Ep 289+290+291

127 9 0
                                    

အပိုင်း(၂၈၉)

 
Claude Nက ထိုင်ခုံကို ကျောမှီလိုက်ပြီး သူ့အလုပ်သူ ဆက်လုပ်နေသည်။ သူ့ မေးဖျားကို ကော့တင်လိုက်ပြီး တံခါးပေါက်ကို ညွှန်ပြသည်။
 
"ဒါက မင်းဆုံးဖြတ်ချက် ဆိုရင်တော့ လာရာလမ်းအတိုင်း ပြန်လိုက်တော့"
 
သူက ဒီဇိုင်းနာ လောက၏ဆရာတစ်ဆူဖြစ်နေ၍ သူ့စိတ်အခြေအနေက အနည်းငယ် ထူးဆန်းနေသည်။ သို့သော်လည်း Claude Nကို တွေ့ခါစက ကြင်နာတတ်သူ ဖြစ်လိမ့်မည်ဟု ထျန်းနင် မှတ်ချက်ပြုမိသော်လည်း ယခုတော့ ပြန်သုံးသပ်သင့်ပြီ။
 
 
ခြေထောက် သူ့အဓိကစိတ်ကူးစိတ်သန်း  မဖြစ်နိုင်ပါ။ အားလုံးက ပျားသကာရည်လွှမ်းထားသော ဟန်ဆောင်မှု သက်သက် ဖြစ်သည်။
 
 
မို့ထင်က သူ့သဘောထားကို ပြောင်းလဲလိမ့်မည်ဟု Claude Nယူဆခဲ့မိသော်လည်း မို့ထင်က နောက်ပြန်လှည့်ကြည့်မည့် အတွေး လုံးဝ မရှိပေ။
 
 
သူက ထျန်းနင်ကို ကာကွယ်ပေးရန် ဆုံးဖြတ်ထားပြီးသားပါ။ မို့ထင် ရုံးခန်းထဲမှ လှည့်ထွက်သွားခါနီး ချွမ်ရဲ့က ကြယ်ဘုရင်ဖျော်ဖြေရေးမှ မော်ဒယ်နှင့်အတူတူ Claude Nရုံးခန်း၏ တံခါးပေါက်ဝကို ရောက်လာသည်။ သူတို့နှစ်ဖွဲ့ တစ်ယောက်ကို တစ်ယောက် ငေးစိုက်ကြည့်နေစဉ် ချွမ်ရဲ့က ရုတ်တရက် ထရယ်သည်။
 
"တစ်ခါမှ မရှုံးနိမ့်ဖူးတဲ့ မို့သူဌေးက အရှုံးကြီး ရှုံးပြီလား"
 
မို့ထင်က ချွမ်ရဲ့ကို ခပ်တန်းတန်း ကြည့်လိုက်သည်။ သူက ချွမ်ရဲ့ ဘာပြောပြော ဂရုမစိုက်ပုံပေါက်သည်။
 
 
"ထျန်းနင်ကိုယ်စား Claude Nနဲ့ ညှိနှိုင်းပေးရမလား။ နတ်သမီးလေး ကိုယ်တို့တွေ ဒီရက်ပိုင်း အတော်လေး နီးစပ်ခဲ့တယ်နော်"
 
ချွမ်ရဲ့က မျက်နှာပြောင်တိုက်သော စကားများကို ပြောဆိုကာ သူ့ခန္ဓာကိုယ်ပေါ်မှ မိုးရေစက်များကို ခါချသည်။
"ပဲရစ်မြို့မှာ မိုးရွာနေတော့ အပြင်မှာ တော်တော်လေး အေးတယ်။ ကျန်းမာရေး ဂရုစိုက်နော်"
 
လွန်ခဲ့သော နှစ်ရက်ကျော်က ချွမ်ရဲ့ ဘာစီစဉ်နေလဲ မို့ထင်ထက် တခြားသူ ပိုမသိနိုင်ပေ။
 
 
"ငါနဲ့ဖဲရိုက်တာရော လက်ဝှေ့ထိုးတာရော မနိုင်ခဲ့တည်းက မင်းကိုယ်မင်း အရှုံးသမားဆိုတာ လက်ခံသင့်ပြီ။ ငါ့ကို ဒီလိုလေသံမျိုးနဲ့ စကား လာမပြောသင့်ဘူး"
 
