှာ ချက်ချင်း ရှင်းခိုင်းတယ်။ နင် ဒီမှာ ဆက်နေပြီးတော့ ငါတို့ဧည့်သည်တွေကို မောက်မာခွင့် ရှိမယ်လို့ ထင်နေလား"

"ဒီနေ့ နင်ကိုယ်တိုင် တောင်းပန်စကား ပြောမလား။ ရှမိန်းကလေးက နင့်ကို ပြန်ရိုက်တာ ခံမလား။ လူအများကြီးလည်း မျက်မြင် သက်သေ အနေနဲ့ ရှိနေတာနော်။ အမှားအမှန်ကို မပိုင်းခြားတတ်ဘူးလား"

ထျန်းနင်၏ လေးနက်ခိုင်မာသော ဆုံးဖြတ်ချက် ဖြစ်သည်။ ထျန်းနင်က ရန်စရန် မသင့်လျော်ကြောင်း ရှမိန်းကလေး ရုတ်တရက် ခံစားရသည်။

ထျန်းရွှမ်၏မျက်နှာက အနီရောင်သန်းနေပြီး လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ အဆုံးသတ်မှာ သူမ လှောင်ရယ်သည်။
"ထျန်းနင်၊ နင့်ရဲ့အကြံအစည်ကို ငါမသိဘူး ထင်နေလား။ ဘိုးဘိုးက သူ့ရှယ်ရာကို ငါ့ကလေးကို ပေးဖို့ စီစဉ်ထားလို့ ငါ့ကို မကောင်းကြံတာမလား"

လက်ရှိအခြေအနေတွင် သူမ၏ကလေးကို အကာအရံ အနေဖြင့် မသုံးလျှင် သိက္ခာမကျဘဲ လွတ်မြောက်ရန် မလွယ်ကူပေ။

ထို့ကြောင့် သူမ၏စူထွက်နေသော ဝမ်းဗိုက်ကို ပွတ်သပ်ပြပြီး သူမ ကိုယ်ဝန်ဆောင်ထားရသော အကြောင်းကို လူတိုင်းသိအောင် ပြုမူနေသည်။

ထျန်းရွှမ်က အခြေအနေကို အခွင့်ကောင်း ယူတတ်သည်။

"စိတ်ရှုပ်ဖို့ကောင်းလိုက်တာနော်။ သူက ကိုယ်ဝန်ဆောင် မိခင်ဖြစ်ရုံနဲ့ အရာအားလုံးကို မျက်ကွယ်ပြုရမလား။ သူ့ကို အလွယ်တကူ လွှတ်ပေးရမယ် သဘောလား"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Όπου ζουν οι ιστορίες. Ανακάλυψε τώρα