Ep 232+233+234

129 8 0
                                    

အပိုင်း(၂၃၂) ဒါဆို 'အချစ်'ကို ဘယ်လိုအပြစ်ပေးဖို့ ကြံရွယ်ထားလဲ

 
ထျန်းနင် ခန့်မှန်းခဲ့သည့်အတိုင်း လူယုတ်မာကောင်က ဟွာကျင်းကျင်း လူသတ်သမားဖြစ်ကြောင်း တကယ်ထုတ်ပြောခဲ့သည်။ သက်သေအဖြစ် အပျော်မယား၏ မိဘနှစ်ပါးစလုံး လူအများရှေ့ ခေါ်ထုတ်ရန် ကြံရွယ်ထားသေးသည်။
 
အင်တာနက်နှစ်နှစ်ခြိုက်ခြိုက်သုံးစွဲသူများမှာ ထိုသတင်းကြောင့် ပင့်သက်ရှိုက်ကြသည်။ဤလောကကြီးမှာ အရှက် သိက္ခာမဲ့သည့် လူတချို့ ရှိနေလိမ့်မည်ဟု ယုံကြည်ရခက်ခဲနေသည်။
 
ဟွာကျင်းကျင်းက အကြံအစည်ကြီးမားသော မိန်းကလေး ဖြစ်ခဲ့လျှင် နှစ်ပေါင်းများစွာ အကြမ်းဖက်ခံရခြင်းကို ခါးစည်းခံနေမည် မဟုတ်ပေ။ သို့သော်ငြား အသိဉာဏ် မရှိသည့် လူယုတ်မာကောင်က ဇွဲမလျော့ခဲ့ချေ။
 
တစ်ဖက်မှာလည်းအပျော်မယား၏မိဘများအကြောင်းကို ထျန်းနင်က လုချယ်အား စုံစမ်းခိုင်းခဲ့သည်။
 
ထိုစဉ် ဟွာကျင်းကျင်းက သွေးပျက်ခြင်း အလျင်မရှိချေ။
 
"သူတို့သွားချင်ရင် အင်တာဗျူးပွဲကို သွားကြပေါ့။ သူတို့တွေ လူလူချင်း စာနာစိတ် မရှိတာ သိရတာပေါ့"
 
ဖန်ယွီက ဟွာကျင်းကျင်းကို ဒွိဟဖြစ်သော ခံစားချက်များဖြင့် ငေးကြောင်ကြည့်နေသည်။
 
"ငါတို့ဘက်ကလည်း တစ်ခုခု တန်ပြန်တိုင်ခိုက်သင့်တယ်လို့ မထင်ဘူးလား"
 
"မလိုပါဘူး"
ဟွာကျင်းကျင်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။
 
ဖန်ယွီ သံသယဝင်နေမိ၍ ပိုသေချာအောင် ထပ်မေးလိုက်သည်။
"ကျင်းကျင်း။ သေချာပါတယ်နော်"
 
"သေချာပါတယ်။ ဟိုမသာကောင်က ငါတို့ကို ဘယ်လိုတန်ပြန်တိုက်မလဲ စောင့်ကြည့်ရတာပေါ့"
 
ဖန်ယွီက ဟွာကျင်းကျင်းကို ယုံကြည်သော်လည်း သင့်လျော်သည့်ကြိုတင်ပြင်ဆင်မှုကို လုပ်ဆောင်ထားရဦးမည်။
 
ဆေးရုံရောက်နေသည့်ဟွာကျင်းကျင်းတို့က မသာကောင်ယွီဝမ်ရှင်း၏ အင်တာဗျူးကို တီဗီရုပ်သံလိုင်းမှာ ကြည့်ရှုနေသည်။
 
"ဟွာကျင်းကျင်း အရိုက်ခံရလို့ လူတိုင်းက သနားစိတ်ဝင်နေရုံပါ။ ဒါပေမဲ့ ဟွာကျင်းကျင်း ဘယ်လိုမျိုး သွေးအေးရက်စက်လည်း ဘယ်သူမှ မသိကြပါဘူး"
 