မို့ထင်က ထျန်းနင်၏ပခုံးပေါ် လက်တင်ကာ ရယ်မောပြီး ထွက်ခွာသွားရန် ဟန်ပြင်သည်။
 
သို့သော်လည်း ချွမ်ရဲ့က သူတို့ကို အချိန်ဆွဲလာပြန်သည်။
 
 
"ဒါဆိုရင် ဒီတစ်ခေါက်ပွဲမှာ ဟိုက်ဟွေ့ဖျော်ဖြေရေးက ကြယ်ဘုရင်ဖျော်ဖြေရေးကို ရှုံးနိမ့်သွားတယ်လို့ ယူဆလိုက်ရမလား။ ဘာပဲဖြစ်ဖြစ် ထျန်းနင်က Claude Nနဲ့ ကြော်ငြာရိုက်ကူးခွင့် မရခဲ့တာပဲလေ"
 
 
တကယ်တမ်း ထျန်းနင်လည်း မို့ထင်၏အပြုအမူက ပုံမှန်မဟုတ်မှန်း သတိထားမိသည်။ Claude N တောင်းဆိုမှုကို မို့ထင်က ညှိနှိုင်းဆွေးနွေးခြင်း မရှိခဲ့ တန်းငြင်းပစ်သည်။
 
 
အပေါ်ယံကြည့်လိုက်လျှင် သူ့အပြုအမူက အကျိုးအကြောင်း ဆီလျော်ပါသည်။ သို့သော်လည်း ဤလုပ်ရပ်က တစ်ခါမျှ မရှုံးနိမ့်ဖူးသည့် မို့ထင်က ပြဿနာကို ဖြေရှင်းလေ့ရှိသော နည်းလမ်း မဟုတ်နေပေ။
 
 
မို့ထင်က သူ ယုံကြည်ချက် မရှိသော အပြုအမူမျိုးကို ဘယ်သောအခါမျှ မလုပ်ဆောင်တတ်ပါ။
 
 
"ဒါက ကြယ်ဘုရင်ဖျော်ဖြေရေးရဲ့ ရည်ရွယ်ချက် ထင်တယ်။ Claude Nနဲ့ အလုပ်တွဲလုပ်ခွင့်ရတာက မင်းတို့ရဲ့ အကြီးကျယ် အခမ်းနားဆုံး ဂုဏ်ကျက်သရေ ထင်ပါရဲ့"
 
မို့ထင်၏နှုတ်ခမ်းပါးလေးက အပေါ် ကော့တက်သွားသည်။
 
ထျန်းနင်က မို့ထင်ကို ဖျတ်ခနဲကြည့်လိုက်ပြီး မို့ထင် တစ်ခုခု ပြောတော့မည်မှန်း သိနေပါသည်။ မျှော်မှန်းထားသည့်အတိုင်း မို့ထင်က တည်တည်ငြိမ်ငြိမ်ဖြင့် စကားဆက်ပြောသည်။
 
 
"အရိုးသားဆုံး ဝန်ခံရရင်တော့  Claude Nကို ငါတို့ ရွေးချယ်စာရင်းက ပယ်ထုတ်လိုက်ပြီ။ သူတို့အဖွဲ့ကို ငြင်းဆန်လို့ရအောင် အကြောင်းအရင်း ရှာကြံပေးတာကို ကျေးဇူးတင်ရဦးမယ်"
 
 
မို့ထင်က သူ့ဂုဏ်သိက္ခာသူ ကာကွယ်ရန် ကြိုးစားနေသည်ဟု ယူဆမိ၍ ချွမ်ရဲ့ ဟားတိုက်ရယ်မောသည်။
 
