အပိုင်း(၅၃၃)

79 9 0
                                    

အပိုင်း(၅၃၃)

သိပ်မကြာလိုက် ထျန်းအုပ်စု၏နှစ်ပတ်လည် ဂုဏ်ပြုပွဲ ကျင်းပမည့်အချိန် ရောက်လာသည်။ ဝန်ထမ်းတစ်ဦးချင်းစီကို ဖိတ်ကြားထားသောကြောင့် ပတ်ဝန်းကျင်အခြေအနေက အလွန်အမင်း  ခမ်းနားထည်ဝါသည်။ ဝန်ထမ်းများကို ဆုပေးအပ်ခြင်းနှင့် စပ်လျဉ်းလာလျှင် ထျန်းအုပ်စုက ဝန်ထမ်းများ၏ ထင်မြင်ယူဆချက်ကို အမြဲနားထောင်လေ့ရှိသည်။ အထူးသဖြင့် ကုမ္ပဏီကို ရှားယွီလင်း တာဝန်ယူပြီးနောက် ဝန်ထမ်းတိုင်းကို တရားမျှတစွာ ဆက်ဆံခဲ့၍ သစ္စာရှိသော ဝန်ထမ်းများ ပို၍တိုးလာသည်။

သို့သော်လည်း ဤနှစ်ပွဲသို့ တက်ရောက်သူ ပိုများရခြင်းသည် ထျန်းနင်ကို မြင်တွေ့ချင်သော ဆန္ဒကြောင့် ဖြစ်သည်။

ထျန်းအုပ်စုမှ ဝန်ထမ်းများက ပေကျင်းမြို့မှ တခြားသူများ ကဲ့သို့  'W.H.' ရုပ်ရှင်ကို စွဲလန်းကြသည်။

ထျန်းနင်က အနုပညာအလုပ်များကို ရပ်နားထား၍ သူမ၏အရင်းနှီးဆုံး ပရိသတ်များပင် သူမကို မြင်တွေ့ခွင့်မရပေ။

ဤနှစ်ပတ်လည် ဂုဏ်ပြုပွဲက ထျန်းနင်ကို မြင်တွေ့နိုင်သော တစ်ခုတည်းသော အခွင့်အရေး ဖြစ်သည်။
"ငါက ထျန်းအုပ်စုရဲ့ ဝန်ထမ်းဖြစ်နေလို့ ကံကောင်းတယ်။ ထျန်းနင်ကို မြင်တွေ့ခွင့် ရတော့မယ်"

"ဒီနှစ်ပွဲကို တက်တဲ့သူ တစ်ထောင်ကျော်တယ်။ ထျန်းနင် ဘယ်လို ဝတ်စားလာမလဲ သိချင်တယ်"

"ထျန်းနင်က ကြည့်ကောင်းမှာပဲ။ ဘာပဲဖြစ်ဖြစ် သူက စူပါမော်ဒယ်လေ"

"သူ့ကို မင်းသမီး အနေနဲ့ ပိုကြိုက်တယ်။ သူ့သရုပ်ဆောင်တာ တကယ်ကောင်းတယ်"

ပွဲတက်ရောက်သူများက အုပ်စုငယ်လေးများ ဖွဲ့ပြီး ထျန်းနင် အကြောင်း ခမ်းခမ်းနားနား ပြောဆိုကြသည်။

"ဒီနေ့ပွဲကို ထျန်းနင် တက်မယ် ထင်လား"

"သူ သေချာပေါက် တက်မှာပါ"

"မင်းတို့ကောင်တွေ စကားလမ်းကြောင်းလွှဲရင် ကောင်းမယ်။ ထျန်းရွှမ်သခင်မလေးကို စိတ်အနှောင့်ယှက် ဖြစ်စေဦးမယ်။ ထျန်းနင် မရောက်လာသေးပဲ စိတ်အနှောင့်အယှက် ပေးတတ်တဲ့ ထျန်းသခင်မလေးပဲ ရောက်လာတယ်"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now