"ဟွာကျင်းကျင်း အရိုက်ခံရတာပဲ လူတိုင်းက အာရုံစိုက်နေတယ်။ တခြားသူကို ဟွာကျင်းကျင်း ရိုက်နှက်တာ လျစ်လျူရှုထားရက်တယ်"
 
"အတိတ်တုန်းက ငါဟာ ဟွာကျင်းကျင်းကို နာကျင်စေမိတယ်။ ဒါပေမဲ့ ငါတို့က လက်ထပ်ထားတာ မဟုတ်ဘူးလေ။ လျှိုယွီဝမ်နဲ့ စချစ်ကြိုက်တဲ့အချိန် ဟွာကျင်းကျင်းနဲ့ လမ်းခွဲထားပြီးသားပါ။ လျှိုယွီဝမ်ကို အပျော်မယားလိုလို စနှိုက်ကြော်လိုလို မရှုတ်ချပါနဲ့"
 
"ဟွာကျင်းကျင်းက တစ်ချိန်လုံး လိမ်လည်လှည့်ဖျားနေခဲ့တဲ့ လူလိမ်မပဲ။ အဲဒီမိန်းမယုတ်က လူသတ်သမားငှါးရမ်းပြီး လျှိုယွီဝမ် ကို သတ်ခဲ့တယ်။ အဲဒီကောင်မက လူသတ်သမားပဲ"
 
ယွီဝမ်ရှင်း၏ဘေးနားမှာ ပညာတတ်ဇနီးမောင်နှံ ထိုင်နေသည်။ ယွီဝမ်ရှင်း၏အပြောအဆိုကြောင့် သူတို့မျက်နှာထား ပျက်ယွင်းနေသည်။ သူတို့သမီးကို သတ်ခဲ့သည့် လူသတ်သမားကို သိရပြီး ဒေါသဖြစ်နေသည်ဟု မီဒီယာက ယူဆလိုက်သည်။
 
"ဦးလေး နဲ့ ဒေါ်ဒေါ် ကျွန်တော် ကြိုပြီးတော့ တောင်းပန်ထားပါရစေ။ ရှောင်ဝမ်လေးရဲ့ဂုဏ်သိက္ခာချနင်းခံရတာကို ဒီအတိုင်း လက်ပိုက်ကြည့်မနေနိုင်ဘူး။ လူသတ်တရားခံပေါ်မှ ရှောင်ဝမ်ရဲ့ ဝိညာဉ် ငြိမ်းချမ်းမှာမို့ပါ။ ဦးလေးတို့လင်မယားကို အနူးအညွှတ် တောင်းပန်ပါတယ်။ အမှန်အတိုင်း ဖွင့်ချစေချင်လို့ ဦးလေးတို့ကို ဒီနေ့ ဖိတ်ခေါ်ထားတာပါ။ ဒီမှာ အမှန်အတိုင်း ဖွင့်ပြောဖို့ မေတ္တာရပ်ခံပါရစေ"
 
ဇနီးမောင်နှံနှစ်ဦးစလုံးက ယွီဝမ်ရှင်းကို လှည့်ကြည့်ကြသည်။ လျှိုယွီဝမ်၏ဖခင်က ပထမဆုံး တုံ့ပြန်လာပြီး မတ်တတ်ထရပ်ကာ ယွီဝမ်ရှင်းပေးသည့် မိုက်ခွက်ကို လက်ခံလိုက်သည်။
 
ရိုက်ကွင်းမှာ ရှိရှိသမျှလူအားလုံး တုန်လှုပ်စေမည့် အပြုအမူမျိုး လျှိုယွီဝမ်၏ဖခင်က လုပ်ဆောင်သွားသည်။
 