 
သို့သော်လည်း မို့ထင်က သူ့ဖုန်းကို ဆွဲထုတ်လိုက်ပြီး အီးမေးလ်ကို ဖွင့်ပြသည်။
 
"Fearlesက ဒီနှစ်ရဲ့ ကမ္ဘာအဆင့် ဒီဇိုင်းနာဆုပေးပွဲမှာ  ပထမဆုရတဲ့ ဒီဇိုင်းနာပဲ။ Claude Nက နံပါတ် ၅နေရာပဲ အရယူနိုင်ခဲ့တာပါ။ Fearlesက Claude Nရဲ့ဇနီးဟောင်း။ သူက အကျင့်စာရိတ္တကောင်းတဲ့ မိန်းမတစ်ယောက်ပဲ။ တခြားသူတွေလို ထျန်းနင်ရဲ့ခြေထောက်ကို အားမနာတမ်း ကြည့်ဖို့လောက်ပဲ သိတာ မဟုတ်ဘူး"
 
" မင်းက Claude Nကို စိတ်ဝင်စားနေရင်တော့ မင်းတို့အတွက် စားကွက်လေး ချန်ထားခဲ့ပေးမယ်နော်"
 
 
ထိိုစကားကို ပြောဆိုပြီးနောက် မို့ထင်က ထျန်းနင် လက်ကိုတွဲကာ Claude N၏စတူဒီယိုခန်းမှ ထွက်လာခဲ့ပါသည်။
 
 
ချွမ်ရဲ့က ဖြူဖပ်ဖြူရော် မျက်နှာဘေးဖြင့် စိတ်ရှုပ်ထွေးစွာ ကျန်ရစ်ခဲ့သည်။
 
 
ထျန်းနင်က ချွမ်ရဲ့၏အသက်မဲ့နေသော မျက်နှာဘေးကို သတိထားမိ၍ သူမ သိလိုသည့် မေးခွန်းကို မို့ထင်အား မေးမြန်းသည်။
 
"ဒါတွေအားလုံးက ဘယ်လိုဖြစ်ရတာလဲ။ တို့နှစ်ယောက် တစ်ချိန်လုံး အတူတူ ရှိနေတာပါ။ ဒါတွေအားလုံးကို ကျွန်မနောက်ကွယ်မှာ ဘယ်လိုများ စီစဉ်လိုက်သလဲ။ ရှင်က တို့ဘေးနားက တစ်ဖဝါးမှ မခွာဖူးပါဘူး"
 
"စာချုပ် ဆွေးနွေးဖို့ အိမ်က ထွက်သွားစရာ မလိုဘူးလေ။ ကွန်ပြူတာလေး နှိပ်ပြီး အလုပ်လုပ်လို့ရတယ်လေ"
 
 
မို့ထင်က ကားစက်နှိုးလိုက်ပြီး စပ်စုစိန်လေး ထျန်းနင်ကို ပြုံးပြသည်။
 
"ဖန်ယွီက ပေကျင်းကနေ ပဲရစ်မြို့ကို လာလည်တဲ့ ခရီးသွားစာရင်းကို ရခဲ့တယ်။ အဲဒီနာမည်စာရင်းထဲမှာ ချွမ်ရဲ့ကိုလည်း တွေ့ခဲ့တယ်"
 
"ဒါကြောင့်လည်း လုချယ်ကို ပဲရစ်လာခဲ့ဖို့ ညွှန်ကြားခဲ့ပြီး ချွမ်ရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ခိုင်းထားတယ်။ ဒါကြောင့်လည်း သူနဲ့ Claude N တိတ်တိတ်လေး ဆက်သွယ်နေတာကို စုံစမ်းမိတာပေါ့"
 
 
"ဒါဆိုရင် Fearlesနဲ့ ဘယ်လို ဆွေးနွေးနိုင်ခဲ့တာလဲ"
 
