အပိုင်း(၄၃၀)
"ချိုးရှန့်၊ အခုကစပြီးတော့ ထျန်းနင်ကို ထပ်စိန်မခေါ်နဲ့တော့။ သူက ငါတို့တွေးထားသလောက် ဆန့်ကျင်ရ လွယ်ကူတဲ့သူ မဟုတ်ဘူး"
ဂူရှန်က ပိုင်ချိုးရှန့်၏ ဆေးရုံကုတင် ခြေရင်းနား ထိုင်ကာ ဖျောင်းဖျသည်။"ငါ သေချာစုံစမ်း ကြည့်ပြီးပြီ။ ထျန်းနင်က ဖျော်ဖြေရေးလောကထဲ ပြန်ဝင်လာတဲ့ အချိန်ကစလို့ မော်ဒယ်ဘဝကနေ သရုပ်ဆောင်မင်းသမီး လမ်းကြောင်း လျှောက်ခဲ့တဲ့ ကာလ တစ်လျှောက်လုံး သူမ၏ လှုပ်ရှားမှုတိုင်းက ချို့ယွင်းချက် မရှိဘူး။ သူက မို့ထင်ကိုတောင် မမှီခိုဘဲ ကိုယ့်အားကိုယ်ကိုးခဲ့လို့ အခုလို ချီးမွမ်းခံရတာ"
ပိုင်ချိုးရှန့် နှုတ်ဆိတ်နေသည်။ အစောပိုင်းက ကြုံတွေ့ခဲ့ရသော ရင်ထိတ်ဖွယ် အဖြစ်အပျက်မှ မလွတ်မြောက်နိုင်သေး၍ ဖြစ်ကောင်းဖြစ်နိုင်သည်။
ယခုအချိန် သူ့စိတ်ကို လွှမ်းမိုးနေသော ခံစားချက်က ချောက်ချားမှုပင်။
"ရုပ်ရှင်ရိုက်ကူးတာကိုပဲ အာရုံစိုက်ထားပါ။ သူ့ဘာသာ နေပါစေ ဟုတ်ပြီလား"
ပိုင်ချိုးရှန့်က ခဏမျှ တွေဝေနေသော်လည်း အဆုံးသတ်မှာ ခေါင်းညိတ်ခဲ့သည်။
ပိုင်ချိုးရှန့် သဘောတူပြီးမှ ဂူရှန် သက်ပြင်းချနိုင်သည်။ ထျန်းနင်၏ သွေးအေးရက်စက်သော စိတ်နေသဘောထားကို သူမ တကယ်ကို ကြောက်လန့်မိသည်။ တကယ်တမ်း ထျန်းနင်က သူတို့အကြံအစည်ကို ကြိုတင် သိခဲ့ပြီး ဘာအကြောင်းကြောင့်မှန်း မသိ ထျန်းနင်က ချောက်ချားဖွယ်ကောင်းသည်ဟု ခံစားမိသည်။
...
နောက်တစ်နေ့ မနက်ခင်း
ပိုင်ချိုးရှန့် နှင့် ဂူရှန်တို့ ရုပ်ရှင်ရိုက်ကွင်း ရောက်ရောက်ချင်း ဝေအန်က ချက်ချင်း သူတို့အနား ရောက်လာသည်။
"အားလုံး အဆင်ပြေရဲ့လား""အဆင်ပြေပါတယ်။ နည်းနည်း တုန်လှုပ်သွားရုံပါ"
ချိုးရှန့်က တည်ငြိမ်စွာ ပြန်ဖြေသည်။ထျန်းနင်လည်း အနားရောက်လာသော်လည်း သူတို့ကို သိက္ခာချသည့် စကားလုံးများဖြင့် မထိုးနှက်ခဲ့ပေ။ သူမက ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်နေသည်။