သူက မိုက်ခွက်ဖြင့် ယွီဝမ်ရှင်း၏ခေါင်းကို ထုရိုက်နေပြီး ရိုက်ချက်တိုင်းက အားပြင်းပြီး ဒေါသစိတ်ကို ဖော်ပြနေသည်။ ယွီဝမ်ရှင်းက အလျင်အမြန် ရှောင်တိမ်းနိုင်၍ သူ့အရေပြားပေါ်မှာ ပွန်းပဲ့ရာ အနည်းငယ်သာ ဖြစ်ပေါ်ခဲ့သည်။
 
ရှိရှိသမျှ သတင်းထောက်အားလုံး ပွက်လောရိုက်သွားသည်။
 
"အမျိုးယုတ်ကောင်။ စောက်ကျင့်မကောင်းတဲ့ အယုတ်တမာ ၊ စောက်ပြဿနာကောင်"
 
အဖေလျှို အော်ဟစ်နေသည်။
 
"ငါတို့မိသားစုရဲ့ ဇာတ်ရှုပ်ကြီးကို ထုတ်မပြချင်ပေမဲ့ မင်းကြောင့် ဖွင့်ချရတော့မယ်။ ငါ့မှာ လူ့စိတ်ရှိသေးတော့ ဒီအတိုင်း ထိုင်မကြည့်နိုင်တော့ဘူး"
 
"ယွီဝမ်နဲ့ ချစ်သူဖြစ်နေတုန်းက မင်းက ဟွာကျင်းကျင်းနဲ့လည်း ချစ်သူဖြစ်တုန်းပဲ။ မင်းက အသိဉာဏ်မရှိတဲ့ ခြံခုန်နွားကောင်။ ရွံစရာကောင်းလွန်းတယ်။ မင်း လူယုတ်မာမှန်း ငါတို့လျှိုမိသားစုဝင်တိုင်း သိထားပြီးသား။ နင့်ဂုဏ်သိက္ခာကို ပြန်ဆယ်ချင်တာလား အိပ်မက်သာ ဆက်မက်နေလိုက်စမ်းပါ"
 
"ငါတို့သမီးအတွက်တရားမျှတမှုလည်း မရှာချင်ဘူး။ ဒီနေရာကိုလည်း မလာချင်ဘူး။ ငါတို့မိသားစုကြောင့် ဟွာကျင်းကျင်း ဒုက္ခရောက်နေတာ မြင်ရတော မဆိုင်စလို မနေနိုင်ရက်ဘူး။ ဟွာကျင်းကျင်းရဲ့ကောလဟာလသတင်းက ဟိုးလေးတကျော် ဖြစ်ခဲ့ပါတယ်။ အဲဒီသတင်းတွေကြောင့် ငါတို့လင်မယား အိပ်လို့တောင် မပျော်ဘူး။ ဘယ်လို ကူညီပေးရမလဲ တိုင်ပင်နေကြတာပဲ။ တိုက်တိုင်ဆိုင်ဆိုင် ယွီဝမ်ရှင်းက ငါတို့နဲ့ လာရှာခဲ့တယ်။ သူလုပ်မယ် တီဗီအစီစဉ်ကို ကောင်းကောင်းအသုံးချပြီး ငါ့သမီး ဘယ်လိုသေခဲ့လဲ ကြေညာမယ်လို့ တိုင်ပင်ထားတယ်"
 
"ငါ့သမီးသေရတာ ဟွာကျင်းကျင်းနဲ့ဘာမှမသက်ဆိုင်ဘူး။ ငါ့သမီးက လူယုတ်မာကောင် ယွီဝမ်ရှင်းကို သစ္စာဖောက်ပြီး ဟိုတယ်ပိုင်ရှင်နဲ့ ရှုပ်နေခဲ့တယ်။ အဲဒီဇာတ်ရှုပ်ကို ဟိုတယ်ပိုင်ရှင်ရဲ့မိန်းမ သိသွားတော့ ငါ့သမီး ရုပ်ပျက်ဆင်းပျက် သေခဲ့ရတာပဲ"
 