 
"ပြင်သစ်ဒါရိုက်တာ Coqueစံအိမ်တော်ကို ကိုယ်တို့သွားလည်တဲ့နေ့တုန်းက မင်းက မော်ဒယ်ဆိုတာ ဒါရိုက်တာကို ပြောထားဖူးတယ်။ ဒါပေမဲ့ ဒါရိုက်တာCoqueက မင်းကို ဒီဇိုင်းနာFearlesနဲ့ မိတ်ဆက်ပေးလိမ့်မယ်လို့ ထင်ကို မထင်ခဲ့ဘူး"
 
 
"ဒါကြောင့်လည်း မနေ့ညက ကိုယ့်ကို ဒီဇိုင်းနာ Fearles ဖုန်းဆက်လာတယ်။ ကိုယ်တို့က ဒီဇိုင်းနာClaude Nနဲ့ ချိန်းဆိုထားတာတောင် သူ စောင့်နိုင်ပါတယ်လို့ ပြန်ပြောတယ်"
 
 
" Claude Nသာ အကျိုးအကြောင်း စဉ်းစားတတ်ရင် ထင်က ချစ်လေးကို သူနဲ့အလုပ်တွဲလုပ်ခွင့်ပေးမှာပါ ဟုတ်တယ််မလား။ ဘယ်လိုပဲပြောပြော ထင်မှာ အရန်အစီအစဉ် အမြဲတမ်း ရှိပြီသားပါ"
 
 
" အင်းပေါ့"
 
မို့ထင် ခေါင်းညိတ်သည်။
"ချွမ်ရဲ့ကိုလည်း ထည့်တွက်ရမယ်လေ"
 
သူ့ကို တို့တွေပေးခဲ့သည့် ရိုက်ချက်က ချွမ်ရဲ့၏နှလုံးသားကို ဓားနှင့် ထိုးလိုက်သလို နာကျင်စေလိမ့်မည်။
 
 
"အခုချိန်မှာ ကိုယ်တွေးမိတာတော့ ချွမ်ရဲ့ရော Claude Nရော တဏှာရူးလွန်းတယ်"
 
 
" သူ ကိုယ့်အချစ်လေးရဲ့ခြေထောက်ကို စိုက်ကြည့်နေတည်းက သူနဲ့တွဲလုပ်မယ် အလုပ်ကို စွန့်လွှတ်ပစ်ဖို့ ဆုံးဖြတ်လိုက်တယ်"
 
 
မို့ထင်က အေးစက်စက် လေသံဖြင့် စကားပြောနေသည်။
 
"ဆယ်ခါလောက် ချစ်လေး ခြေထောက်ကို ကြည့်မိတည်းက သူ့မျက်လုံးတွေကို ဆွဲထုတ်ပစ်ချင်တဲ့အထိ ဒေါကန်မိတယ်"
 
"မန်နေဂျာမို့ တကယ့်ကို ဒေါသအိုးကြီးပဲ"
 
ထျန်းနင် သက်ပြင်းချလိုက်သည်။
 
"အခုပဲFearlesကို သွားတွေ့ကြတာပေါ့"
 
 
ပြင်သစ်ခရီးစဉ်က ပဟေဠိဆန်ဆန် ပြောင်းလဲသွားလိမ့်မည်ဟု ထျန်းနင် ကိုယ်တိုင် မမျှော်လင့်ခဲ့ဖူးပေ။ အရာအားလုံးက အိပ်မက်ဆန်လွန်းသည်။ မို့ထင်ကိုယ်တိုင် ပြဿနာကို ကိုင်တွယ်ခဲ့၍ ယခုလို အကျိုးဆက်မျိုးကို ပိုင်ဆိုင်ရခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ မို့ထင်က နောက်ကွယ်ကနေ အရာအားလုံးက စီမံ့ခန့်ခွဲခဲ့၍ အရာရာတိုင်းက အိမ်မက်ဆန်နေခဲ့သည်။
 
 
မို့ထင်က ထျန်းနင် ရုတ်တရက် နှုတ်ဆိတ်သွားခြင်းကို သတိထားမိ၍ မေးလိုက်သည်။
 
"ချစ်လေး ဘာတွေ တွေးနေတာလဲ"
 
