အပိုင်း(၄၈၀)

83 11 0
                                    

အပိုင်း(၄၈၀)

ယူအက်စ်တွင် ထျန်းနင် ချေပခဲ့သော စကားစစ်ထိုးခြင်းကို လက်ခံသည့် သူမနှင့်အဆင့်အတန်း တူညီသူသော လူအများစု ရှိသော်လည်း နိုင်ငံခြားများ၏ အထင်မြင်သေးသော အပြုအမူကို လိုလိုလားလား လက်ခံပြီး အမေရိကန် ရုပ်ရှင်လောကတွင် ကျော်ကြားလာရန် အိပ်မက်မက်နေသည့် လူတချို့လည်း ရှိနေသေးသည်။

ထျန်းနင်၏ပြန်လည်ချေပသော နည်းလမ်းက သူတို့ကို ဈေးပေါစေ၍ ဒေါသထွက်ကာ အရှက်ရမိသည်။

ပရိသတ်တချို့က သူတို့နှင့် ထျန်းနင်ကို နှိုင်းယှဉ်လာမည်ကို ကြောက်လန့်နေသူ တချို့လည်း ရှိသည်‌။ ထို့ကြောင့် လေဆိပ်တွင် ဖြစ်ပျက်ခဲ့သော ပြဿနာကို အသုံးချပြီး ထျန်းနင်ကို ချောက်ချရန် ကြိုးစားကြသည်။

တစ်ကမ္ဘာ့လုံး အတိုင်းအတာဖြင့် မအောင်မြင်ချင်သည့် သရုပ်ဆောင်ရှိမည်လော။ အမေရိကန် နာမည်ကြီး ဒါရိုက်တာက ထျန်းနင်ကို အခွင့်အရေး ကမ်းလှမ်းလာလျှင် ဟိုက်ဟွေ့ဖျော်ဖြေရေးက လက်လွှတ်ခံမည်နည်း။

ထို့ကြောင့် ထျန်းနင်က နာမည်ကျော်အောင် စန်းစန်းတင့် သတင်း ဖန်တီးသည်ဟု ယူဆခဲ့ကြသည်။

ထိုစဉ်အခိုက်အတန့် ထျန်းနင်က USမှ မထွက်ခွာခင် အမေရိကန် ဒါရိုက်တာက ရင်းနှီးသော  မိတ်ဆွေမှ တဆင့် မို့ထင်ကို အမှန်တကယ် ဆက်သွယ်လာခဲ့သည်။

အာရှအမျိုးသမီးဇာတ်ဆောင်တွင် သရုပ်ဆောင်ရန် ‌ဒါရိုက်တာက ဟိုက်ဟွေ့ဖျော်ဖြေရေးကို ဆက်သွယ်ခဲ့ခြင်း ဖြစ်သည်။  ထျန်းနင် ဖန်တီးခဲ့သော အုတ်အော်သောင်နင်း အခြေအနေကြောင့် ဉာဏ်ပညာရှိသော ဒါရိုက်တာက အာရှသရုပ်ဆောင်များကို မြင်နေသော အမြင် ပြောင်းလဲရန် ဆုံးဖြတ်ခဲ့သည်။

ဒါရိုက်တာက အငြိုးအတေး မထား၍သာ အာရှသရုပ်ဆောင်များကို အခွင့်အရေး ပေးခြင်း ဖြစ်သည်။ သို့သော်လည်း ထျန်းနင်က သူမ၏ကိုယ်ရေးကိုယ်တာ ပြဿနာလေးကြောင့် ဒါရိုက်တာ၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့သည်။
"အားနာပါတယ်။ ကျွန်မမှာ ကိုယ်ရေးကိုယ်တာ ကိစ္စလေး ရှိသေးလို့ အဲဒီရုပ်ရှင်မှာ မပါဝင်နိုင်သေးပါဘူး။ အခုလို အခွင့်အရေးပေးလို့ ကျေးဇူးတင်ပါတယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now