"အဲဒီအမှန်တရားကို ငါ့သမီးသေပြီး နှစ်အနည်းငယ်ကြာမှ စုံစမ်းမိတာပါ။ သိသိချင်း ရဲစခန်းမှာ အမှုဖွင့်ခဲ့လည်း ဘာမှအကျိုးမထူးခဲ့ပါဘူး"
 
"အခု ပြောသမျှက အမှန်တရားဆိုတာ ကျမ်းကျိန်ရဲပါတယ်"
 
"ဟွာကျင်းကျင်းလည်း ဆင်းရဲဒုက္ခက လွတ်မြောက်နိုင်ဖို့ ငါတို့မျှော်လင့်ပါတယ်။ ဘုရားသခင်က လူကောင်းတွေကို စောင့်ရှောက်မှာပါ။ လူယုတ်မာတွေက အပြစ်ပေးခံသင့်ပါတယ်။ မဟုတ်ဘူး ငရဲဘုံတန်းပို့တာတောင် သူတို့အပြစ်တွေကို မဆေးကြောနိုင်ဘူး"
 
အမှန်တရားကို လျှိုယွီဝမ်၏မိဘနှစ်ပါး နှုတ်မှ ဖွင့်ဟဝန်ခံလာသည်။
 
ယွီဝမ်ရှင်း ကြောင်တောင်တောင် ဖြစ်နေသည်။
 
ဟိုးယခင်တည်းက သူ့ကို အမှန်အတိုင်း ရှင်းပြရန် ဟွာကျင်းကျင်း အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း သူက ဘယ်သောအခါမှ စကားဆုံးအောင် နားမထောင်ခဲ့ချေ။
 
ဟွာကျင်းကျင်းက သူ့အချစ်ရဆုံးမိန်းကလေးကို သတ်ခဲ့သည်ဟု သူ့စိတ်အာရုံထဲ အမြစ်တွယ်နေသည်။
 
တစ်ဖက်သတ်ဆန်သည့် ယုံကြည်မှုကြောင့် ဟွာကျင်းကျင်းကို နှိပ်စက်ချင်စိတ်သာ ဖြစ်ခဲ့သည်။ လျှိုယွီဝမ်၏မိဘနှစ်ပါးကိုယ်တိုင်က သူတို့သမီးကို သတ်ခဲ့သူက တခြားသူဖြစ်ကြောင်း နှင့် ယွီဝမ်မှာ တခြားယောက်ျား ရှိနေသေးကြောင်း ထုတ်ပြောခဲ့သည်။
 
ဒါဆို ဟွာကျင်းကျင်း ပြောသမျှက အမှန်ပေါ့။
 
သူမအပြစ်မရှိကြောင်း ရှင်းပြရန် ကြိုးစားမိလေတိုင်း ကန်ကျောက်ခံရ ၊ လက်သီးနှင့် အထိုးခံရသည်။
 
သူက ဟွာကျင်းကျင်းကို အရက်စက်ဆုံး နည်းလမ်းများဖြင့် နှစ်ပေါင်းများစွာ ညှဉ်းပန်း ခဲ့သည်။
 
ယွီဝမ်ရှင်းက အင်တာဗျူးအစီစဉ်မှာ ရှိနေသော်လည်း ရုတ်တရက် ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ပြီး သူ့အကြည့်မှာ တုန်လှုပ်မှု နှင့် နောင်တများ ဖြစ်တည်နေသည်။
 
ဆေးရုံအခန်းလေးအတွင်းမှာ ဟွာကျင်းကျင်းက တီဗီဖန်သားပြင်ကို မျက်တောင်မခတ် ငေးစိုက်ကြည့်နေသည်။
 