"ယောက်ျားရဲ့အတွေးတွေကို ချစ်လေး လိုက်မှီနိုင်ခဲ့ပြီလို့ တွေးခဲ့တာ တကယ်တမ်းတော့ လက်လှမ်းမှီဖို့ ဝေးကွာနေပါသေးတယ်"
 
 
" ချစ်လေးက Fearlesရဲ့ဂုဏ်သရေရှိ ဧည့်တော်ဖြစ်ချင်ရင် ချစ်လေးရဲ့အလုပ်မှာ အခုထက်ပိုပြီး အရည်အချင်းရှိဖို့ အဆင့်အတန်းရှိဖို့ပဲ လိုအပ်တယ်"
 
မို့ထင်က ထျန်းနင်ကို လေးလေးနက်နက် ရှင်းပြနေသည်။
"ဒီ၂ရက်အတွင်း အပြောင်းအလဲ အများကြီး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကိုယ်က ချစ်လေးကို တမင်တကာ ဖုံးကွယ်ထားတာတော့ မဟုတ်ပါဘူး။ အရာရာတိုင်းက လျင်လျင်မြန်မြန် ပြောင်းလဲနေတော့ ချစ်လေးရဲ့ခံစားချက်တွေ အတက်အကျ မမြန်အောင် ကိုယ် မပြောခဲ့တာပါ"
 
"ပိုမြင့်နေတဲ့ အနေအထား တစ်ခုကို ရောက်လာရင် ရန်သူပိုများလေပဲ။ ပြဿနာ ဖြေရှင်းတော့မယ်ဆိုရင် အခြေအနေကို အမြဲလေ့လာသုံးသပ်နေရမယ်။ အရန်အစီအစဉ်တွေလည်း ရှိရမယ်"
 
 
ထျန်းနင်က ခံစားချက်ရှုပ်ထွေးနေ၍ မျက်လွှာချထားသည်။ သူမက အရမ်းမထူးချွန်၍ မဟုတ်၊ သူမ ယောက်ျားက ဩဇာအာဏာညောင်းလွန်း၍ သူမ အမှီမလိုက်နိုင်ေအာင် ပရိယာယ် ကြွယ်ဝခြင်း ဖြစ်သည်။ သူသာ မရှိခဲ့လျှင် သူမ ဘာများ လုပ်နိုင်မည်နည်း။
 
 
"ချစ်လေး ကိုယ့်ဘာသာကိုယ် မရပ်တည်နိုင်လောက်တဲ့အထိ ချစ်လေးကို မြတ်နိုးပေးရလား ယောက်ျားရယ်"
 
 
ထျန်းနင်က မို့ထင်၏ပခုံးလေးကို မှီလိုက်ပြီး Fearlesနှင့် တွေ့ဆုံရန် ကားလေးကို ဆက်မောင်းနှင်လာသည်။
 
 
ဒီဇိုင်းနာ အမျိုးသမီးကြီးက ထျန်းနင်တို့ကို ဖော်ရွေဗျူငှာစွာ ကြိုဆိုနေပြီး ထျန်းနင်ကို ဖက်သည်။
 
"နှစ်ယောက်စလုံးကို ကြိုဆိုပါတယ်နော်။ Coque ပြောပြလို့ 'Stupid'ရုပ်ရှင်ဇာတ်လမ်းရဲ့ ဇာတ်လမ်းကြောကို ကျွန်မ တကယ်သဘောကျမိတယ်။ ဒီဇာတ်လမ်း အကြောင်းကို ကြိုသိထားလို့ မင်းယောက်ျား စိတ်မဆိုးဖို့ပဲ မျှော်လင့်ပါတယ်"
 
ထျန်းနင်က မို့ထင်ကို မော့ကြည့်ကာ ကူကယ်ရာမဲ့ ပြုံးလိုက်သည်။
 
 
"စိတ်မပူပါနဲ့ ဒါရိုက်တာက ကျွန်မကို ဇာတ်လမ်းအတိုချုံးပဲ ပြောပြတာပေါ့။ ပြီးတော့ သူ့ရိုက်မယ် ရုပ်ရှင်ဇာတ်လမ်းမှာ ဝတ်စုံဒီဇိုင်း ကူညီပေးစေချင်လို့ပါ"
 
