အပိုင်း(၅၂၆)

62 6 0
                                    

အပိုင်း(၅၂၆)

"မြန်မြန်ဆန်ဆန် ထိထိရောက်ရောက် သွေးအေးရက်စက် ရမယ်လို့ ပြောခဲ့တာ ဘယ်သူလဲ"
ထျန်းကျင်းရွှမ်က ဆိုဖာပေါ် ထိုင်ကာ စကားဆက်မပြောခင် ထျန်းနင်ကို လက်မထောင်ပြသည်။
" 'W.H.' ရုပ်ရှင်ကို ကျွန်တော် ကြည့်ပြီးပြီ အစ်မ ၊ အစ်မ တကယ် ထူးချွန်တယ်"

" ဒီလောကကြီးထဲမှာ အစ်မက မင်းသမီးဖြစ်ဖို့ အသင့်လျော်ဆုံးသူပဲ။ တခြား ဘယ်သူမှ အစ်မကို မကျော်နိုင်လောက်ဘူး။ ရုံတင်ခါနီး တခြားရုပ်ရှင်တွေကိုလည်း ကျွန်တော် ကြည့်ပြီးပါပြီ။ အရိုးသားဆုံး ပြောရရင် သူတို့ သရုပ်ဆောင်တာ မဆိုးပေမဲ့ သူတို့က အစ်မလောက် အထင်ကြီးစရာ မကောင်းဘူး"

" မင်းရဲ့အစ်မ ဖြစ်နေလို့ ဒီစကား ပြောတာလား"
ထျန်းနင်က မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။

"ကျွန်တော့် ယုံကြည်ချက်အတိုင်း ပြောတာလေ"

ထျန်းနင်က ရုပ်ရှင်ဇာတ်ကားကို ဆုံးခန်းတိုင်အောင် မကြည့်ဖူး၍ အခြေအနေကို မဆက်စပ်မိခြင်း ဖြစ်သည်။

"အစ်မ မကြည့်ရသေးဘူးမလား။ အစ်မ ကြည့်ပြီးရင် အစ်မအရည်အချင်းကို အစ်မကိုယ်တိုင် ယုံကြည်လက်ခံ လာမယ်"

ထျန်းကျင်းရွှမ်က  အားကြိုးမာန်တက် ပြောဆိုနေစဉ် မို့ထင်က စာကြည့်ခန်းအပြင်ဘက် လမ်းလျှောက်ထွက်လာသည်။ သူ့ခြေလှမ်းတိုင်းက တည်ငြိမ်ပြီး ဩဇာတ္တိကမဖြင့် ပြည့်စုံသော ဧကရာဇ်တစ်ပါးနှင့် ဆင်သည်။

"မင်းအစ်မ အနားယူတာ မမြင်ချင်တာလား။ အခု ဘယ်အချိန်ရောက်နေပြီလဲ"

မို့ထင်၏ သည်းခံနိုင်သော အတိုင်းအတာကို ကျော်လွန်နေမှန်း ထျန်းကျင်းရွှမ် သိနေ၍ ဆိုဖာပေါ်မှ ချက်ချင်း ထလိုက်ပြီး လက်ခါရမ်းပြသည်။
"အခုပဲ ကျွန်တော် ပြန်တော့မယ် ။ အစ်မရေ စောစောအိပ်ဦးနော်။ ကျွန်တော့်ကိုယ်စား တူလေးကို နှုတ်ဆက်တယ်လို့ ပြောပါဦး"

ထျန်းကျင်းရွှမ် အလောတကြီး ပြေးထွက်သွားသော မြင်ကွင်းကို ထျန်းနင်က စောင့်ကြည့်နေပြီး ကူကယ်ရာမဲ့ ပြုံးလိုက်သည်။ ထို့နောက် မို့ထင်ကို လက်ချိတ်သည်။
"ချစ်လေး သိပါတယ်။ ချစ်လေး နောက်တစ်ခါ မလုပ်တော့ပါဘူး။ မောင်လေးကို မကူညီဘဲ မနေနိုင်လို့ပါ"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now