အပိုင်း(၄၈၁)

80 13 0
                                    

အပိုင်း(၄၈၁)

လုံကျဲ ထွက်ခွာသွားပြီးနောက် ထျန်းနင်က စားပွဲခုံပေါ် တင်ထားသော မဂ္ဂဇင်း စာအုပ်ဘက် ပြန်လှည့်သည်။ သို့သော်လည်း သူမ ကြာကြာ အာရုံမစိုက်နိုင်၍  ပြတင်းပေါက် အပြင်ဘက်ကို ငေးမောကြည့်ကာ အတွေးလွန်နေမိသည်။ သူမက  ဖျော်ဖြေရေးလောက၏ မကောင်းကြံစည်မှုကို တန်ပြန်တိုက်ခိုက်ရန် ကြောက်ရွံခြင်း မရှိခဲ့၍သာ ယခုအချိန်အထိ ဖျော်ဖြေရေးလောကထဲ ရှင်သန်နိုင်ခြင်း ဖြစ်သည်။

သို့သော်လည်း သူမက ယခုအချိန်တွေ ကိုယ်ဝန်ဆောင်ထားရ၍ သူမ၏ ရင်သွေးလေးကို ကာကွယ်စောင့်ရှောက်ပေးရန် အစွမ်းကုန် ကြိုးစား အားထုတ်ရမည်။

တစ်စုံတစ်ယောက်က သူမကို မကောင်းကြံစည်ချင်သည်လော။

သူတို့ တတ်စွမ်းသလောက် အကောင်းဆုံး ကြိုးစား အားထုတ်နိုင်သည်။

သူမက ကြောက်လန့်နေလျှင် သူမက လက်စားချေတတ်သည့် ထျန်းနင် မဟုတ်နိုင်ချေ။

...

နောက်နှစ်ရက်ကြာပြီးနောက် လေဆိပ်တွင် ထိခိုက်ဒဏ်ရာ ရခဲ့သော ပရိသတ်တချို့ တစ်ယောက်ပြီးတစ်ယောက် ဆေးရုံဆင်းကြသည်။ သူတို့အတွက် တစ်စုံတစ်ယောက်က ဆေးရုံစရိတ် တာဝန်ယူပေးခဲ့သည်။ သို့တိုင် အလှူရှင်၏အမည်ကို လျှို့ဝှက်ထားခဲ့သည်။

အကယ်၍ ဆေးရုံစရိတ် ပေးခံသူက ဟိုက်ဟွေ့ဖျော်ဖြေရေး ဖြစ်ခဲ့လျှင် သူတို့က တုံ့ဆိုင်းခြင်း မရှိပါဘဲ လက်ခံမိလိမ့်မည်။ ယခုအလှူရှင်က သူ့အကြောင်း ကွယ်ဝှက်ထားရသည့် အကြောင်းအရင်းကို ဆေးရုံဝန်ထမ်းများ နားမလည်နိုင်ပေ။

သို့သော်လည်း ဆေးရုံဆင်းသွားသော ပရိသတ်များက ထျန်းနင်ကို ဆန့်ကျင်သော ပရိသတ်အဖြစ် ပြောင်းလဲခဲ့ကြောင်း တရားဝင် ကြေညာခဲ့သည်။ ထျန်းနင်က တရုတ်ပြည် ပြန်ရောက်ရောက်ချင်း သူမ၏ စိုးရိမ်မှုကို ထုတ်ဖော်ခဲ့သော်လည်း သူမ၏စိတ်ရင်းကို သူတို့ မခံစားရပေ။

သူတို့က လူ့မှုကွန်ယက်စာမျက်နှာပေါ်တွင် စာတင်ခဲ့သည်။
"ထျန်းနင်ကို အချိန်အကြာကြီး အားပေးခဲ့တာ ငါ ကန်းနေလို့ပဲ ဖြစ်မယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now