 
မို့ထင်လည်း သိပါသည်။ ဤအပြုအမူက စာချုပ်ပါစည်းမျဉ်းကို ချိုးဖောက်ပြီး စီးပွားရေး လုပ်ငန်းကို ပေါက်ကြားအောင် လုပ်ဆောင်ခြင်း ဖြစ်သည်။ သူက ကမ္ဘာကျော် ဒီဇိုင်းနာဆရာသခင်၏ ဒီဇိုင်းကို မသုံးချင်ခဲ့ပါ။ ကုန်ကျငွေ မြင့်မားလွန်းသည်။ သို့တိုင်
 
 
"ဒါကြောင့် အရဲကိုးပြီး အကြံပြုပါရစေ။ ဇာတ်လမ်းထဲမှာ အားကစားသမားနဲ့ တစ်ညတာ မှားယွင်းခဲ့တဲ့ သရုပ်ဆောင် မင်းသမီး ဝတ်မယ်ဝတ်စုံ ဒီဇိုင်းဆွဲဖို့ မင်းရဲ့မိန်းမရဲ့ကိုယ်တိုင်းနဲ့ စိတ်ကူးပုံဖော်ချင်တယ်။ ပြီးတော့ မင်းရဲ့မိန်းမနဲ့ ရုပ်ရှင်ကြော်ငြာလည်း ရိုက်ကူးချင်တယ်။ ဘာပဲပြောပြော ငါတို့က နှစ်ဖက် အခွင့်အရေး တန်းတူပါပဲ"
 
 
"ဒီရုပ်ရှင်က အနောက်တိုင်းဈေးကွက်ကို ထိုးဖောက်နိုင်တဲ့ အခွင့်အရေး များသလို ကျွန်မ ဒီဇိုင်းက အာရှမှာလည်း လူသိများလာနိုင်ပါတယ်။ မို့သူဌေး ဘယ်လိုများ ဆုံးဖြတ်ချင်သလဲ"
 
 
"Fearlesက ဖျော်ဖြေရေး လောကသား မဟုတ်ဘူး ကံကောင်းတာပေါ့ ။ မဟုတ်ရင်တော့ ကျွန်တော်ရဲ့ပြိုင်ဘက်ကောင်း ဖြစ်လာနိုင်တယ်"
 
 
"မို့သူဌေးက ကျွန်မကို မြှောက်ပင့်ပြောနေပြန်ပြီ။ ကျွန်မက အဲလောက်လည်း စီးပွားရေး အမြင် မရှိပါဘူးရှင်"
 
 
ပျော်ရွှင်ဖွယ် တွေ့ဆုံညှိနှိုင်းပြီးနောက် သူတို့ဇနီးမောင်နှံ  ဟိုတယ်ကို ပြန်လာခဲ့သည်။ မို့ထင်က သူတို့ရိုက်ကူးမည့် ရုပ်ရှင်ဇာတ်လမ်း၏ ဇာတ်ကြောကို ထျန်းနင် နားလည်အောင် ရှင်းပြပေးသည်။
 
"ပြည်တွင်းဈေးကွက်မှာ ဒီလောက်တဲ့ ကောင်းမွန်တဲ့ဇာတ်ညွှန်းကို ဘယ်သူရေးလဲ သိချင်လိုက်တာ"
 
"ချစ်လေး သူ့ကို မသိလောက်ဘူး"
 
မို့ထင်က တည့်တိုး ပြန်ပြောသည်။
 
ထျန်းနင် ခန့်မှန်းမိသောသူ ရှိသော်လည်း အလုပ်ကိစ္စ ဖြစ်နေ၍ မို့ထင်ကို တခြားအပို ထပ်မမေးပေ။
 
 
***
အပိုင်း(၂၉၀)

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)जहाँ कहानियाँ रहती हैं। अभी खोजें