အပိုင်း(၄၆၃)

106 20 0
                                    

အပိုင်း(၄၆၃)

ထျန်းနင်၏ဖျောင်းဖျမှုကြောင့် ဝေအန်က အားလုံး အဆင်ပြေသွားအောင် ရုပ်ရှင်ရိုက်ကူးသည့် နှုန်းကို နှေးလိုက်သည်။

Takaက အံ့အားသင့်မိ၍ တရုတ်အသံ မပီမပြင်ဖြင့် ထျန်းနင်ကို စကားလာပြောသည်။
"မင်းကို တကယ် လက်ဖျားခါမိတယ်။ ရုပ်ရှင်အဖွဲ့သားတွေက မင်းစကားကို အမြဲနားထောင်တယ်နော်။ အမေရိကန် ဒါရိုက်တာတွေက ဘယ်လိုမျိုးလဲ ဆိုတာ မင်းသိလား။ မင်း ကောင်းကောင်း သရုပ်မဆောင်နိုင်ရင် သူတို့က တန်း ကန်ထုတ်ပစ်မယ်သူတွေ ချည်းပဲ"

ထျန်းနင်က ရယ်ချင်စိတ်ကို ထိန်းချုပ် မရခဲ့ပေ။
"ကျွန်မက ဘာမှ ထူးထူးခြားခြား မလုပ်ထားပါဘူး။ သူတို့အရှေ့  ရိုးရိုးသားသား စိတ်ထဲရှိတဲ့အတိုင်း နေခဲ့တာပါ"

Takaက  သဘောမကျဟန် အမူအရာဖြင့် စကားပြန်ပြောသည်။
"မင်းတို့အာရှသားတွေက တကယ့်ကို စိတ်အနှောင့်အယှက် ပေးတယ်"

"မင်းတို့က ငါတို့ အနောက်တိုင်းသားတွေနဲ့ မတူဘူး။ ငါတို့က တစ်ခုခုကို ကြိုက်ရင် ကြိုက်တယ်ပဲ။ မကြိုက်ရင်လည်း မကြိုက်ဘူးပဲ။ မင်းတို့လို ကောင်းချင်ယောင် ကြိုက်ချင်ယောင် မဆောင်ဘူး"

ထျန်းနင်က သူ့စကားကို ပြိုင်မငြင်းခဲ့ပေ။

သူမ ခေါင်းမော့လိုက်ပြီး သူမနှင့်  မလှမ်းမကမ်းမှာ ဖုန်းပြောနေသော မို့ထင်ကို ပြုံးပြသည်။

ခဏကြာပြီးနောက် မို့ထင်က ထျန်းနင် ဘေးနား ပြန်လာပြီး အပေါ်အင်္ကျီလေး လွှမ်းပေးသည်။

"ဖန်ယွီက အခုရိုက်ကူးနေတဲ့ ရုပ်ရှင်အတွက် ပထမဆုံး ကြော်ငြာ ဆင်းပေးထားတယ်။ စစ်တမ်းအရတော့ 'WH'ရုပ်ရှင်ပြီးရင် ဒီရုပ်ရှင်က ပရိသတ်တွေ မျှော်လင့်နေတဲ့ ဒုတိယမြောက် ရုပ်ရှင်ပဲ။ အမေရိကန် ဒါရိုက်တာကြီးကလည်း မင်းနဲ့ ပိုင်ချန်သုန်ကို စိတ်ဝင်စားလို့ အလုပ်ကမ်းလှမ်းချင်တယ်"

"တကယ်လား"

ထျန်းနင်က သရုပ်ဆောင်မင်းသမီး ဖြစ်ရသည့် ပျော်ရွှင်မှုကို နောက်တစ်ကြိမ် ခံစားရသည်။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now