ထျန်းနင်က သူမအနားလမ်းလျှောက်သွားပြီး သူမကိုချော့မော့ရန် ဖက်ထားလိုက်သည်။
"အခုတော့ အမှန်တရား ပေါ်သွားပြီ။ ဘဝအသစ်ကို စတင်လို့ရပြီ"
 
မှားယွင်းစွပ်စွဲခံရသည့် ခံစားချက်အားလုံး သူမ၏ခန္ဓာကိုယ်ပေါ်မှ ပျောက်ကွယ်သွားသည်။  သူမ၏နှလုံးသားကို ပိတ်လှောင်ထားသည့် သောကမီးမှ လွတ်မြောက်သွား၍ ဟွာကျင်းကျင်း ရယ်လိုက်ငိုလိုက် ဖြစ်နေသည်။
"ငါ လွတ်မြောက်ပြီ"
 
"ဘာပဲဖြစ်ဖြစ် အခုအချိန်မှာ စိတ်ထိန်းပါဦး။ SuperQueen Awardပွဲမှာ ဘုရင်မ လုပ်ရဦးမယ်နော်။ ကျန်းမာရေးကို ဂရုစိုက်ပါ ကျင်းကျင်း"
 
ထျန်းနင်မှာ ထိပ်တန်းကြော်ငြာကို အရယူနိုင်ခဲ့သလို ယနေ့ အပျော်ကြီးပျော်နေခဲ့သည်။ အိမ်ပြန်ရောက်သည်နှင့် ညစာပြင်ဆင်ရင်း ဆွဲဆောင်မှုရှိစွာ ပြုံးရယ်နေမိသည်။
 
ညနေခင်းမှာ မို့ထင် အိမ်ပြန်လာပြီး မီးဖိုချောင်ထဲမှာ ထျန်းနင် ရှိနေမှန်း သတိထားမိသည်။
"နတ်သုဒ္ဓါ ဟင်းလျာတွေကို ပြင်ဆင်နေတာပဲ။ အချစ်က ဂုဏ်ပြုပွဲ ကျင်းပချင်လို့လား"
 
"ထင်...ဒီတစ်ခေါက် စီစဉ်ထားတာ ပီပြင်တယ်"
 
"အားလုံးက အမှန်တရားပဲလေ။ ဖန်တီးထားတဲ့ ဇာတ်လမ်းမဟုတ်ဘူး"
မို့ထင် ပြန်ဖြေလိုက်၏။
 
ထျန်းနင် မပြုံးခင် တအံ့တဩ ဖြစ်သွားသည်။
"ဒါဆို 'ထင်' က 'အချစ်'ကို ညာပြီး ဇာတ်ရှုပ်ကြီးကို အမှန်အတိုင်း ပေါ်အောင် လုံးပန်းနေတာပေါ့"
 
မို့ထင်က ထျန်းနင်ကို ချီလိုက်ပြီး မီဖိုချောင်အုတ်ခုံမှာ ထိုင်စေသည်။
"ကိုယ် အဲဒီလို မညာလိုက်ရင် ချစ်ဇနီးလေး ပင်ပန်းနေတာ ဘယ်နှရက်လောက် ကြာအောင် ကြည့်နေရမှာလဲ။ ပြီးတော့ ကိုယ့်ကို 'အချစ်'က လျစ်လျူရှုထားတယ် မဟုတ်ဘူး"
 
"အဲလို မဟုတ်ရပါဘူး 'ထင်' ရယ်"
 
"လူလိမ်မလေး"
 
မို့ထင်က ထျန်းနင်၏နှုတ်ခမ်းကို ဖွဖွလေး ကိုက်လိုက်သည်။
 
"ဒါဆို 'အချစ်'ကို ဘယ်လိုအပြစ်ပေးဖို့ ကြံရွယ်ထားလဲ"
 
ထျန်းနင်က သူမ၏လက်မောင်းကို ဆန့်လိုက်ပြီး မို့ထင်၏လည်တိုင်ကို ဖက်ထားလိုက်သည်။
 
ပြီးပါပြီ။

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now