အပိုင်း(၅၁၆)

54 7 0
                                    

အပိုင်း(၅၁၆)

ထျန်းအုပ်စု၏နှစ်စဉ်ကျင်းပသော ကုန်ပစ္စည်းပြပွဲ ပြီးဆုံးပြီနောက် ထျန်းအုပ်စု၏ ရေမွှေးအသစ်က အရောင်းရဆုံး စာရင်းဝင်ပြီး နာမည်ကျော်ခဲ့သည်။

ထျန်းနင်က ထျန်းအုပ်စု၏ အရှုပ်အထွေးများကို ရှင်းလင်းပြီးနောက် ရင်းနှီးမြုပ်နှံသူများ နှင့် ဖောက်သည်များက ကုမ္ပဏီကို ပို၍ ယုံကြည်လာသည်။ တစ်ပြိုင်နက်တည်းပင် ရှယ်ရာရှင်များကို သတိပေးစကား ပြောဆိုခဲ့ခြင်း ဖြစ်သည်။ ထျန်းမိသားစုက အရည်အချင်း ရှိကြောင်း သိသွားစေချင်သည်။

ထိုစဉ် ရှားယွီလင်း၏အတွင်းရေးမှူးက ရှုပ်ထွေးနေသော အခြေအနေကို အသုံးချပြီး လွတ်မြောက်ချင်နေသည်။

တကယ်တမ်း ဆွစ်ဇာလန်မှ ပြန်လာချိန်တည်းက ကြောက်လန့်‌သော အခြေအနေကို ရင်ဆိုင်နေရသည်။ သူတို့အစီအစဉ်က အောင်မြင်မည်ဟု တွေးထားသော်လည်း ထျန်းနင်က စီအီအို ရာထူးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

ထျန်းနင်က အလွန်အမင်း အရည်အချင်း ရှိမှန်း သိနေ၍ ထျန်းအုပ်စုတွင် ခပ်ကြာကြာ မနေရဲပေ။ ထျန်းနင် သတိမထားမိခင် ပေကျင်းမှ ထွက်ပြေးရန် စီစဉ်ထားသည်။

ကံဆိုးစွာဖြင့်် သူမ၏ လှုပ်ရှားမှုတိုင်းက မို့ထင်လက်မှ လွတ်မြောက်ရန် မစွမ်းနိုင်ပေ။ လေဆိပ်ကို ခြေချချချင်း မို့ထင်၏လူယုံတော်များက သူမကို ချက်ချင်း ဖမ်းချုပ်သွားသည်။

သူမကို ထျန်းအုပ်စု၏စီအီအို ရုံးခန်းသို့ ချက်ချင်း ခေါ်ဆောင်သွားသည်။ သူမက ထျန်းနင်ကို ကြည့်ပြီး အပြစ်ရှိသကဲ့သို့ ခံစားရ၍ ခြေလှမ်း အနည်းငယ် နောက်ဆုတ်မိသော်လည်း သူမ၏နောက်မှာ ရှိနေသော သက်တော်စောင့်များက သူမကို ဟန့်တားခဲ့သည်။

"နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ထျန်းနင်၊ နင့်လုပ်ရပ်က တရားဥပဒေကို ချိုးဖောက်နေတယ်"

"တရားဥပဒေကို ချိုးဖောက်တယ် ဟုတ်လား"
ထျန်းနင်က ခေါင်းမော့လိုက်ပြီး အတွင်းရေးမှူးကို အေးစက်စက်အကြည့်ဖြင့် ကြည့်သည်။
"နင်တို့တွေက ငါ့အမေကို ထောက်ချောက်ဆင်တုန်းက တရားဥပဒေကို သိခဲ့ရဲ့လား"

ဟန်ဆောင်ချစ်သူ (ထျန်းနင်) အတွဲ(၂)Where stories live. Discover now